Pages
Tuesday, December 12, 2023
ဆီဇာ
++++ 
ရောမစစ်သူကြီး ဂျူးလီးယက်ဆီဇာကို ခင်ဗျားတို့ ကြားဖူးကြတယ်မဟုတ်လား။ ဂျူးလီးယက် ဆီဇာဟာ သူ့ရဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုကို ကြီးထွားစေဖို့ရယ်၊ ရောမ အင်ပာယာ သည့်ထက် ခိုင်ခံတည်မြဲစေဖို့အတွက် ဂေါ့သ် တွေရှိတဲ့ နယ်မြေကို အပြီးတိုင်သိမ်းဖို့ တပ်မ လေးခုနဲ့ စစ်ဆင်ရေးထွက်ခဲ့တာ၊ (၈) နှစ်ကြာခဲ့တယ်။ အဲ့သည့် စစ်ဆင်ရေးကို Gallic War လို့ သမိုင်းပညာရှင်တွေ မှတ်တမ်းတင်ထားကြတယ်။ စစ်ပွဲကို နိုင်အောင်တိုက်ပြီး၊ နယ်မြေတွေကို သိမ်းယူနှိုင်ခဲ့တဲ့အပြင်၊ ဂေါ့သ် လူမျိုးစုအကြီးအကဲကို အပြီးသတ်လက်နက်ချလာအောင် အညွန့်ချိုးနှိုင်ခဲ့တဲ့အတွက်၊ ရောမမြို့တော်နဲ့ ရောမသားတွေအကြားမှာ သိပ်ကို ဘုန်းကံကြီးမားသွားတယ်။သည်အခါ ရောမ ဧကရာဇ်ဖြစ်တဲ့ ပွန်ပီနဲ့ လွှတ်တော်အမတ် သူကောင်းမျိုးနွယ် နိုင်ငံရေးသြဇာကြီးမားသူတွေဟာ၊ စစ်ဘုရင်တစ်ပါးအဖြစ်နဲ့သာမက၊ ရောမ နိုင်ငံရေး သြဇာထိန်းချုပ်မှုအပေါ်မှာပါ သက်ရောက်လာမယ့် အင်အားကို တွက်ဆပြီး၊ ဂျူးလီးယက်ဆီဇာ အရှိန်အဝါလျော့ပါးသွားစေရေးအတွက် နိုင်ငံရေးအရ နည်းပေါင်းစုံ သုံးကြတော့တယ်။ ခင်ဗျားတို့ တိုင်းပြည်က လောက်ကိုင် အရေးအခင်းက ဖေ့ဘုတ်စ်တခွင်မှာ ပြဲပြဲစင်ခဲ့တဲ့ နေဝန်းနီ ပရိုဖိုင်းတွေနဲ့ ကာလကို အမှတ်ရတယ်ဆိုရင်၊ အဲ့သည့်အချိန်ကတည်းက၊ မြန်မာ့တပ်မတော်ရဲ့ သြဇာသက်ရောက်မှု ကြီးမားမှုကို ဖြိုချမှရမယ်ဆိုတဲ့ တွက်ကိန်းတစ်ခု တစ်ဘက်ရန်သူအတွက် ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်ဆိုတာကို ကြုံတုန်းပြန်အမှတ်ရနှိုင်ဖို့ ရေးလိုက်တယ်။ သည်လိုနဲ့. တပ်မ (၁၁) ခုလောက်အထိ အင်အားကြီးမားနေပြီ ဖြစ်တဲ့ ဆီဇာဟာလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ပွန်ပေရဲ့ ညွှန်ကြားချက်တွေအရဆိုရင်၊ တပ်တွေကို အနားပေးပြီး၊ သာမာန်ဘဝပေးနဲ့ ထိုင်နေရမယ့် အရေးသာဖြစ်တယ်ဆိုတာ တွေးမိတဲ့အတွက်၊ ရည်ရွယ်ချက်ကြီးမားပြီး၊ တိုင်းပြည်ရဲ့ ယန္တရားကို ပြောင်းလဲခြင်းတစ်ခုနဲ့ ဖေါ်ဆောင်မယ့် အရွေ့ကို အားထည့်ထားတဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းနှလုံးသားရှိတဲ့သူ ဖြစ်တဲ့အတွက်၊ တပ်တွေရှိမှ သည်တိုင်းပြည်ကို ပြောင်းလဲလို့ရမယ်လို့ ခံယူချက်ထားခဲ့တယ်။ စစ်ပွဲတွေလည်း ပြီး၊ ရန်သူကိုလည်း အောင်နိုင်၊ တိုင်းပြည်ကိုလည်း ငြိမ်းချမ်းသာယာစေခဲ့တဲ့ စစ်ခေါင်းဆောင် တစ်ဦးအနေနဲ့ သူ့တပ်တွေ တိုက်လိုခိုက်လိုစိတ် ကျဆင်းပြီး၊ တပ်ဖျက်လိုက်ရမှာကို မလိုလားခဲ့တဲ့အတွက်၊ နိုင်ငံရေးသမားတွေရဲ့ အကောက်ကြံမှုကို သိပေမယ့်၊ ချက်ခြင်းမတုန့်ပြန်ပဲ တပ်ကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ပြီး ရောမမြို့တော်သို့ ဦးမတည်ပဲ၊ စစ်သည်တွေရဲ့ တိုက်လိုခိုက်လိုစိတ်အရှိန်တက်လာမယ့် နေ့ကို စောင့်နေခဲ့တယ်။ သည်လိုနဲ့ တပ်မ (၁၁) ခုလောက်နဲ့ သြဇာကြီးမားလာတဲ့ ဆီဇာရဲ့ အရှိန်ကို လန့်ပြီး၊ လွှတ်တော်အမတ်တွေက တိုင်းပြည်သစ္စာဖေါက်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့ရာကနေ၊ ရေမြေခြားမှာ အသက်နဲ့ ခန္ဒာကို စတေးပြီးသည်လောက် စွန့်လွှတ်ထားပါရဲ့သားနဲ့၊ ကျည်လွတ်မြေမှာ အခွင့်ထူးခံစားပြီး၊ သြဇာတည်ဆောက်နေကြတဲ့ နိုင်ငံရေးသမားတွေကို သုတ်သင်ဖို့ရာမှ တပါ်းအခြားမရှိဆိုတဲ့ အချက်ကို ချပြပြီး၊ သူ့စစ်သည်တော်တွေရဲ့ အောင်စိတ်နိုးထလာတဲ့ တစ်ချိန်တည်းမှာပဲ အင်ပါယာကို ချဲ့ထွင်ပြီး၊ ပြောင်းလဲမှုကို စတင်ခဲ့တာ၊ ခင်ဗျားတို့ ယခုသိနေကြတဲ့၊ ဇူလိုင်လ ဆိုတာ၊ ဂျူးလီးယက်ဇီဇာ.သူ့ကိုယ်တိုင်ကို ဂုဏ်ပြုအမှတ်ရစေဖို့.ရောမလွှတ်တော်မှာ ပြန်တမ်းထုတ်ပြီး သတ်မှတ်ခဲ့တဲ့ နေ့ပါဆိုတာလေးကို အသိပေးရင်၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်းနဲ့ ပေါ်လာတဲ့ အောက်နိုင်လိုတဲ့ စိတ်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး တိုင်းပြည်ကောင်းစားရေးဆောင်ရွက်ခဲ့လေသော တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အကြောင်း ပြန်လည်မျှဝေရေးသားရင်း နိဂုံးချုပ်လိုက်တယ်။
ကျောသား၊ ရင်သား ဆိုသည်ဝယ်
+++++++++++++++++++++++
မင်းတုန်းမင်းလက်ထက်က သတိုးမင်းကြီးမဟာဘေဗြတ်ဇဘွဲခံ သူရဲဝန်ဦးရွှေလုံးဆိုတာရှိတယ် ၊ ကျောက်ဆည်နယ် မှာ သူခိုးဓားပြတွေ သောင်းကျန်းတော့ မင်းတုန်းမင်းတရားကြီးက ဦးလုံးကိုတာဝန်ပေးတယ် ၊ ဦးလုံးက မင်းတုန်းမင်းငယ်စဉ်က ရေနစ်တုန်းက ကယ်ခဲ့သူလဲဖြစ်သလို ၊ မြင်းကွန်းမြင်းခုန်တိုင် အရေးခင်းတုန်းကလဲ မားမားမတ်မတ် ရပ်တည်ခဲ့သူလဲ ဖြစ်တယ် ၊ သူရဲဝန်ဆိုတာ သေနတ်ကိုင်အစုကို ကွပ်ကဲရသူဖြစ်တယ် ဒီခေတ်လိုဆို အထူးတပ်ဖွဲ့တွေရဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ရာထူးမျိုးပဲ ...
ဦးလုံးဟာကျောက်ဆည်ကို ကွပ်ကဲဖို့ သွားရာမှာ ညနေပိုင်းရောက်သွားတယ် ၊ ရောက်ရောက်ခြင်းပဲ ခရမ်းသီးခိုးတဲ့ အမှုလာတိုင်တယ် ၊ ခိုးတဲ့သူကို ချက်ခြင်းဖော်ထုတ်ပြီး သေဒါဏ်ပေးလိုက်တယ် ၊ ဓါးပြတွေမိတယ် သတ်ပြီး ကားစင်တင်ပြထားတယ် ၊ တစ်လအတွင်း ကျောက်ဆည်တစ်နယ်လုံးငြိမ်သက်သွားပြီး ခြံစည်ရိုး တံခါးမလိုဘူး ဖြစ်သွားတယ် ၊ ဒါပေမဲ့ တိုင်စာတွေ တစ်ထပ်ကြီး မင်းတုန်းမင်းဆီရောက်နေပြီ ၊ မင်းတုန်းမင်းဆီအခစားဝင်တော့ မောင်လုံးမင်းကို ငြိမ်ဝပ်အောင် ခိုင်းတာ မင်းက အကုန်သတ်လာတယ် ဆိုတော့ ၊ မင်းကြီး သူခိုးဓါးပြအဆင့်ကပင် ငြိမ်ဝပ်ပိပြားအောင် ကွပ်ညှပ်နိုင်မှ ၊ မကွပ်ညှပ်နိုင်လျှင် သူပုန်သူကန်အဆင့်ထိတက်လာပြီး အရှင်မင်းကြီး၏ ရာဇပလ္လင်ပင် လုယူနိုင်ကြောင်းပါလို့လျှောက်တော့ ဘုရင်လဲ ငြိမ်သွားတယ် ...
တစ်ချိန်တည်းမှာ ယနေ့ အမြင့်မြို့စား မင်းကြီးသူမဟာမင်းခေါင် သမိန်ဘရမ်းခေါ် မင်းလက်ဝါး ဆိုတာရှိတယ် ၊ မင်းလက်ဝါးက သူရဲဝန်ဦးရွှေလုံးယောက်ဖအရင်းကြီး ၊ ဦးရွှေလုံးဆီ မိန်းမနဲ့ယောက္ခမကနှိမ်လို့ ပုသိမ်ကနေ ဦးရွှေလုံးဆီကို လာနေတာ ၊ သူ့အမရင်း ခင်ခင်ကြီးကို ဦးရွှေလုံးက ယူထားတာ ...
မင်းလက်ဝါးက ဦးရွှေလုံးလက်ထွက်ပီပီ အလုပ်လုပ်တာလဲပြတ်သားတယ် ၊ လူတစ်ယောက်ကို လက်ဝါးနဲ့တစ်ချက်တည်းနဲ့ စန့်စန့်ကြီးသေအောင်ရိုက်နိုင်တဲ့အတွက် မင်းလက်ဝါးလို့ အမည်တွင်တယ် ၊ အမြင့်ငါးမြို့စားရတယ် ၊ မင်းတုန်းမင်းရဲ့သားတော်  ပန်းထိန်မင်းသားပုန်ကန်တော့ မင်းလက်ဝါးကိုတာဝန်ပေးတယ် ၊ မန်းလေးမြို့အထက် ဧရာဝတီမြစ်ရဲ့ ဘေးဝဲယာမြို့တွေနဲ့ အောက်မြစ်စဉ်၇ခရိုင်ကိုပါ နှိမ်နင်းဖို့ ဗိုလ်ချုပ်ရာထူးခန့်ပြီး နှိမ်နင်းခိုင်းတယ် ...
ပန်းထိမ်မင်းသားဘက်တော်သားထဲမှာ သူ့သားအရင်းကိုမိတယ် ၊ သူကိုယ်တိုင် ခုတ်သတ်ပစ်တယ် ၊ ဦးရွှေလုံးနဲ့ ယောက်ဖမင်းလက်ဝါးကြီးတို့ နှိပ်ကွပ်လိုက်တာ အကုန်ငြိမ်သွားတယ် ၊ ဦးရွှေလုံးနဲ့ မင်းလက်ဝါးကြီးတို့သာ ရွှေပြည်အေးတရားပတ်ဟောကြည့်ပါလား ဟိုကဖျင်တောင် ချသွားဦးမယ် 😂😂😂...
သီပေါမင်းလက်ထက်ရောက်တော့ မင်းလက်ဝါးနဲ့ သူ့ဦးလေး လှေသင်းအတွင်းဝန်ဦးရွှေမောင်တို့က မင်းလှခံတပ်ကနေ ခံချတယ် ၊ ဆုတ်ခွာပြီးပြန်စုတယ် ၊ ရွှေပြည်အေးတရားဟောတဲ့ ဘုန်းကြီးလူထွက်သီပေါဘုရင်က လက်နက်ချခိုင်းလို့ လက်နက်ချလိုက်ရတယ် ၊ အင်္ဂလိပ်လက်ထက်မှာ မန်းလေးမှာပဲ မင်းလက်ဝါးက သားမြေးမြစ်တွေနဲ့ နေတယ် ၊ အင်္ဂလိပ်က ရာထူး ငွေကြေးနဲ့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး ၊ နောက်တော့ သူအပိုင်စားဖူးတဲ့ အမြင့်မှာသ့ားနေရင်းသေတယ် ...
ရှင်ဘုရင်ထက် ပြတ်သားပြီး တိုင်းရေးပြည်ရေး ရှေ့ရေးကို မျှော်တွေးတတ်တဲ့ စစ်သူကြီးတွေ ဝန်ကြီးတွေရှိခဲ့တယ်ဆိုတာကိုပါ ...
မြန်မာတွေကမညံ့ခဲ့ပါဘူး ၊ ရှင်ဘုရင်နဲ့ မိဘုရားညံ့လို့သာကျွန်ဖြစ်ခဲ့တာ ...
သူပုန်သူကန်ကို ဦးရွှေလုံးလိုဦးနှိမ်ထားမှ တော်ကာကျတယ် ၊ မင်းတုန်းမင်းလို သာသနာပြုမှာလိုလို မိန်းမပဲထပ်ယူမှာလိုလို လုပ်နေရင် တိုင်းပြည်ပျက်မှာပေါ့ ၊ ဟို့နေက အမတ်ကြီးဗညားကျန်းတောလို လူတွေရှိလို့ ကောင်းမှုတော်ဘုရားကြီး အေးဆေးတည်နိုင်သလို ၊မင်းတုန်းမင်းလဲ ဦးရွှေလုံးလို လူတွေရှိလို့ ကုသိုလ်တော်လို ဘုရားကြီးတည်ပြီး ကျောက်စာတွေထိုးနိုင်ခဲ့တာ ...
Nay Saw Shwe
 ရုရှားတရုပ်နယ်စပ်စစ်ပွဲ
★ ★ ★ ★ ★ ★
၁၉၆၅ ခုနှစ်လောက်မှာ ရှာရှားနဲ့တရုပ်ဟာနယ်စပ်စစ်ပွဲတွေဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်အတွင်းကရုရှားတွေဟာမိမိတို့ထက်လက်နက်အင်အားများစွာသာလွန်တဲ့ ဂျာမန်တက်တွေကိုတွန်းလှန်တိုက်ခိုက်ခဲ့ရသလို ရုရှားတပ်သားများစွာကျဆုံးခဲ့ရတာကိုမမေ့ကြသေးပါဘူး၊ ရုရှားတွေဟာယခုလို လက်နက်အင်အားတောင့်တင်းတဲ့နိုင်ငံတခုမဖြစ်သေးပါဘူး၊ တဖက်မှာအနောက်အုပ်စုနဲ့ရင်ဆိုင်နေရသလို လူအင်အားများပြားတဲ့တရုပ်နဲ့ပါနယ်စပ်စစ်ပွဲဖြစ်လာတော့ ရုရှားပြည်သူအများစုက စိုးရိမ်ကြပါတယ်။အဲဒီအချိန်မှာဆရာမကြီးဒေါက်တာမတင်ဝင်းက ရုရှားမှာရောက်နေချိန်ပေါ့၊ သူ့သူငယ်ချင်းတွေကဒီအကြောင်းတွေပြောကြတဲ့အခါ တရုပ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံလိုနိုင်ငံငယ်ကလေးကရောလို့ဝိုင်းမေးကြပါတယ်။ ဆရာမကြီးဒေါက်တာမတင်ဝင်းက ခပ်တည်တည်ဘဲ ဒို့ကတော့တရုပ်ကိုမကြောက်ဘူးလို့ပြောတော့ရုရှားသူတွေကအံ့သြပြီးဝိုင်းမေးကြပါတယ်။ ဒေါက်တာမတင်ဝင်းက တရုပ်နိုင်ငံကို မန်ချူးတွေသိမ်းပိုက်စဉ်ကရော၊မွန်ဂိုတွေသိမ်းပိုက်စဉ်ကရော၊ ကူမင်တန်တွေအရေးနိမ့်စဉ်ကပါ မြန်မာနိုင်ငံထဲကိုတရုပ်တပ်တွေအလုံးအရင်းနဲ့ဝင်တိုက်ဘူးတယ်လို့ပြောတော့ရုရှားတွေ အံသြကြပါတယ်၊အဲဒီတော့နင်တို့ဘာလုပ်ကြသလဲလို့မေးတော့ ဆရာမကြီးဒေါက်တာမတင်ဝင်းက.
အိုး..ဒို့ကဘယ်နေမလဲ ခံတိုက်တာပေါ့.ခံတိုက်တော့သူတို့စစ်ရှူံးပြီးပြန်ထွက်ပြေးရတယ်ပြောပြတော့ ရုရှားလူမျိုးတွေက အံ့လဲအံ့သြ ၀ိုင်းလဲချီးမွန်းကြတယ်ဗျ..ဘာလို့လဲဆိုတော ရုရှားတွေကို မွန်ဂိုတွေက၀င်တိုက်ပြီးနှစ်ပေါင်း.၃၀၀လောက်ကိုလိုနီလုပ်ထားခဲ့ကြတယ်လို့ပြန်ပြောပြတယ်၊
သူပြောတာအမှန်ပါဘဲ မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်လက်ထက်မှာတရုပ် ရုရှားကိုသာမကဘူး အရှေ့ဥရောပတခုလုံးကိုတိုက်ပြီးနှစ်၃၀၀လောက်ကိုလိုနီလုပ်တာခံခဲ့ရတာပါ..
ကနေ့ခင်ဗျားတို့အထင်သိပ်မကြီးလှတဲ့မြန်မာစစ်တပ်ကလေး၊ ခင်ဗျားတို့ရာဇ၀င်ထဲကထုတ်ပြစ်ချင်ပါတယ်ဆိုတဲ့ စစ်သူရဲတွေက ခင်ဗျားတို့အထင်ကြီးလှပါတယ်ဆိုတဲ့ ဥရောပနဲ့အာရှတခွင်ကနိုင်ငံတွေ
ဖိန့်ဖိန်တုံအောက်ကြောက်ခဲ့ရတဲ့ မန်ချူးနဲ့မွန်ဂိုတွေကို အရင်းလဲ အဖျားထင်းဖြစ် ဆိုတဲ့မြန်မာစစ်နည်းဗျူဟာနဲ့ တောတွင်းစစ်ဆင်ရေး(Jungle Warfare) နဲ့အနိုင်ယူခဲ့တာပေါ့ဗျာ၊ စစ်သည်တဦးချင်းရဲ့ပင်ကိုယ်စစ်ရည်စစ်သွေး၊အပင်ပန်းအဆင်းရဲခံနိုင်မှု့၊သတ္တိနဲ့မျိုးချစ်စိတ်မှာတော့ ကျုပ်တို့တပ်မတော်ကိုမမှီဘူး..
မွန်ဂိုတွေအကြောင်းဆက်ရရင်မွန်ဂိုဆိုတာတရုပ်နိုင်ငံအနောက်မြောက်ဘက်မွန်ဂိုးလီးယားကုန်းမြင့်မှာနေထိုင်သူတွေဖြစ်ပြီးမြင်းစီးနဲ့ဓားလှံလေး မြှားကျွမ်းကျင်ပြီးအသားခြောက်ရေတဘူးနဲ့လှည့်လည်သွားလာတိုက်ခိုက်တတ်တဲ့လူမျိုးပေါ့ဂျင်ဂျစ်ခန်ပြီးတော့သားတော်ကူဗလိုင်ခန်နန်းတက်တယ်၊တရုပ်၊ရုရှားအီရန်၊ကိုရီးယား၊အပြင်အရှေ့ဘက်ပင်လယ်ဝါကနေ အနောက်ဘက် ပင်လယ်နက်အထိနယ်ပယ်တွေသိမ်းနိုင်ခဲ့တယ်။မြန်မာနိုင်ငံကိုတော့အရည်အချင်းမရှိတဲ့ နရသီဟပတေ့လက်ထက်မှာလာတိုက်လို့ နရသီဟပတေ့ကိုတရုပ်ပြေးမင်းလို့တောင်တွင်ခဲ့ပါတယ်။နရသီဟပတေ့ကိုသားတော်သီဟသူကလုပ်ကြံပြီး နောက်ကျော်စွာဘုရင်ဖြစ်လာပေမဲ့ တရုပ်ကြောက်မင်းမို့ ငဆောင်ချမ်းမှာတပ်တည်နေတဲ့မွန်ဂိုလက်အောက်ခံလုပ်တဲ့အတွက် ကျော်စွာကိုမြင်းစိုင်း မင်းသားက ဘုန်းကြီးဝတ်ပေးပြီးနန်းချလိုက်တယ်။
ဒါကြောင့် မွန်ဂိုတပ်ကြီးဟာမြင်းစိုင်းကိုအတင်းဝင်တိုက်ပါတော့တယ်။သူကျွန်မခံလိုတဲ့မြင်းစိုင်းတပ်ဟာ မွန်ဂိုတွေကိုရွံ့ရွံချွံချွံတိုက်ထုတ်တာကြောင့် မွန်ဂိုတွေအကျအဆုံးများလွန်းတဲ့အတွက် မြင်းစိုင်း ကိုစစ်ပြေငြိမ်းဖို့မွန်ဂိုဘက်ကစတင် ကမ်းလှမ်းရပါတယ်။
စစ်ပြေငြိမ်းပြီးနောက်မှာတော့ ငဆောင်ချမ်းကမွန်ဂိုတပ်ကြီးဟာ တရုပ်ပြည်ကိုအပြီးအပိုင်ဆုတ်ခွာသွားပါတယ်၊ ရုရှား တရုပ်နဲ့ဥရောပကိုတောင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မွန်ဂိုဘုရင်ကူဗလိုင်ခန်ဟာရေကြောင်းမကျွမ်းလိုဂျပန်ကိုအနိုင်မတိုက်နိုင်သလဲို ရဲရင့်ပြီးသတ္တိကောင်းတဲ့ မြင်းစိုင်းကိုလဲ မသိမ်းနိုင်ဘဲတပ်ဆုပ်ခဲ့ရပါတယ်။ ခင်ဗျားတို့အထင်မကြီးလှတဲ့ မြန်မာ့တပ်မတော်ဆိုတာ အဲဒီလိုရဲစွမ်းသတ္တိရှိတာကြောင့်ရုရှားလုမျိုးတွေကတောင် အသိအမှတ်ပြုချီးကြူးခဲ့ရဘူးတယ်။
မြေဒူးမင်းသား၊မဟာသီဟသူရနှင့်မန်ချူးများ..
★ ★ ★ ★ ★ ★ ★
၁၆၅၀လောက်မှာစစ်တိုက်တော်တဲ့မန်ချူးတွေဟာတရုပ်တနိုင်ငံလုံးကိုသိမ်းပိုက်နိုင်ယုံမကတရုပ်ဧကရာဇ်အဖြစ်ခံယူပါတယ်။အရှေ့တောင်အာရှကိုပါသိမ်းပိုက်ကာပဏ္ဍာဆက်နိုင်ငံများအဖြစ်သိမ်းသွင်းနိုင်ခဲ့တယ်
မြန်မာပြည်ကိုလဲတိုက်ခိုက်သိမ်းပိုက်ဖို့အကြိမ်ကြိမ်ကြိုးပန်းခဲ့ဘူးပါတယ်၊ မြန်မာနိုင်ငံမှာခင်ဗျားတို့ရာဇ၀င်စာအုပ်ထဲကထုတ်ပြစ်ချင်ပါတယ်ဆိုတဲ့အလောင်းမင်းတရားဟာ၁၇၅၂ခုနှစ်မှာနန်းတက်ပြီး၁၇၆၀မှာနတ်ရွာစံပါတယ်၊နန်းစံသက်.၈နှစ်လုံးလုံး တတိယမြန်မာနိုင်ငံကိုတည်ထောင်ဖို့ အနားမနေစစ်တိုက်ခဲ့ရတယ်ဟိုင်းကြီး၊ပုသိမ်ဘက်ကအင်္ဂလိပ်တွေ၊ပြင်သစ်တွေ၊တနင်္သာရီကိုသိမ်းထားတဲ့ယိုးဒယားတွေ အားလုံးကိုမနားမနေတိုက်ထုတ်ရှင်းလင်းခဲ့ရတယ်။ဒီလိုသူရဲကောင်းမျိုးကို နိုင်ငံအတွက်အပ်တိုတချောင်းတောင်ကိုင်ပြီးမတိုက်
်ခဲ့ဘူးတဲ့ကျူရှင်ဆရာကသမိုင်းထဲကတောင်ထုတ်ပြစ်အုန်းမတဲ့၊မျိုးချစ်စိတ်ကတော့ချီးကျူးလောက်ပါပေရဲ့..အလောင်းမင်းတရားဟာစစ်တိုက်ရင်းစစ်မြေပြင်မှာဘဲနာမကျမ်းဖြစ်ပြီးကွယ်လွန်ခဲ့ရသူ၊မိမိအကျိုးထက်နိုင်ငံအကျိုးကိုဦးစားပေးခဲ့သူပါဘဲ..
အလောင်းမင်းတရားနတ်ရွာစံပြီးတပယင်းစားနန်းစံ၃နှစ်အပြီးမြေဒူးမင်းသားခေါ်ဆင်ဖြူရှင်နန်းတက်တယ်၊မြေဒူးမင်းသားဟာ အလောင်းမင်းတရားသွေးပီသလှတယ်...ခမည်းတော်မပြီးပြတ်တဲ့နိုင်ငံတည်ထောင်ရေးကိုဆက်လက်လုပ်ကိုင်ခဲ့သူပေါ့...
အလောင်းမင်းတရားရဲ့မြင်းရည်တက်ခြောက်ကျိတ်ရှစ်ယောက်အနက်
`´ငသာရေးကုန်၊စိန်ငုံ ရေးမြင်´´
ဆိုတဲ့အထဲက ငသာဆိုတာ မဟာသီဟသူရရဲ့ငယ်မည်ဖြစ်တယ်၊ကြံရေးလုပ်ရေးမှာ အရေးကုန်အောင်စိတ်ချရသူမှု့ ငသာရေးကုန်လို့စာချိုးခံရသူပေါ့။မြေဒူးမင်းနန်းတက်လို့၂နှစ်အကြာ ၁၇၆၅မှာ တရုပ်မန်ချူးတွေမြန်မာကိုကျူးကျော်တိုက်ခိုက်တော့တယ်..
တရုပ်တပ်ကြီးဟာ တောထဲက သစ်ရွက်များလိုဘဲသိပ်သီးများပြားလှတယ်လို့ဆိုတယ်။
မြေဒူးမင်းသားနဲ့သူရဲကောင်းတွေရှိတဲ့နိုင်ငံကို ကျန်နိုင်ငံတွေလိုဘဲ လွယ်လွယ်သိမ်းပိုင်နိုင်လိမ့်မယ်လို့ အများကထင်ပေမဲ့..နိုင်ငံသေးသေးကလေးဟာ သစ်ရွက်တွေလိုများပြားလှတဲ့မန်ချူးတရုပ်တပ်တွေကို လုံးဝကြောက်စိတ်မရှိခဲ့ဘူး အင်အားများတာထက်ရဲစွမ်းသတ္တိနဲ့တိုက်ရည်ခိုက်ရည်သာပဓာနဆိုတာ ခေတ်အဆက်ဆက်ခံယူထားတဲ့တပ်မတော်ရဲ့စိတ်ဓာတ်ဖြစ်တယ်..
တကယ်တော့မြန်မာ့တပ်မတော်မှာအမြဲတန်းစစ်တပ်အင်အားဟာအနည်းငယ်သာရှိတယ်၊ မန်ချူးတွေကျူးကျော်လာကြောင်းကြားတာနဲ့ လယ်ထဲချောင်းထဲက ထိုးကွင်းမှင်ကြောင်နဲ့ မြန်မာစစ်သားတွေဟာ နွားတွေကိုလှန်၊ထွန်တုံးကိုပြစ်၊ပြီး ဓားလွတ်ကိုကိုင် ဆန်ထည့်ထားတဲ့ပုဆိုးစလွယ်ကိုသိုင်းကာ အိုးစားဖက်တွေနဲ့အတူ ကွန်းတမြှုံမြှုံနဲ့ နန်းတော်ကိုရောက်လာကြတယ်..ဒီစစ်သားတွေဟာအလောင်းမင်းတရားလက်ထက်ကတဲက တိုက်ပွဲပေါင်းအလီလီနွှဲခဲ့ဘူးသူတွေဆိုတာပြောဘွယ်လိုမယ်မထင်ဘူး၊ဓားရေး လှံရေး၊လက်ရေးနှင့်ဗန်တိုဗန်ရှည် ကိုယ်ခံပညာမှာအရေးကုန်သူတွေ၊အသက်ဆိုတာ တိုင်းပြည်အတွက်ဆို ဖက်ရွက်လို့သဘောထားသူတွေ..မှီခိုသူတွေလား...ခုခေတ်ပါရမ်ီဖြည့်ဖက်တွေလိုဘဲ..သူများမောင်မှာ စစ်သံကြားလျှင်နာဖျားဥပယ်ခိုကြတယ်၊ မလေးမောင်မှာစစ်သံကြားလျှင်ဓားကိုဆွဲလို့ အိုးစားဖက်ကိုလိုက်လို့ရှာသည်။
လို့အားပေးတဲ့သူမျိုးတွေဗျ..
ခင်ဗျားတို့ခေတ်ကြမှ စစ်ပွဲတွေရပ်၊စစ်ပွဲကပစ်တဲ့ကျည်ဆံက ကျမဟိုဒင်းကိုလာလာမှန်တယ်လို့ ဆန္ဒပြမဲ့သူတယောက်မှ မရှိပေဘူးဗျ.
ချက်ခြင်းဆိုသလိုမြေဒူးမင်းသားရဲ့တပ်ကြီးဟာ စစ်ကဲ၊ဗိုလ်မင်း၊သွေးသောက်၊တအိုးစား၊နှစ်ဦးစားနဲ့ တပ်တော်ကြီးဖြစ်သွားတယ်။
ဒီအချိန်မှာဘဲမြင်းရည်တက်ထဲကတပ်မှူးကြီးမဟာသီဟသူရ က သစ်ရွက်တွေလိုများပြားလှတဲ့ မန်ချူးတွေကိုတိုက်မည့်စစ်နည်းဗျူဟာဖြစ်တဲ့ `` အရင်းလဲ အဖျားထင်းဖြစ်.´´ဆိုတဲ့စစ်ဗျူဟာကို မြေဒူးမင်းသားနဲ့ စစ်သူကြီးတွေဖြစ်တဲ့ ဗလမင်းထင်နဲ့ တိန်ကြားမင်းခေါင်ကိုတင်ပြလိုက်တော့တယ်..
တရုပ်ကုန်သည်များ
★ ★ ★ ★ ★ ★
ယနေ့လုငယ်တွေက တရုပ်တွေမြန်မာသယံဇာတတွေယူနေကြတယ်၊တရုပ်ကြောက်အစိုးရ ဘာညာပြောနေကြတာခနခနကြားရတယ်။တရုပ်မြန်မာကုန်သွယ်မှု့ဟာ အဲဒီမြေဒူးမင်းလက်ထက်ကတဲကရှိခဲ့တာ၊ ပါတရုပ်က ၃ယောက်ရှိရင်၂ယောက်ကကုန်သည်ဘဲ၊ မြန်မာကအဲဒီအချိန်က ၃ယောက်ရှိရင်၂ယောက်ကစစ်သား တယောက်ကလယ်သမားဘဲ၊ အဲဒါကသွေးထဲမှာပါလာတဲ့ဗီဇဘဲ၊ခုခေတ်ကြတော့ ၃ယောက်ရှိ ၃ပါတီကွဲတဲ့ခေတ်ရောက်လာခဲ့တယ်၊တရုပ်မန်ချူးတွေဟာ၁၇၅၂ခုနှစ်ကုန်းဘောင်မင်းဆက်ကိုမြေဒူးမင်းသားတည်ထောင်တာကိုမနှစ်မြို့သလို သု့လက်အောက်မကျရောက်သေးတာကိုအလွန်မကျေမချမ်းဖြစ်နေတယ်လို့ဆိုတယ်။ဒါကြောင့်တရုပ်ကုန်သည်လောရီနှင့်လောတာရီတို့ကုန်သွယ်ရင်းပြသနာဖြစ်တဲ့ကိစ္စမှာမြန်မာဘက်ကတရားခံကိုထုံးစံအတိုင်စီရင်မှာကို လက်မခံဘဲသူတို့လက်ကိုအပ်ရမယ်လို့တောင်းဆိုနေတယ်၊ခုခေတ်မှာ စိုင်းနော်ခမ်း ပြသနာနဲ့ ချိန်းထိုးကြည့်နိုင်တယ်၊ မြန်မာဖက်ကလက်မခံတာကြောင့်၁၇၆၅ခုနှစ်မှာ ယူနန်ဘုရင်ခံဟာ လူငါးသောင်း မြင်းတသောင်းနဲ့တပ်မကြီးချီလာပြီး ကျိုင်းတုံ်ကိုဝန်းရံတာကစတင်ခဲ့တယ်။မြေဒူးမင်းရဲ့ရှမ်းပြည်မှာထားတဲ့အရံတပ်နဲ့ ကျိုင်းတုန်စော်ဘွားရဲ့တပ်နဲ့ပေါင်းကာဝန်းရံလာတဲ့ မန်ချူးတရုပ်တပ်တွေကို အရင်းလဲအဖျားထင်းဖြစ်ဗျူဟာနဲ့အတွင်းအပြင်ညှပ်ပြီးတိုက်တယ်။ သစ်ရွက်တွေလိုများပြားတဲ့တပ်တွေအတွက်စားနပ်ရိက္ခာ ထောက်ပံ့နေတဲ့အဖွဲ့တွေကို တိန်ကြားမင်းခေါင်တို့တပ်တွေက တိန်ကြားထဲကရုတ်တရက်ပေါ်လာပြီးတိုက်ခိုက်သတ်ဖြတ်ကာ တိန်ထဲဝင်သွားသောလမင်းလို ရုပ်တရက်ပျောက်ကွယ်သွားတယ်။ တရုပ်တွေဟာတဖြေးဖြေး မဲခေါင်မြစ်ဝှမ်းရောက်တဲ့အထိဆုတ်ပြေးရတယ် မန်ချူးစစ်သူကြီးကျဆုံးတဲ့အပြင့်စစ်ရှူံးသွားတဲ့အတွက် ယူနန်ဘုရင်ခံလဲမိမိကိုမိမိသတ်သေသွားရတယ်။
ဘာမဟုတ်တဲ့နိုင်ငံကလေးကစစ်တပ်ကလေးဟာမန်ချူးစစ်သည်ငါးသောင်းလောက်ရှိတဲ့တပ်ကြီးကိုချေမှူန်းလိုက်တဲ့အတွက် မန်ချူးဘုရင်ဟာရမ်းပုံမီးကျဖြစ်ပြီး ပထမစစ်တပ်ထက်အင်အားကြီးမားတဲ့မန်ချူးစစ်တပ်ကြီးကို ဗန်းမော်ကိုသိမ်းဖို့ ကုန်သွယ်လမ်းအတိုင်းစေလွှတ်လိုက်တယ်၊ဒီသတင်းကို မြေဒူးဘုရင်ကြားသော် ထောင်ချောက်ဆင်ရန် ဧရာဝတီမြစ်ပေါ်ရှိကောင်းတုံမြို့ကလေးတွင်အခိုင်အမာခံတပ်တခုကိုတည်ဆောက်စေသည်။ မဟာသီဟသူရတို့၏စစ်ကြောင်းများကဧရာဝတီမြစ်အနောက်ဘက်ကမ်းမှချီတက်စေသည်။ မနိချူးတပ်များသည်ကောင်းတုံခံတပ်နှင့်ဗန်းမော်ကိုဝိုင်းဝန်းတိုက်ခိုက်နေစဉ် မြန်မာတပ်များရောက်လာပြီး အတွင်းအပြင်ညှပ်၍တိုက်ရာမခံနိုင်သဖြင့်ဆုတ်ရသည်၊ဆုပ်သည့်တပ်များကိုတိန်ကြားမင်းခေါင်တို့၏တပ်များက အရပ်ရှစ်မျက်နှာမှပေါ်လာလိုက်တိုက်လိုက်ပျောက်ကွယ်သွားလိုက်ဖြင့်ရှိရာ ယူနန်ဘုရင်သည်တပ်များကိုထားခဲ့ကာယူနန်အထိထွက်ပြေးရပြီးမန်ချူးဘုရင်ကခေါ်ကာမိမိကိုယ်မိမိသတ်၍သေစေတယ်။
မန်ချူးဧကရာဇ်ဟာအပွဲပွဲနွှဲခဲ့သမျှ ဤနိုင်ငံငယ်ကလေး၏တပ်ကိုမဖြိုခွဲနိုင်သဖြင့်ကျေနပ်တော်မမူ နောက်တကြိမ်သမက်ဖြစ်သူကိုယူနန်ဘရင်ခန့်ကာဗနိးမော်သို့ တပ်တတပ်ကိုယောင်ပြချီတက်တိုက်ခိုက်စေသည်၊မိမိ၏ အင်အားကြီးလှသည့်တပ်မကြီးကိုမူ သိန္နီနှင့်သီပေါကိုဝင်တိုက်ကာသန္နီစော်ဘွားကိုသတ်ဖြတ်ပြီးအင်အား၅၀၀၀နှင့်စော်ဘွားအသစ်ကိုထားကာကျန်အင်အားဖြင့်အင်းဝသို့အပြင်းချီတက်လာသည်။မြန်မာတပ်များမှာယူနန်ဘုရင်ခံ၏တပ်များရှိရာဗန်မော်ကောင်းတုံသို့ချီတက်နေသည်ဖြစ်ရာမန်ချူးဧကရာဇ်၏တပ်မကြီး အင်းဝသို့ချီတက်မှု့ကိုမတားဆီးနိုင်တော့ချေ..
ဗန်မော်သို့စေလွှတ်သောတပ်များသည်အင်းဝသို့အမြန်ပြန်ဆုတိရာ ယူနန်ဘုရင်တပ်များကနောက်ကအတင်းလိုက်၍တိုက်လေသည်။ မန်ချူးတို့၏စစ်ဖျားသည်အင်းဝနှင့်မိုင်၃၀သာဝေးသည့် ဘုတ်နှင့်သက္ကယ်ပြင်ရွာအထိရောက်လာသည်နှင့်မူးမတ်များက မြေဒူးဘုရင်ကိုလွတ်ရာသို့ရှောင်ရန်သံတော်ဦးတင်သည်ကိုလက်မခံ..
``သင်တို့ဆက်၍မတိုက်လိုသော်ရှိစေ ငါနှင့်ငါညီတော်များထွက်၍တိုက်ကာ ရန်သူအလောင်းကိုဖောင်ဖွဲ့၍ ရွှေကြက်ယက်မှ ရွှေတောင်မှော်သို့ကူးမည်´´
ဟုကြုံးဝါးလေသည်။ မြေဒူးမင်း၏ကြုံးဝါးသံကိုကြားသော် တပ်များရဲဝံ့လာပြီးပြန်လည်စုစည်းကာ မန်ချူးတပ်များကိုတိုက်လေသည်။
မြန်မာတပ်များတဖြေးဖြေပြန်၍အရေးသာလေသည်။ သိန္နီကိုပြန်လည်တိုက်ရာတရုပ်တို့အရေးနိမ့်သဖြင့် တရုပ်စစ်သူကြီးသည်မိမိလည်ကို ကိုယ်တိုင်ဖြတ်ကာသတ်၍သေသည်။
ကောင်းတုံစစ်ကြောင်းကိုတိုက်သောမန်ချူးတပ်မှူးလည်းမခံနိုင်သဖြင့် တရုပ်ပိုင်နက်ထဲသို့
အပြင်းဆုပ်လေသော်မန်ချူးဘုရင်အမိနိ့ဖြင့်ကွပ်မျက်ခံရ၏။
ဗန်းမော်ကောင်းတုံတပ်မှူးပြေးလေသော်ုမြန်မာတပ်များသည်မန်ချူးဧကရာဇ်၏တပ်များကိုတိုက်နေသည့် သိန္နီရှိတပ်များထံလာရောက်ပူးပေါင်းကာ မန်ချုးဧကရာဇ်၏တပ်မကြီးကို ပေါင်း၍တိုက်လေသော် မန်ချူးဧကရာဇ်၏သားမက်တော် ထက်မြက်သောစစ်သူကြီး မင်းယွီသည် ဆံကျစ်ကိုဖြတ်ကာသေတ္တာငယ်တွင်ထည့်ပြီး ဆုပ်ခွာမည့်သူများထံပေးကာဧကရာဇ်ရှိရာဘေဂျင်းဖက်သို့ရည်မှန်းကန်တော့ကာ ကြိုးဆွဲချ၍သေလေသည်။မန်ချူးတို့တတိယအကြိမ်စစ်ရှူံးပြန်လေပြီ..
၁၇၆၉ တွင်ေ မြဒူးမင်းသည် ယိုးဒယားကိုတိုက်ခိုက်သိမ်းပိုက်သည်။ယင်းအချိန်ကိုအခွင့်ကောင်းယူကာ မန်ချူးဘုရင်သည် စစ်သည်အင်အား.၆သောင်းကိုစုစည်းကာကောင်းတုံဗန်းမော်မှတဆင့်အင်းဝကိုသိမ်းရန်ချီလာပြန်သည်။ ယိုးဒယားမှပြန်လာသောမြန်မာတပ်များကပြန်လည်စုသည်းပြီး ဆီးကြိုတိုက်ရာ မန်ချူးတို့အကျအဆုံးများသည်ရှိသော် မန်ချူးစစ်သူကြီးက မဟာသီဟသူရ ထံ စစ်ပြေငြိမ်းရန် တောင်းပန်သဖြင့်အရှည်ကိုကြည့်ကာ မဟာသီဟသူရကလက်ခံလိုက်သဖြင့် တရုပ်တပ်များပြန်လည်ထွက်ခွာသွားတော့သည်။ ယင်းအချိန်မှစတင်ကာမန်ချူးတို့သည် သေးငယ်သောနိုင်ငံငယ်ကလေး၏ တပ်မတော်အပေါ် ရိုသေခန့်ငြားသွားလေတော့သည်။
ယင်းအကြောင်းကို ဆရာမကြီးဒေါက်တာမတင်ဝင်းက ရုရှားသူများကိုပြောကြားရာ မြန်မာ့တပ်မတော်ကိုများစွာချီးမွန်းလေသည်။
အလောင်းမင်းတရားမှဆင်းသက်၍ မြေဒူးမင်းလက်ထက်မှစကာ ယိုးဒယား၊တရုပ်တို့ပင် ဖိန့်ဖိန့်တုံအောင်ကြောက်ခဲ့ရသည့် ဤနိုင်ငံငယ်ကလေးမှ ငါတို့တပ်မတော်သည်၊ ငါ့တို့ခေတ်ကြမှဘင်္ဂလားလို နိုင်ငံမျိုးကို မတန်မရာစစ်ရှူံးရာသလော..
ဘာကိုကြည့်၍ဝေဖန်ဘိသနည်း၊ မင်းကြီးမဟာဗန္ဓုလလက်ထက်တော်အခါကစ၍ ကော့ဗဇား စစ်တကောင်းဟူသည်ငါတို့လက်ခုပ်ထဲကရေပင်မဟုတ်ပါသလော ရန်ကုန်ကိုစိုးရိမ်၍ သာ မယူလိုသောကြောင့်ငါတို့ထားခဲ့သည်။ဗမာဟူသောအမည်ကြားရုံမျှဖြင့် ကုလားတို့နေစရာမရှိကြောက်ခဲ့ကြရသည်။
မြေဒူးမင်းကျွေးကျော်သကဲ့သို့ ဘင်္ဂလီအလောင်းကိုဖောင်ဖွဲ့ကာ နတ်မြစ်ကိုကူးလိုကကူးနိုင်သည်။
ငါတို့တယောက်မကျန်သေမှ ငါတို့မြေတလက်မကိုသင်တို့ရပေလိမ့်မည်၊
ငါတိုနှင့်တိုက်မည်ကြံပါက ဤနိုင်ငံငယ်ကလေးမှ တပ်မတော်သည် ဤကဲ့သို့သောသမိုင်းမှတ်တမ်းရှိခဲ့သည့်ကို ထည့်သွင်းကာစဉ်းစားကြလေ...
တမှုံ့မြေစာ
တလွှာပန်းခြောက်
တပေါက်ရေစက်
ငါတို့လက်မှ
ရန်သူရလျှင်
မြန်မာ့သမိုင်း
ရိုင်းလိမ့်မည်။
Credit : Starshinester
မြင်စိုင်းရွှေပြည် (ကာချင်း)
+++++++++++++++
တမောင်းတမောင်း၊ တို့တမောင်းသည်
တမောင်းတကောင်းသားလော။
တကောင်း တကောင်း။
အနီးမြင်မှတ်၊ စေတီထွတ်သည်၊
တောင်မြတ်သာလျောင်းလော။
သာလျောင်း သာလျောင်း။
သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊
ဖြင်ညီး မြစ်လောင်းလော။
မြစ်လောင်း မြစ်လောင်း။
ဥတည်း သည်လည်း၊ ဥတည်းရံဝန်း၊
ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်းဆောင်းလော။
တန်းဆောင်း တန်းဆောင်း။
ပေါင်းကွက်စေ့ပျဉ်၊ နန်းရင်ပြင်ကား၊
ဆင်လျှင် နင်းကောင်းလော။
နင်းကောင်း နင်းကောင်း။
တရုပ်လာသည်၊ ရိုင်ရိုင်လော။ ရိုင်ရိုင်။
မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော။ ဖြိုင်ဖြိုင်။
လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော။
လတိုင်း လတိုင်း။
မြင်းသည်သိန်းသန်း၊ များစွာလွန်းသည်၊ ထက်ဝန်းရံသ။
မနိုင် မနိုင်။
လျှပ်စစ်တိမ်ပြင်၊ မှိုင်းလွင်သည်လည်း။
လွင်သည်လည်း။
တိမ်သည်မည်းမည်း၊ မည်းသည်လည်း။
မည်းသည်လည်း။
တိမ်မည်းတက်ရာ၊ မိုးသေးပါ၍၊
ရွာသည့်မိုးကား။ ရိုက်ကြိုးကြည်းသည်လည်း။
ကြည်းသည်လည်း။
ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း။
ဖြင်သည်လည်း။
ကန်သင်းမွေမမြင်သည်လည်း။ မမြင်သည်လည်း။
အရိုင်းမနေချင်သည်လည်း။ မနေချင်သည်လည်း။
ပြေးလျှင်တစီး၊ မြင်းသည်လည်း။ မြင်းသည်လည်း။
နှင်တံမကမ်း ခင်သည်လည်း။ မကမ်းခင်သည်လည်း။
တာဝတိံသာ၊ နတ်ရွာလော... နတ်ရွာလော။ 
ဟုတ်တည်း ရှင်ချင်း  ရှင်ချင်း၊ 
ဟုတ်တည်း ဆွေရင်း.... ဆွေရင်း၊ 
ဟုတ်တည်း သည်ရင်း....သည်ရင်း။
မြင်စိုင်းဟူသည်... ရွှေပြည်...ရွှေပြည်
 မြင်စိုင်းရွှေမြေ... ပန်းသင်းခွေ၊ 
ပင်ခြေ  ခြုံ တက်နွယ်... ခြုံတက်နွယ်။
တောင်လေရှူန်းရှူန်း  မိုးခတ်အုန်း၊ ကင်ပုန်း ပွင့်ချီချယ်.. ပွင့်ချီချယ်။
နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသို ဆောင်းလလယ်... ဆောင်းလလယ်။
တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရ ဓာတ်စွယ်... သရီရဓာတ်စွယ်။ 
ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊ မနှောင်းပြည့်ဆောလွယ်... ပြည့်ဆောလွယ်။
ခါနှင့်ဘုတ်ချိုး၊ ကြက်တော်မျိုး၊ လိုစိုး ကျက်မြေကျယ်... ကျက်မြေကျယ်။
ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊ စာနွှေး စားလိုဖွယ်... စားလိုဖွယ်။
ယရည်း သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှချွန်း တွန်းတက်ပယ် ...တွန်းတက်ပယ်။
စောလူး  စီးတန်၊ မျိုးဆက်ဒန်  လျင်ထန်  မြင့်မဆွယ်.. မြင့်မဆွယ်။
မြှောက်စည်  လတီး၊ ဝင်ခါနီး၊ စောဓီး နန်းထက်ကျယ်... နန်းထက်ကျယ်။
သာသည့်မြေပြင်၊ စောနတ်ရှင်၊ နန်းခွင် ရှုတင့်တယ်... ရှုတင့်တယ်။
အထူးလော.... တက်တိမ်လော... နေရောင်လော။ 
ရေးသားသူ - ငါးစီးရှင်ကျော်စွာ
Monday, May 29, 2023
မြက်ပင်ရိုင်းတို့ မလန်းစေချင်
xxxxxxxxxxxxxxxxxxxxxxxx
ဝှီး....ဝုန်း..ဝုန်း ဂျိန်း……
ကောင်းကင်တခွင်လုံး..တဟီးဟီး...တဟဲဟဲ..လေပြင်းတိုက်ခိုက်သံ..မိုးထစ်ချုန်းသံများ မြည်ဟီးပြီး..အုံ့ဆိုင်း မဲမှောင်နေသော မိုးသားတိမ်လိပ်များနဲ့အတူ...တဖျောက်ဖျောက်ရွာသွန်းနေသော..မိုးရေစက်တို့အောက်...ဝယ် အပူချိန် ၄၀ ဒီဂရီ ဖါရင်ဟိုက်မျှ မြင့်မားလှသော..မဟာပထဝီမြေကြီးသည်..ချက်ခြင်းကြီးဆိုသလို..စိုစွတ်ချမ်းမြပြီး.မိုးကိုမျှော်လင့်သော သစ်ပင်ပန်းပင်များ၏ တောင်းဆုကို ပြည့်ဝစေသည့်နှယ်..လောကတခွင်ကို  စည်းချက်ညီစွာဖြင့် အလှဆင်လေသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း..အင်အားအလွန့်အလွန် ကောင်းလေခဲ့သော..မိုခါမုန်တိုင်း ၏ အရှိန်ဖြင့်..တရိပ်ရိပ်တက်လာသော..မိုးသားတိမ်လိပ်များ၏ အညှိုးဖြင့်..ရွာသွန်းဖြိုးနေသည့်မိုးမှာ..သုံးရက်မျှရှိပြီဖြစ်သည်။ ကိုရင်တို့ ဒေသလည်း အပူချိန်လျော့ကျပြီး..အအေးဓါတ်ဖြင့်..ငြိမ်းချမ်းစပြုပြီဖြစ်ပေမယ့်..မုန်တိုင်းဒါဏ် တိုက်ရိုက်ခံစားခဲ့ရလေသော..သွေးချင်းတို့ဌာနေ ရခိုင်ကမ်းမြောင်ဒေသအချေမှာ အပျက်အစီး ဆုံးရှုံးမှုများသည် အတော်ကြီး ထောက်ပံ့ကူညီ စောင့်ရှောက်မှု ပြုနှိုင်မှသာနလံ ထနှိုင်မည့် အနေအထားကို နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများက အချိန်နှင့် တစ်ပြေးညီ ရိုက်ကူးထုတ်လွှင့်နေသည်ကို..ကြားမြင်သိရှိနေရသည်များကလည်း စိတ်မချမ်းမြေ့ဖွယ်ရာ အနေအထားမို့…သဘာဝဘေး ပြေးမလွတ်နှိုင်ခဲ့လေသော..ကံအကြောင်းတရားများပါလို့ အတွေးဝင်ခဲ့မိလေတယ်။  ဒါတောင်..တိုင်းပြည်အုပ်ချုပ်သူ အကြီးအကဲများရဲ့ မုန်တိုင်းဝင်ရောက်နှိုင်ချေရှိကြောင်း…ပြည်တွင်းနှင့် ကမ္ဘာတလွှားမှ ပညာရှင်များ ၏ သတင်းစကားကို သိရှိရသည့်အချိန်မှစ၍ ၊ တိုက်ရိုက် စောင့်ကြပ်ကြည့်ရှု ကိုင်တွယ် ထိန်းသိမ်းညွှန်ကြားချက်ပြီး၊ အရေးပေါ် စီမံချက်များချမှတ်ကာ..သဘာဝဘေးအန္တရာယ်ကြုံတွေ့လာနှိုင်သည့်ဒေသမှ ပြည်သူများကို မဖြစ်မနေ ကြိုတင်ပြောင်းရွှေ့ စေနှိုင်ခဲ့ခြင်းသည်သာ နိုင်ငံအတွက် အဖိုးထိုက်တန်လှသော လူ့အသက်ပေါင်းများစွာအတွက်..အဖိတ်အစင်ဖြစ်စေခြင်းမှ အရှုံးထဲမှ ရုန်းထွက်စေနှိုင်ခဲ့လေသော မဟာကုသိုလ်တရားအဖြစ်..စေတနာကံရောင်ပြန်ဟပ်ခြင်း အကျိုးတရားပါလားလို့လည်း..တစ်ဘက်ကတွေးကာ ဖြေသိမ့်နှိုင်ခဲ့လေတယ်။
မကြုံစဖူး ထူးကဲလာတဲ့ နေ့အပူချိန် မြင့်တက်မှုနဲ့အတူ..ကိုရင်တို့အပါအဝင်..အများပြည်သူအားလုံး ခံစားနေကြရတဲ့..အပူချိန်ပြောင်းလဲခြင်း..လက္ခဏာများဖြစ်တဲ့ အပူဖုပေါက်ခြင်း..မိတ်ထွက်ခြင်း..စသည့် အပူနာ ရောဂါဝေဒနာများဟာ….မိရိုးဖလာရှေးရိုးရာစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ သက်ကြီးစကား သက်ငယ်ကြားဆိုသကဲ့သို့..ရွာတဲ့မိုးကို အဝချိုးပြီး..အပူကင်းစင်တဲ့..ခန္ဓာကိုယ်အဖြစ် ပြုပြင်ယူကြဖို့ အကြံရမိတာနဲ့…
”သမီးရေ..သမီး….မိုးရွာတာလည်း သုံးရက်ရှိပြီ…သမီး….မိုးရေလေးထွက်ချိုးလိုက်..ဖေဖေလည်း..မိုးရေချိုးရင်း....မြက်လေးဘာလေး..နည်းနည်းပါးပါး နှုတ်လိုက်အုံးမယ်... " ဆိုတော့..မိုးရွာထဲ ထွက်ချင်နေတဲ့ သမီးဖြစ်သူလည်း.
" ဟုတ်ကဲ့..ဖေဖေ....သမီး သည်အဝတ်အစားနဲ့ပဲ..မိုးရေချိုးမယ်..ပြီးမှ ရေချိုးခန်းထဲဝင်ပြီး..မိုးရေချိုးမယ် ...ဖေဖေ. " ဆို..သားအဖ နှစ်ယောက်သား..မိုးရေထဲ ထွက်ခဲ့ကြလေတယ်။
သည်လိုနဲ့ ကိုရင်လည်း..ခြံထဲ စိုက်ထားတဲ့ ကန်စွန်းပင်တွေကြားထဲ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ပေါင်းမြက်တွေ ရှင်းနေရင်း... အတွေးစိတ်ကူး တစ်ခု ပေါ်လာတာနဲ့..
“သမီးရေ....ပြောစရာရှိတယ်....ဖေဖေနဲ့အတူတူ..မြက်တွေ ကူနှုပ်ပါ" …ဆိုတော့...
သမီးဖြစ်သူလည်း..အနားရောက်လာပြီး...."သမီး မနှုပ်ချင်ဘူး..ဖေဖေ..ကျောင်းမှာလည်း..မြက်တွေ နှုပ်ရတာ..သမီးလက်ကို ဆူးတွေ စူးတယ်" ဆိုတာနဲ့..."သမီး မနှုပ်ချုင်တာ..ဖေဖေ သိတယ်..ဒါပေမယ့် ပြောစရာရှိလို့ ခေါ်တာ သမီး....အများကြီး နှုပ်စရာမလိုဘူး...တစ်ပင် နှစ်ပင်လောက်ပဲ နှုပ်..ပြီးရင် ..ခြံထဲ မှာ ဆက်ပြီး မိုးရေချိုးရင်း...သမီးခွေးလေးနဲ့ ဆက်ဆော့ပေ့ါ ".ဆိုတော့...အနားရောက်လာတယ်။
ဒါနဲ့.. " သမီး..ခု ဖေဖေ စိုက်ထားတဲ့ ကန်စွန်းပင်တွေ ကြားထဲမှာ..မြက်ပင်တွေ များနေတာ တွေ့ပြီ မဟုတ်လား" ဆိုတော့. ".ဟုတ်တယ် ဖေဖေ..မြက်တွေ သိပ်များနေတယ်...မုန်းဖို့ကောင်းတယ်..ခဏခဏ ဖေဖေ နှုပ်နေရတာ တွေ့တယ်" တဲ့...
..သည်တော့မှ ကိုရင်လည်း..."ဟုတ်တာပေ့ါ သမီး...တကယ်လို့ ဖေဖေသာ သည်မြက်တွေကို မနှုပ်ဘဲ ထားခဲ့ရင်..ဖေဖေ မျိုးစေ့ချ စိုက်ပျိုးခဲ့တဲ့...ကန်စွန်းပင်တွေ အကုန်လုံး ဟာ..မြက်ပင်တွေကြားထဲမှာ..ပျောက်ကွယ်သွားပြီး...ဘာမှ သုံးစားမရတဲ့..မြက်ခင်းကြီး လုံးလုံးဖြစ်သွားမှာပဲ..သမီး.....ဒါက ဘာကို ပြသလဲဆိုတော့...ဖေဖေတို့ လူဖြစ်လာရတဲ့ လူ့ဘဝ...လူဆိုတာ မိမိစိတ်ကို မိမိ အမြဲ ကောင်းတဲ့ဘက်ရောက်အောင် ပြုပြပင်နေဖို့လိုသလို..၊ နိုင်ငံတစ်ခုမှာ ဆိုရင်လည်း...မကောင်းတဲ့ အကျင့် အကြံဆိုးတွေ..အယူမှားအတွေးမှား..လုပ်ရပ်အမှား..တွေ ခေါင်းထောင်ပြီး ပြန့်ပွါးလာမှာကို တားဆီးနေဖို့လိုအပ်တယ်။ သတိမထားဘူး..မပြုပြင်ဘူး..လစ်လျူရှုထားမယ်ဆိုရင်...အခု ဖေဖေတို့ ကန်စွန်းခင်းကို မြက်တွေ ဖုန်းလွှမ်းဝါးမြိုထားသလို..လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှု၊ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းမွန်ရိုးဖြောင့်စွာ အကျိုးရှိရှိ ရှင်သန်နေမှုကို...ဖုံးလွှမ်းဖျက်ဆီးမှု ခံရနှိုင်တယ် သမီးရေ".ဆိုတော့... ဖေဖေ ပြောတာ သိပ်နားမလည်းဘူး" ဆိုလာတယ်။
သည်လိုနဲ့ပဲ..ကိုရင်လည်း..ကလေးနားလည်အောင်..ဆက်ရှင်းပြဖို့ တာဝန်ရှိလာတာနဲ့..."သည်လို သမီးရေ...သမီးကို ဖေဖေ ထမင်းအိုးတည်ခိုင်းတယ်...အိမ်အလုပ်တွေ ဝိုင်းကူခိုင်းတယ်..စာတွေ ဖတ်ခိုင်းတယ်..သင်တန်းတွေ တက်ခိုင်းတယ်။ အဲ့သည်လိုတွေ လုပ်ခိုင်းတော့ သမီး မပင်ပမ်းဘူးလား" ဆိုတော့ "ပင်ပမ်းတာ ပေ့ါ" တဲ့...။
"ဒါဆို..ဟုတ်ပြီ သမီး...တကယ်လို့..ဖေဖေက ..သမီးကို ဟိုး ငယ်ငယ်လေးတုန်းကလို..ပန်းခြံတွေ ကစားကွင်းတွေချည်း လိုက်ပို့မယ်။ ဘာစာမှ မလုပ်ခိုင်းဘဲ တီဗွီပဲ ကြည့်နေခိုင်းမယ်...မီးဖိုချောင်ကိစ္စ ဘာမှ မကူခိုင်းပဲ..ထမင်းပန်းကန်တောင် မဆေးခိုင်းဘဲ ငယ်ငယ်တုန်းကလို..သမီး စားချင်သမျှ တွေချည်းပဲ ချက်ကြွေးပြီး..ဆော့ပြီး ..စား..စားပြီး ဆော့ဆိုရင်..သမီး ပေါ့ပေ့ါပါးပါးနဲ့..သဘောကျမှာ မဟုတ်ဘူးလား" ဆိုတော့.."ဟုတ်တာပေ့ါ..သမီးက အဲ့သည်လိုမျိုးနေချင်တာ..အဲ့သည်လိုမျိုး အရမ်းကြိုက်တာ"ဆိုပဲ။
သည်တော့မှ ကိုရင်လည်း..." ဖေဖေ သမီးကို သိစေချင်တဲ့ အဓိက အချက်ဟာ အဲ့ဒါပဲ သမီး။ တကယ်တော့..ဖေဖေတို့ လူ့ဘဝဆိုတာ..ခု ဖေဖေစိုက်ထားတဲ့..မြေကွက်လပ်ထဲက အပင်တွေလိုပဲ။ စားလို့သောက်လို့ရတဲ့ အပင်ဖြစ်ဖို့..အကျိုးရှိပြီး..တန်ဘိုးရှိတဲ့ စားပင်လေးတွေ အဖြစ် ရှင်သန်ဖြစ်ထွန်းဖို့ဆိုရင်...ခုလို..သတိလက်လွတ် ပေါက်ချင်သလိုပေါက်..ဖြစ်ချင်သလိုဖြစ်ပါစေ ဆိုပြီး..သက်သက်သာသာ ပစ်ထားလို့ရပါ့မလား" ဆိုတော့ " ဘယ်ရပါ့မလဲ ဖေဖေ..မြက်တွေလည်း နှုပ်ရမယ်..ရေလည်း လောင်းရမယ်...မြေသြဇာလည်း ထည့်ရမယ်" တဲ့.....
ဒါနဲ့ ကိုရင်လည်း.."ဟုတ်တာပေ့ါ.တန်ဘိုးရှိတဲ့ အပင်လေးတစ်ပင်ဖြစ်လာဖို့....အဲ့သည့်လို ဂရုတစိုက် ပြုစု ပျိုးထောင်..စောင့်ရှောက် ထိန်းသိမ်းရတဲ့ အလုပ်က...ပေါက်ချင်သလိုပေါက်နေတဲ့ တန်ဘိုးမဲ့တဲ့ အလေ့ကျ အပင်ထက်ပိုပင်ပမ်းနှိုင်သလို..ပိုပြီးလည်း ခက်ခဲနှိုင်တယ်ဆိုတာ သမီးသိရင် ကျေနပ်ပြီ သမီး " ဆိုတော့....."ဖေဖေ ..ရှင်းပြတာ..နားလည်ပါပြီ "တဲ့.......
ဒါနဲ့ ကိုရင်လည်း..."ဒါဆို သမီး မိုးရေထဲ သွားဆော့လို့ရပြီ " ဆိုပြီး...ခွင့်ပြုလိုက်ရင်း ကလေးကို ရှင်းမပြလိုက်သေးတဲ့..အတွေးတစ်စကို ခပ်ရေးရေး ဆက်တွေးမိနေတာက.....
အဖွဲ့အစည်းတစ်ခု...နိုင်ငံတစ်ခု....ကုန်ကုန်ရေးရလျင် နောက်ဆုံး လူ့အသိုင်းအဝိုင်း တစ်ခုမှာ.......မိမိရှင်သာရာ အသိုက်အမြုံ..လူ့အသိုက်အဝန်း..အဖွဲ့အစည်းအတွင်း......တစ်ပင်စ..နှစ်ပင်စမှသည်..အမြဲအားကောင်းမောင်းသန် ဝါးမြိုလာချေနှိုင်သော...ပေါင်းပင်နှင့်တူသော...မြက်ရိုင်း...ဆူးရိုင်း...အဆိပ်ရိုင်းတို့ကို...အမြဲ နှိပ်ကွပ်....ရှင်းလင်း လက်ဦးမှုရယူ...သုတ်သင်..ခြင်းသည်သာလျှင်...တည်ငြိမ်သော၊ တရားမျှတသော...အေးငြိမ်းချမ်းသာသော.. လူ့အသိုက်အမြုံ...တစ်ခုအဖြစ်ရပ်တည်နှိုင်စေမည့်...ပဓာနကျလှသော လောကနိယာမ ပါလားဆိုတဲ့.....မိုးရေစက်တို့ တဖျောက်ဖျောက် အောက်မှ အတွေးတစ်ပေါက်အဖြစ်...
ဘဒ္ဒမြေလွှာ...ဤကမ္ဘာမှာ....
ရောင်ခြည်မိုးသောက်...အလင်းရောက်ဖို့....
ပင်ဆိုး..ပင်အောက်..ကြားမပေါက်ဖို့....
အစဉ်ရှုထောက်...သုတ်သင်ကောက်.....ကြပါစို့...ဆိုတာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်...
ကိုရင်ထွန်း (Nay Tun)
Literature Thoughts of Nay Tun
၂၉- ၅- ၂၀၂၃
++++++++++++++++++++++++++++++++++++++
Zawgyi
++++++++++++++++++++++++++++++++++++++
ှီး....ဝုန်း..ဝုန်း ဂျိန်း……
ကောင်းကင်တခွင်လုံး..တဟီးဟီး...တဟဲဟဲ..လေပြင်းတိုက်ခိုက်သံ..မိုးထစ်ချုန်းသံများ မြည်ဟီးပြီး..အုံ့ဆိုင်း မဲမှောင်နေသော မိုးသားတိမ်လိပ်များနဲ့အတူ...တဖျောက်ဖျောက်ရွာသွန်းနေသော..မိုးရေစက်တို့အောက်...ဝယ် အပူချိန် ၄၀ ဒီဂရီ ဖါရင်ဟိုက်မျှ မြင့်မားလှသော..မဟာပထဝီမြေကြီးသည်..ချက်ခြင်းကြီးဆိုသလို..စိုစွတ်ချမ်းမြပြီး.မိုးကိုမျှော်လင့်သော သစ်ပင်ပန်းပင်များ၏ တောင်းဆုကို ပြည့်ဝစေသည့်နှယ်..လောကတခွင်ကို  စည်းချက်ညီစွာဖြင့် အလှဆင်သေည်။
မကြုံစဖူး ထူးကဲလာတဲ့ နေ့အပူချိန် မြင့်တက်မှုနဲ့အတူ..ကိုရင်တို့အပါအဝင်..အများပြည်သူအားလုံး ခံစားနေကြရတဲ့..အပူချိန်ပြောင်းလဲခြင်း..လက္ခဏာများဖြစ်တဲ့ အပူဖုပေါက်ခြင်း..မိတ်ထွက်ခြင်း..စသည့် အပူနာ ရောဂါဝေဒနာများဟာ….မိရိုးဖလာရှေးရိုးရာစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ သက်ကြီးစကား သက်ငယ်ကြားဆိုသကဲ့သို့..ရွာတဲ့မိုးကို အဝချိုးပြီး..အပူကင်းစင်တဲ့..ခနာကိုယ်အဖြစ် ပြုပြင်ယူကြဖို့ အကြံရမိတာနဲ့…
သမီးဖြစ်သူလည်း..အနားရောက်လာပြီး...."သမီး မနှုပ်ချင်ဘူး..ဖေဖေ..ကျောင်းမှာလည်း..မြက်တွေ နှုပ်ရတာ..သမီးလက်ကို ဆူးတွေ စူးတယ်" ဆိုတာနဲ့..."သမီး မနှုပ်ချုင်တာ..ဖေဖေ သိတယ်..ဒါပေမယ့် ပြောစရာရှိလို့ ခေါ်တာ သမီး....အများကြီး နှုပ်စရာမလိုဘူး...တစ်ပင် နှစ်ပင်လောက်ပဲ နှုပ်..ပြီးရင် ..ခြံထဲ မှာ ဆက်ပြီး မိုးရေချိုးရင်း...သမီးခွေးလေးနဲ့ ဆက်ဆော့ပေါ့ ".ဆိုတော့...အနားရောက်လာတယ်။
ဒါနဲ့ ကိုရင်လည်း.."ဟုတ်တာပေါ့.တန်ဘိုးရှိတဲ့ အပင်လေးတစ်ပင်ဖြစ်လာဖို့....အဲ့သည့်လို ဂရုတစိုက် ပြုစု ပျိုးထောင်..စောင့်ရှောက် ထိန်းသိမ်းရတဲ့ အလုပ်က...ပေါက်ချင်သလိုပေါက်နေတဲ့ တန်ဘိုးမဲ့တဲ့ အလေ့ကျ အပင်ထက်ပိုပင်ပမ်းနှိုင်သလို..ပိုပြီးလည်း ခက်ခဲနှိုင်တယ်ဆိုတာ သမီးသိရင် ကျေနပ်ပြီ သမီး " ဆိုတော့....."ဖေဖေ ..ရှင်းပြတာ..နားလည်ပါပြီ "တဲ့.......
ကိုရင်ထွန်း (Nay Tun)
၂၉- ၅- ၂၀၂၃
+++++++++++++++++++++++++++++++++++++++++++++