Pages

Wednesday, September 25, 2013

ဗုဒ္ဓဓမ္မ-၀၀၀၀၅



ဗုဒ္ဓဓမ္မ-၀၀၀၀၄


ကမ္ဘာတည်သရွေ့ Android Application

ကမ္ဘာတည်သရွေ့ မြန်မာပြည် မြန်မာလူမျိုးနဲ့ ဗုဒ္ဓသာသနာတည်ပါစေသော် Page အတွက် ကျွန်တော် Android Application လုပ်ထားပါတယ်။ သည် Application ကို ထည့်သွင်းထားခြင်းအားဖြင့် မိတ်ဆွေ အပေါင်းအသင်း သွေးချင်းများအနေနဲ့ သည်မှာတင်သမျှ ပိုစ်တွေကို မိမိတို့ Mobile Phone ထဲမှာ အသစ်တင်တိုင်း အင်တာနက်ချိတ်ဆက်မိတိုင်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့ မိတ်ဆွေများအနေနဲ့ အောက်ဖေါ်ပြပါ လင့်များကနေ Download လုပ်နိုင်ကြပါတယ်..

Drop Box မှ ဒေါင်းရန် ===>



Uploading.com မှဒေါင်းရန် ===>


လေးစားစွာဖြင့်

အဓိပတိ

Monday, September 23, 2013

ဗုဒ္ဓသာသနာ့ အဓိပတိ မြန်မာပြည်

ဗြဟ္မစိုရ်တရားလေးပါးနဲ့ ဗုဒ္ဓသာသနာ့ အဓိပတိ မြန်မာပြည်…..
 


တိုင်းရင်းသားလူမျိုးစုံစည်းစွာနဲ့ ရုန်းကန်လှုပ်ရှား စုစည်း ဖွဲ့တည်ထားတဲ့ မြန်မာပြည်မှာ၊ သူတစ်လူ ငါတစ်မင်း ကိုယ်ပိုင်ဟန်နဲ့ စရိုက်တွေခင်းကျင်းနေတာတွေကို မြန်မာ့ အစဉ်အဆက် ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ ပြည်သူတွေ အသက်တွေ၊ အသွေးတွေ၊ အရိုးတွေ၊ အသားတွေနဲ့ စတေးခံပြီး ရင်းနှီးမြှုပ်နှံပြီးမှ ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

သည်လို စုစည်းရပ်တည်လာခဲ့ခြင်းရဲ့ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခများနဲ့ အောင်မြင်မှုများရဲ့ စွမ်းအားနဲ့ အတူ နဂို လက်နက်နိုင်ငံအဖြစ်သာအာရုံပြု စစ်သွေးစစ်မာန်ဝင့်ချီတဲ့ ကြမ်းကြုပ်လှတဲ့ မျိုးဆက်မှသည် ကံအားလျော်စွာ ကမ္ဘာလူသား အားလုံးတို့ ၏ အထွဋ်အထိပ် အဆုံးအမ ဂေါတမ ဗုဒ္ဓ္ဒရဲ့ ထေရဝါဒ လမ်းစဉ်ကို အနစ်နာခံ၊ သနား ဂရုဏာ တရားရှေးရှုတဲ့ သံဃာတော် အရှင် သူမြတ်တွေရဲ့ ကျေးဇူးနဲ့ စောင့်ထိန်း လိုက်နာ ရှာဖွေ ငြိမ်းအေးမှုကို ရရှိခဲ့ပါတယ်။

ဗုဒ္ဓရဲ့ အဆုံးအမ အရိပ်အာဝါသနဲ့အတူ မတူသော မျိုးနွယ်စုတွေရဲ့ ပဋိပက္ခများ ရပ်စဲပြီး၊ စစ်ဒါဏ်များ ချုပ်ငြိမ်းကာ ပျူ၊ တကောင်း၊ ပုဂံ၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ ဟံသာဝတီ အစရှိတဲ့ ခိုင်မာတောင့်တင်းတဲ့ မြန်မာ နိုင်ငံမင်းဆက်များဖြင့် ကမ္ဘာ့လူဦးရေ အင်အားအကြီးဆုံး နှစ်နိုင်ငံကြားမှာ ခိုင်မာစွာ ခေါင်းမော့ ရင်ကော့ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ ရပ် တည်နိုင်ခဲ့တဲ့ အကြောင်းတရားကတော့ “ တရားလည်းသိတယ်၊ ဓါးလည်းရှိတယ် “ ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ အပြောမဟုတ် လက်တွေ့သရုပ်နဲ့ ရဲရဲရင်ဆိုင် လက်ကိုင်ကျင့်သုံးခဲ့နိုင်ခြင်းခဲ့ကြခြင်းက အဓိကအကြောင်းတရားဖြစ်ခဲ့ပါတယ်။

ကမ္ဘာစတည်စဉ်အချိန်မှသည် ဗုဒ္ဒဘာသာဝင်အများစု ရှိခဲ့တဲ့ ဒေသများ၊ မိလိန္ဒမင်းကြီး အုပ်စိုး ပေါ်ထွန်းခဲ့တဲ့ဒေသများ၊ အစရှိတဲ့ဒေသတွေ ဘယ်အကြောင်းကြောင့် ပျိုကွဲပျက်စီးခဲ့လေသနည်း၊ အနိဌာရုံများနဲ့ ရုန်းကန်လှုပ်ရှားနေခဲ့ရပါသလဲဆိုပါက၊ အတိတ် ဒေသခံတွေရဲ့ ကာကွယ်မှု အားနည်းချင်းနဲ့အတူ၊ လူတစ်ဦးချင်းစီရဲ့ အသိအမြင် လေ့လာနိုင်စွမ်းချွတ်ခြုံကျခြင်း၊ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး အမိုက်မှောင်ဆုံး ကိလေသာ ရမ္မာက်ရဲ့ ဖျားယောင်းဆွဲစောင်မှုနောက် ကောက်ကောက်ပါအောင် လိုက်မိခဲ့ကြခြင်းကြာင့်သာ တရားခံအစစ် ဖြစ်ပါတယ်လို့ သုံးသပ်နိုင်ပါတယ်။ မြတ်ဗုဒ္ဒရဲ့ အဆုံးအမရ ကိလေသာ အမိုက်မှောင်ကို ကြောက်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ညွှန်ပြထားခဲ့တဲ့အပေါ်မှာ ယေဘုယျအားဖြင့် လက်ခံဖို့ ခဲယဉ်းတဲ့ ပုထုဇဉ်လူသားအများစုဟာ ကာမတဏှာရဲ့ ဖြားယောင်းမှုကို အာသာငမ်းငမ်း တက်မက်မောမိကြမှာ အမှန်ပါဘဲ။

ယနေ့အထိလည်း လူသားပုထုဇဉ်တို့ သတ်မှတ်ပြဌာန်း၊ တိုင်ပင် ဆွေးနွေးနှီးနှောထားတဲ့ အခြေခံအချက်တွေဟာ ဗုဒ္ဒရဲ့ အဆုံးအမကို မည်သို့နည်းနဲ့မျှ မှီနိုင်လိမ့်မယ် မဟုတ်ပါဘူး။

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဆိုရှယ်လစ် လူ့ဘောင်တည်ဆောက်ရေး၊ သာတူညီမျှ ကွန်မြူနစ်စနစ် ထွန်းကားရေး အစရှိသဖြင့် မြောက်များစွာသော အရေးတွေဟာ အခုလည်း ပြည့်စုံအုံးမှာ မဟုတ်သလို၊ နောင်လည်း ထပ်ထွက်လာကြအုံးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ လူသားတွေ သတ်မှတ်ထားတဲ့ စံညွှန်းတွေ ဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့မှ ပြည့်စုံ လုံလောက်နိုင်လိမ့်မယ်မဟုတ်ပဲ၊ ရှင်းလေ၊ ရှုပ်လေ ဖြစ်တဲ့ သပွတ်အူနယ် သပွတ်အူသာ ပျောက်သွားမယ် အဖြေကတော့ ထွက်မယ့် ပုစ္ဆာတစ်ခု မဟုတ်လို့သာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့တကွ ထေရဝါဒ ကျင့်သုံးတဲ့ နိုင်ငံများမှာ လူနေမှုစရိုက်၊ နေထိုင်စားသောက်မှု အခြေအနေ စတဲ့ လူမှုပါတ်ဝန်းကျင်ကို ပုံဖေါ်ပေးထားတာက နဂိုကတည်းက အနှိုင်းမဲ့ အတုမရှိ ဗုဒ္ဒမြတ်စွာဘုရားရဲ့ အငြင်းပွါးဖွယ်ရာမရှိသော အဆုံးအမတွေနဲ့ လူတစ်ဦးချင်းစီအတွက် စစ်မှန်သော ငြိမ်းအေးမှုကို ရှာဖွေနိုင်၊ တွေ့ရှိနိုင်ခဲ့ကြပါတယ်။

သို့သော်လည်းပဲ ကာမတဏှာအတွက် တီထွင်ဖန်တီးလာတဲ့ များပြားလှတဲ့ နည်းပညာတွေရဲ့ တိုးတက်မှု လှည့်ကွက်ထဲမှာ ပုထုဇဉ်အများစုဟာ အလှည့်စားခံ အငိုက်မိပြီး၊ မိမိတို့ဒေသကို မချင့်မရဲဖြစ်၊ နိမ့်ကျမှုဟု ရှုမြင်ကြခြင်းနဲ့တူ လောကဓံဆိုတဲ့ စကားလုံးကို မေ့လျော့ကာ ` အပေါ်ယံရွှေမှုံကြဲ၊ အတွင်းက နွားချီးနဲ့ သလဲ` ဆိုတဲ့ အပေါ်ယံ ဖုန်းကွယ်မှုတွေကို အားကျပြီး သူတစ်ပါး ကုသိုလ်ကံကို အားကျ အတုယူ အတုခိုးရာကနေ၊ လောဘနောက်လိုက် မကြံသင့်ရာ ကြံ၊ မပြောသင့်ရာပြော၊ မလုပ်သင့်ရာလုပ်နဲ့ လောကရဲ့ အဓိက ပင်မ ဒေါက်တိုင်ဖြစ်တဲ့ ဟီရိ၊ သြတပ္ပ အခြေခံတရားနှစ်ပါး ဖေါက်ပြားကာ ဒုက္ခနွံထဲ တစ်ဝဲလည်ပြီးရင်း လည်ကာ နစ်မြုပ်ရုန်းကန်နေကြရပါတော့တယ်။

ဆင်းရဲလှတဲ့သူ၊ ဒုက္ခ ပလဗွေများတဲ့ ပုထုဇဉ်လူသားတွေဟာ ရေနစ်သူ အားကိုးရာ ကောက်ရိုးမျှင်တခုပမာ ရလို ရငြား ရှာကြတဲ့အခါမှာတော့၊ အမြတ်ဆုံး အမှန်ဆုံး၊ အထွဋ်အထိပ်၊ အလေးနက်ဆုံး ဗုဒ္ဒအဆုံးအမကို အသိတရားမရကြပဲ၊ သူလို ငါလို လူသားများ ပြဌာန်း တိုင်ပင် ဆွေးနွေး ငြှိနှိုင်းထားတဲ့ ထောက်စရာ အပြစ်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ ယနေ့အထိလည်း ဘယ်ဒေသမှာမှ ငြိမ်းချမ်းမှု အစစ်အမှန် မပေးနိုင်သေးတဲ့ စကားလုံးတွေ၊ ဝေါဟာရတွေနဲ့ လူအချင်းချင်း ပြန်လှည့်တတ်တဲ့ လူလည်တွေရဲ့ အသုံးချခံအဖြစ် တစ်ကောက်ကောက် ပါအောင် လိုက်မိရင် ဆိုးပြီးရင်း ဆိုး၊ ဒုက္ခပူတွေ ပိုပြီးရင်း ပိုကြရပါတော့တယ်။

မြတ်ဗုဒ္ဒရဲ့ အဆုံးအမမှာ လောက လူသားတို့ နေထိုင်ရေးအတွက် အဓိကကျတဲ့…ဗြဟ္မစိုရ်တရား လေးပါး ဆိုတဲ့ အဆုံးအမ ပေတံဖြင့် လောကီ လူသားများရဲ့ နေထိုင်မှု ပုံစံကို တိုင်းတာခြင်းသည် အပြစ်ကင်းသော၊ ငြိမ်းချမ်းသော၊ ပြည့်စုံသော အသက်ရှင်သန်ခြင်းဖြင့်သာ အဓိပ္ပါယ်ရှိသော လူ့ဘဝ သံသရာခရီးကို ဖြတ်သန်းနိုင်ကြမည် ဖြစ်ပါတယ်။

ဗြဟ္မစိုရ်တရားဆိုတဲ့ အဆုံးအမတွေမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ အောက်ဖေါ်ပြပါ တရားလေးပါးကို အကျဉ်းချုံးအား ဖြင့် လိုက်နာကျင့်သုံးဖွယ်ရာ ညွှန်ပြထားတာကို တွေ့နိုင်ပါတယ်-
 

(၁)  မေတ္တာတရား
• မေတ္တာဆိုသည်မှာ သူများလည်း မိမိလို ချမ်းသာချင်ကြပေလိမ့်မည်ဟု ကိုယ်ချင်းစာပြီး သူတစ်ပါးတို့ကို ချမ်းသာစေလိုသည့်သဘောဖြစ်သည်။
 

(၂) ကရုဏာတရား
• ကရုဏာတရားဆိုသည်မှာ သူတပါးဒုက္ခလွတ်အောင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် ကူညီဖြေရှင်းဆုတောင်းပေးခြင်း သဘောဖြစ်သည်။
 

(၃)  မုဒိတာတရား
• မုဒိတာဆိုသည်မှာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက်ပြည့်စုံသည့် ချမ်းသာသည့်လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေဟု ၀မ်းမြောက်ကြည်သာစွာနဲ့ နှလုံးသွင်းနိုင်သည့် သဘောဖြစ်သည်။
 

(၄) ဥပေက္ခာတရား
• ဥပေက္ခာဆိုသည်မှာ သတ္တ၀ါတိုင်း ကိုယ်တိုင်ပြုလုပ်ထားသည့် ကံအားလျော်စွာ ဖြစ်နေကြရတာပဲဟု ဘက်မလိုက်ဘဲ မျှမျှတတ နှလုံးသွင်းသည့်သဘောဖြစ်သည်။

လောကဓံမှာ ကြုံတွေ့နေရတဲ့ ကျဆုံးခြင်း၊ အောင်မြင်ခြင်း၊ မငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်းတွေဟာ အထက်ဖေါ်ပြပါ တရားများကို မလိုက်နာနိုင်မိလို့ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အထက်ဖေါ်ပြပါ တရားလေးပါးမှာ လူတစ်ဦးချင်း စောင့်ထိန်းရမယ့် သီလ ဆိုတာ ထည့်သွင်းခြင်း မရှိသေးပါဘူး။ လက်ရှိ မိမိနေထိုင်ရာ ပါတ်ဝန်းကျင်မှာ လက်ရှိနေထိုင်မှု ပုံစံကို အထက်ပါ တရားလေးပါးနဲ့အညီ ကျင့်သုံးနိုင်ခြင်းသည်ပင်လျှင် လောကငြိမ်းချမ်းရေးအတွက် အတော်ပင် ခရီးရောက်နေပြီ ဖြစ်ပါတယ်။

၎င်းတို့အထက်တွင်မှာ မိမိတို့ တစ်ဦးချင်းကိုယ့်အကျိုးအတွက် သီလ တည်းဟူသော၊ မြတ်စွာဘုရားရှင် ကျင့်သုံးစေလိုသော အဆုံးအမကို လိုက်နာနိုင်ခြင်းသည် သာ၍ ယခုဘဝနှင့် အနာဂါတ်အတွက် ကောင်းကျိုးများစေလိမ့်မယ် ဖြစ်ပါတယ်။

ဗုဒ္ဒဘာသာဝင်အပေါင်း၊ ကောင်းကျိုး ကိုယ်၌တည်အောင် ကျိုးစားနိုင်ပါစေ…….

လောက်၌ အထွဋ်အထိပ် အမှန်ဆုံးတရား၊ မြန်မာပြည်တွင် ကိန်းအောင်းနေသည်ကို သိရှိပြီး အလယ်အလတ်လမ်းစဉ်ဖြင့် လူ့လောကမှ လူသားတို့ဥာဏ်တစ်ထွာ တစ်မိုက်ဖြင့် ထုတ်ပြန်ထားသော စည်းမျဉ်းများကို ပညာဥာဏ် ရှေ့ဆောင်ပြီး ချိန်ထိုးနိုင်ပါစေ….

ဤအမြတ်ဆုံးသော၊ အနှိုင်းမဲ့ တန်ဘိုးရှိလှသော အဆုံးအမများကို ကမ္ဘာတည်သရွေ့ မြန်မာပြည်၊ မြန်မာလူမျိုးတို့နှင့်အတူ ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲအောင် ဦးခေါင်းပင် ပြတ်ပါစေဟူသော ကာကွယ်စောင့်ရှောက်မည် ဟူသော သံန္ဒိဌာန်စိတ်ထား နှလုံးသားဝယ် ကိန်းဝပ်နိုင်အောင် ကိုယ်တိုင် ကျင့်ကြံ ကျိုးစား၍ ကာကွယ်နိုင်ကြပါစေဟူသော

ရည်ရွယ်ချက်များဖြင့် ရေးသားလိုက်ရပေသည်…..

ဗုဒ္ဓသာသနံ စိရံ တိဌတု၊ ဗုဒ္ဓသာသနံ စိရံ တိဌတု၊ ဗုဒ္ဓသာသနံ စိရံ တိဌတု၊

အဓိပတိ ( ၃၁- မေလ- ၂၀၁၃)