မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ်
ဥပမာပြ တရားတော်
>>>အပိုင်း
(၃)<<<<
۞ရဟန္တာဖြစ်ရင် ကောင်းကင်ပျံနိုင်သလား
******************************
နို့ ရဟန်းန္တာဖြစ်ရင်
အရှင်ဘုရားတို့ …ကောင်းကင် ပျံ မြေလျှိုးနိုင်ရဲ့လား။
မေးပြန်တာပဲ သူက..(မှန်ပါ)။ ကောင်းကင်ပျံ မြေလျှိုးနိုင်ရဲ့လား၊ သူတစ်ပါးပြောတာတွေ
သိရဲ့လား။
မြောက်ကျွန်းက
ပြောနေတဲ့စကားကို အရှင်ဘုရားတို့ တောင်ကျွန်းက နားထောင်နိုင်ရဲ့လား။ သည်ပုဂ္ဂိုလ် ဘယ်ဘဝက
လာတယ်လို့ရော သိပါရဲ့လား။ စသည်ဖြင့်ပေါ့ဗျာ၊ အဘိညာဉ်စခန်းတွေ လျှောက်မေးနေတယ်….(မှန်ပါ)။
အဘိညာဉ်စခန်းတွေ
လျှောက်မေးတော့ ဟိုရဟန်းတွေက “ ပညာ ဝိမုတ္တောခေါမယံ သုသိမ “ လို့..ဖြေကြတယ်..(မှန်ပါ)။
သုသိမ ငါတို့က
ဝိပဿနာနဲ့ ရဟန္တာဖြစ်လာတာပါကွာ၊ ဈာန်လမ်းစဉ် မဟုတ်ဘူးကွတဲ့၊ ဈာန်သမာဓိလမ်းက မဟုတ်ဘူးတဲ့ < ဒကာ ဒကာမတို့ > ..(မှန်ပါ)။ <ဦးဘကြည်> ..ဒါကို အဓိကထား ဖြေတယ်နော်..(မှန်ပါ)။
۞ပညာနဲ့လွတ်လာကြတာ
*******************
သုသိမ.. သုသိမ ရဟန်း..၊ မယံ…ငါတို့သည် ၊ ပညာ ဝိမုတ္တော..ပညာနဲ့
ကိလေသာမှ လွတ်လကြကုန်၏တဲ့။ ပညာနဲ့ လွတ်လာကြကုန်၏တဲ့..သမာဓိနဲ့ လွတ်လာကြတာ မဟုတ်ဘူးတဲ့
… (မှန်ပါ)။
သမာဓိလမ်းက လွတ်မှ၊ ဈာန်အဘိညာဉ် ရမှာကိုးဗျ..(မှန်ပါ)။
သူတို့က ဝိပဿနာ လမ်းက ကိလေသာမှ လွတ်လာကြတာ၊ ရိပ်မိပြီလား..(ရိပ်မိပါပြီဘုရား)။
အဲသည့်ကဲ့သို့ဖြေလိုက်တော့ သူက နဂိုကလည်း ဝါသနာထုံဖူးတာ
မဟုတ်၊ သည်အသံတွေလည်း ကြားဖူးတာ မဟုတ်တော့..<ကိုထွန်းဦး>..သူ နားလည်နိုင်ပါ့မလား…(နားမလည်ပါဘုရား)။
မလည်ဘူး၊ သည်တော့ သူက ဆက်မေးတယ်၊ နေစမ်းပါအုံး အရှင်ဘုရားတို့….ကောင်းကင်လည်း
မပျံနိုင်ဘူး၊ သတစ်ပါး ပြောသံတွေလည်း မကြားနိုင်ဘူး၊ ရဟန္တာတော့ ဖြစ်တယ်ဆိုတာ ရှင်းစမ်းပါဦး…
(မှန်လှပါဘုရား)။
မကျေနပ်လို့ ပြန်ရှင်းစမ်းပါအုံးတဲ့၊ ကိုယ်တော်တွေကသိတယ်။ ဒို့ဖြေပေမယ့် သူနားလည်မှ မဟုတ်ဘူး…(မှန်ပါ)။
မင်းနားလည်ချင်နေ၊ မလည်ချင်နေ၊ ဒို့ပညာနဲ့ ကိလေသာမှ လွတ်လာတာတဲ့….
(မှန်ပါ) ဒကာ ဒကာမတို့ ရိပ်မိပြီလား… (ရိပ်မိပါပြီဘုရား)။
۞ဝိပဿနာ
ရှုတဲ့ ပညာ
*****************
အဲသည်တော့ ခင်ဗျားတို့ ဝိပဿနာရှုနေတဲ့
ပညာဟာ အရေးအကြီးဆုံးပဲ၊ ရှင်းပြီလား… (ရှင်းပါပြီ ဘုရား)။ ဝိပဿနာရှုတဲ့ ပညာဟာ ရှေ့ပိုင်းမှာ
အရေးကြီးတယ်၊ သဘောကျပြီလား… (သဘောကျပါပြီဘုရား)။
ပညာနဲ့ ကိလေသာမှ လွတ်လာတာလို့ ဖြေလိုက်တယ်…(မှန်ပါ)။
ကျယ်ကျယ်ဖြေနေလို့လည်း နားလည်မှာ မဟုတ်ဘူး၊ တိတ္ထိဘက်က ကူးလာတာကိုးဗျ..(မှန်ပါ)။
အခြေခံက ဘာမှ မပါဘူး ဆိုကြပါစို့ဗျာ…(မှန်ပါ)။
ဒါနဲ့ မကျေနပ်ဘူး သူကလည်း တရားခိုးဖို့ စိတ်ကူးနေတာကိုးဗျ…(မှန်ပါ)။
ခိုးဖို့ စိတ်ကူးနေတာ အဓိပ္ပါယ်ကလည်း
မပေါ်လာ… အဲသည်လိုဖြစ်ပြီး သကာလနေတော….မဖြစ်ပါဘူး၊ သည်ကိုယ်တော်တွေနဲ့တော့ ဘုရားဆီ သွားပြီးမေးတာ
အေးပါတယ်၊ ဘုရားဆီ သွားပြန်ရော။
>>>>>>အပိုင်း(၄)
ဆက်ပါမည်<<<<<<
သတ္တဝါမှန်သရွေ့
တရားတွေ့ ချမ်းမြေ့ကြပါစေ…
အဓိပတိ (မြန်မာ)

No comments:
Post a Comment