Pages

Saturday, May 24, 2014

မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် -၆



မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် 
>>>အပိုင်း (၆)<<<<


۞   သုသိမ ရဟန္တာဖြစ်တယ်
********************
ဒီဥာဏ်နှစ်ဥာဏ် ရသွားတယ်။ ပထမတော့ သည်ဥာဏ်ပေါ့ဗျာ။ နောက်တော့ သည်ဥာဏ်မရာဘူးလား…(ရပါတယ်ဘုရား)။ မဂ်ဥာဏ်ရသွားတော့ ရဟန္တာ ဖြစ်တယ်… (မှန်ပါ)။

သုသိမဟာ သည်ဥာဏ်နဲ့ ရဟန္တာဖြစ်သွားတော့ စိတ်က ပြောင်းသွားတယ်။ တရားခိုးယူလိုစိတ်တွေ ဘာတွေဆိုတာ ရှိသေးရဲ့လား..(မရှိပါဘုရား)။

သည်တော့မှ ဘုရားက သုသိမ၊ မင်းဟာ အခု ဘယ်နှယ့်နေသတုံးဆိုတော့ “ ခိဏာသန္ဓေ ဝုသိတံ ဗြဟ္မစရိယံ ” ဆိုတာတွေ အဖြေရလာပြီပေါ့။

ပဋိသန္ဓေ နေမှုလည်း ကုန်ပါပြီ။ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်ဆိုတာလည်း လုပ်စရာမရှိတော့ပါဘူး။ သည်တော့… ဘုရား သူ့ပြန်မေးတယ်။ အခု ကောင်းကင် ပျံနိုင်ရဲ့လားလို့မေးတာပဲ…ဘုရားက…(မှန်ပါ)။ မေးစရာပဲနော်  ….(မှန်ပါ)။

   သုသိမ ရဟန္တာဖြစ်တယ်
********************
 ကဲကွာ ….မင်းကောင်းကင်ပျံနိုင်ရဲ့လား။ မြေလျှိုးနိုင်ရဲ့လား၊ ဒိဗ္ဓစက္ကု၊ ဒိဗ္ဗသောတ ကောရရဲ့လား။ သည်ပြင် တန်ခိုး ဏ္ဍဒ္ဓိပါဒါတွေကော ဖန်ဆင်းနိုင်ရဲ့လား စသည်တွေ မေးတာပေါ့…(မှန်ပါ)။

မလုပ်နိုင်ဘူး ဖြေတာပဲ။ မလုပ်နိုင်တာ မင်းသိပြီလား ဆိုတော့…သိပါပြီဘုရားလို့ ဖြေတယ်။ ရှေ့က ဝိပဿနာဥာဏ် အားထုတ်တယ်။ နောက် မဂ်ဥာဏ်နဲ့ တပည့်တော် ကူးခဲ့တယ်။ ဒါကြောင့် ကိစ္စပြီးသွားတယ်။

ပြီးတော့ ဆက်ပြီးမေးတယ်၊ ဇရာ မရဏဆိုတာ ဘယ်သူ့ ကြောင့်ဖြစ်တာတုန်း…စသည်နဲ့ ပဋိစ္စသမုပ္ပါဒ် နောက်ဆုတ်မေးတယ်…(မှန်ပါ)။

သင်္ခါရ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ အဝိဇ္ဇာကြောင့် ဖြစ်ပါတယ်။ အဝိဇ္ဇာ ဘယ်သူ့ကြောင့် ဖြစ်သတုန်း…စသည်နဲ့ မေးတော့၊ ပဋိစ္စသုမပ္ပါဒ် အကြောင်း အကျိုးသဘောကို သူနားမလည်ဘူးလား….(နားလည်ပါပြီဘုရား)။

ကောင်းကောင်း နားလည်သွားတော့ သုသိမသည်ကားလို့ ဆိုရင်…သင်လို့တတ်တာလား၊ သည်ဥာဏ်တွေ ဝင်လာလို့ တတ်တာလား…(သည်ဥာဏ် တွေ ဝင်လာလို့ တတ်တာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့  ရဟန္တာဟာ  ကိုယ်သိတဲ့ ဥစ္စာတော့ သိသွားပြီ။ သို့သော် စာမသင်ယူသေးရင် အခြား ဗဟုသုတတွေ မတတ်သေးဘူးလို့ မှတ်ထားရမယ်…..(မှန်လှပါဘုရား)။

ကိုယ်ဖြစ်တဲ့ လမ်းကတော့ ကိုယ်သိတယ်၊ သဘောကျပြီလား….(သဘောကျပါပြီဘုရား) ။

*****************************************************************
ရဟန္တာဖြစ်သွားလို့၊ ပိဋကတ် သုံးပုံဆောင်တော့ ဖြစ်လိမ့်မယ်လို့ အောင့်မေ့မနေနဲ့၊ အဲဒါက တခြား၊ သူ့ပါရမီနဲ့သူ ..{ ကိုထွန်းဦး } လာတာနော်..(မှန်ပါ)။
*******************************************************************

စင်စစ်ကတော့ဖြင့် သူတက်လာခဲ့တဲ့ လမ်းပဲ သူအကုန်သိတယ်…(မှန်ပါ)။ သို့သော် အာသဝေါကုန်တဲ့ နည်းလမ်းတွေ သူတို့မှာ အသိဥာဏ်ရှိတယ်။ မရှိပေဘူးလား….(ရှိပါတယ်ဘုရား)။

>>>>>>အပိုင်း(၇) ဆက်ပါမည်<<<<<<
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ…
အဓိပတိ (မြန်မာ)

No comments:

Post a Comment