Pages

Tuesday, June 4, 2024

တိုင်းပြည်အနာဂါတ်အပေါ် အဆုံးစွန်ထိယုတ်ကန်းကြသူများ

++++++++++++++++++++++++++++++++++++++++

လက်နက်ကိုင် ဘူဇွာတွေ၊ စီးပွါးရေး ဘူဇွာတွေကတော့...မြန်မာပြည်ကြီး အဖတ်ဆည်မရအောင် အစွမ်းဆုံးအထိ ယုတ်ကန်းကြမယ့် အနေအထားပဲ။ တစ်ခါက ရေးခဲ့သလို၊ တိုင်းရင်းသား ခေါင်းဆောင်အမည် ခံတဲ့ လက်နက်ကိုင်တွေ ဟာ သူတို့ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း လက်တစ်ဆုပ်စာလူနည်းစုလောက်ကို၊ အနောက် နိုင်ငံက ကျောင်းတွေဖြစ်တဲ့ ဟားဗတ်စ်တို့ အောက်စ်ဖို့ဒ် တို့ကိုလွှတ်ပြီး ပညာသင်ကြားစေပေမယ့်၊ ဒေသခံ ကျောမွဲ တိုင်းရင်းသား လူတန်းစားတွေရဲ့ သားသမီးတွေကိုတော့ မြန်မာနိုင်ငံအတွင်းမှာ ပညာကောင်းကောင်း မသင်ကြားစေဘဲ၊ အရွယ်ရောက်တာနဲ့ သနတ်လွယ်ခိုင်းပြီး၊ ဆတ်ကြေးကောက်ခိုင်းတယ်၊ လူမျိုးရေး မုန်းတီးမှုရိုက်သွင်းပြီး  အရွယ်နဲ့ မှမျှတဲ့ အကြမ်းဖက်မှုတွေနဲ့ ယဉ်ပါးစေခဲ့တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ ရှင်းလို့မရနှိုင်လောက်တဲ့ အနေအထားထိ စွဲမြဲ အမြစ်တွယ်ခဲ့ပြီး၊ တိုင်းပြည်တိုးတက်မှု ဆုတ်ယုတ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းဖြစ်ခဲ့ရတယ်။ ယခုလက်ရှိလည်း၊ ၎င်းတို့ရဲ့ သသားသမီး လက်တစ်ဆုပ်စာ အနည်းငယ်ကိုသာ အနောက်တိုင်းမှာ ပို့လွှတ်ပညာသင်ကြားစေထားတဲ့ နိုင်ငံရေး အစွန်းရောက်တွေရဲ့ တော်လှန်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်းက မျိုးဆက်သစ် လူငယ်အများစုကို ပညာမသင်ကြားကြစေဖို့ ၊ ပြည်တွင်းနှိုက်လည်း၊ လူနည်းစုဖြစ်တဲ့ ဘူစွာ လူတန်းစားတွေသာ  တက်နှိုင်တဲ့ တန်ဘိုးကြီး ကိုယ်ပိုင်ကျောင်းတွေနဲ့ ပါတ်သက်၍၊ တစွန်းတစတောင် အထိအခိုက်မခံ၊ ရှုံချ ပစ်တင်မှုမခံကြရပေမယ့်၊ နိုင်ငံတော်က ဖွင့်တဲ့ အခမဲ့ ပညာရေးကျောင်းတွေကို မတက်ရောက်စေဖို့ ဖေါက်ခွဲ ဖျက်ဆီးရေးတွေ လုပ်နေတဲ့ အနေအထားဟာ၊ အဆင်ခြင်ဉာဏ်မဲ့ ထုံထိုင်း ရိုင်းစိုင်းတဲ့ အသုံးချခံ လူတန်းစားတစ်ရပ် နိင်ငံအနှံ မျိုးဆက်တစ်ခုအနေနဲ ပေါ်ထွက်လာရေး ရည်ရွယ်ချက်ထားတဲ့ အယုတ်ညံ့ဆုံး လုပ်ရပ်တစ်ခု ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရပြီး ကြွေလွင့်ခဲ့ရတဲ့ လူငယ်များရဲ့ ဆုံးရှုံးမှုအတွက်   မှတ်တမ်းပြုရေးသားထားလိုက်ပါတယ်။


အမိမြန်မာပြည် ငြိမ်းချမ်းပါစေ။ သူပုန်ဟူသမျှ ချုပ်ငြိမ်းပြီး၊ အမြောင်အမြင်ရှိသော၊ ရဲဝံ့ထက်မြက်သော အနာဂါတ်မျိုးဆက်သစ်များဖြင့် တရားမျှတလွတ်လပ်ခြင်းအပြည့်နဲ့ ရွှေခေတ်သို့ လှမ်းချီတက်နှိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။

အဓိပတိ သစၥာ

A Record from Terrorist Attack
++++++++++++++++++
The armed bourgeoisie, As for the economic bourgeoisie... It is a position where they will be best try to destroy the country endless. As I once wrote, The armed men, who claim to be ethnic leaders, only a handful of their families, relatives, and communities. Although he was sent to western schools such as Harvest and Oxford to study, The children of the local backward ethnic groups are not given a good education in Myanmar. As soon as he reached adulthood, they push and ask try to get black money, It instilled racial hatred and tamed it with age-appropriate violence. Therefore, ethnic armed conflicts within Myanmar have been rooted to the point where they cannot be resolved. It was the main reason why the country's progress declined. Similary, Political Extremist who they sent their children to study in the Western Education, under the pretext of the revolution of the political extremists, Buy they prevent that most of the young generation in this country would not be educated. Domestically, Regarding expensive private schools attended only by the minority. Not even the slightest touch, Although they were not condemned, This situation is to prevent the whole educated population and that they are destroying the free education schools opened by the state to , So that they will get big achivement for their basely political version. It is one of the most depraved actions aimed at the emergence of a nation-wide generation of an ignorant, lethargic, and exploited class. A record has been written about the loss of the young people who were displaced by violence.
May Myanmar have peace. All the rebels should be put to an end in this country. Visionary, I wish that the brave and talented future generations march forward into a golden age full of justice and freedom.

A Record from Terroist Attack

Friday, January 12, 2024

နှလုံးသွေးတို့ဖြင့် ရေးအပ်ခဲ့သော ငါတို့အမိမြေ

 လူဦးရေအားဖြင့် မြန်မာပြည်ရဲ့ အရှေ့မြောက်ဘက်မှာ. သန်း (၁၅၀၀) ရှိတဲ့ တိုင်းပြည်တစ်ခုရှိတယ်။ အနောက်မြောက်ဘက်မှာ သန် (၁၄၀၀) ရှိတဲ့ တိုင်းပြည်တစ်ခုရှိတယ်။ အရှေ့တောင်ဘက်မှာ သန်း (၇၀) ကျော်တဲ့ တိုင်းပြည်တစ်ခုရှိတယ်။ အနောက်ဖက်မှာ သန်း (၁၅၀) ကျော်တဲ့ တိုင်းပြည်တစ်ခုရှိတယ်။ အဲ့သည့်လို ကိုယ့်ထက် လူဦးရေ အဆမတန် များတဲ တိုင်းပြည်တွေကြားထဲမှာ..ရပ်တည်ဖို့အတွက်..တော်ရုံဗီဇ သွေးရှိရုံ၊ ပုံမှန် ခံယူချက် အသိအမြင် ရှိနေရုံလာက်နဲ့ မရသလို ပုံ မှန် အနေအထားနဲ့ ရင်ဆိုင်နှိုင်စွမ်းရှိရုံလောက်နဲ့မရဘူး။ သဘာဝကပေးတဲ့ အနေအထားအရကိုက နဂိုကတည်းက သာလွန်အင်အားတွေချည်းပဲ။ အဲ့သည့်သာလွန်အင်အားတွေ ကြားထဲမှာ.ရှေးက ဘိုးဘေး တွေလည်း သူတို့ နှလုံးသွေးတွေကို စတေးပြီး သည်မြေ တည်တံ့စေရေးကို အလေးပေးခဲ့သလို..လက်ရှိအခြေအနေအရလည်း..စတေးဝံ့သူတွေရဲ့ သွေးနဲ့သာ အနာဂါတ် ဖြစ်တည်ရေးကို ဆက်ပြီး သမိုင်းမှတ်တမ်းရေးရမယ့် တစ်ကွေ့ဆိုတာလေး မမေ့ကြစေချင်ပါလို့သာ..

 သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဘုရင်

+++++++++++++++++++++++++++++
နရသီဟပတေ့မင်း နန်းတက်သည့် ၁၂၅၆ ခုနှစ်မှာပင် ပထမဉီးဆုံး ဖရိုဖရဲဖြစ်မှု ပေါ်ပေါက်လာခဲ့သည်။ အတွေ့အကြုံမရှိသော ဘုရင်သည် အနောက်ဖက်တွင် ရခိုင်ပြည်နယ် မက်ချာဂီရိ ( မျက်မှောက်ခေတ် ကျောက် ဖြူခရိုင်) နှင့် တောင်ဘက်တွင် မုတ္တမ ဒေသတို့၏ ပုန်ကန်ခြားနားမှုကို ရင်ဆိုင်ရလေသည်။ မုတ္တမပုန်ကန်ထကြွ မှုကိုအလွယ်တကူ နှိမ်နင်းနှိုင်သော်လည်း၊ မက်ချာဂီရိ ပုန်ကန်မှုကို နှစ်ကြိမ်တိုင်နှိမ်နင်းခဲ့ရလေသည်။ သို့သော် လည်း မုတ္တမက ၁၂၈၅ ခုနှစ်တွင် ဒုတိယတကြိမ် ပုန်ကန်ထကြွပြန်လေသည်။ သို့သော် ဤ ဒုတိယတကြိမ်တွင် မြောက်ဘက်မှ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဖြစ်၍ မုတ္တမပုန်ကန်မှုကို မည်သည့်အရေးယူမှုမှ မပြုနှိုင်ချေ။ ယွမ်မင်းဆက် မွန်ဂိုလ်းတို့က ၁၂၇၁ ခုနှစ်နှင့် ၁၂၇၃ ခုနှစ်တို့တွင် လက်ဆောင်ပဏ္ဍာဆက်သရန် တောင်းဆိုလေ သည်။ နရသီဟပတေ့ ဘုရင်က နှစ်ကြိမ်လုံးကို ငြင်းဆိုလေသည်။ ဒုတိယ အကြိမ်စေလွှတ်လိုက်သော သံအဖွဲ့ သည် ပုဂံမှ အပြန်တွင် ဒါးပြတို့၏ သတ်ဖြတ်မှုကိုခံလိုက်ရသည်။
၁၂၇၅ - ၇၆ ခုနှစ်များတွင် မွန်ဂိုးလ် စစ်တပ်သည် စုန့်မင်းဆက် သစ္စာတော်ခံများ၊ ဒုက္ခသည်များထွက်ပြေး လွတ်မြောက်ရာ ထွက်ပေါက်ကိုပိတ်ဆို့သည့်အနေဖြင့် ပုဂံ-ယူနန်နယ်စပ်ကို ခိုင်ခံ့အောင်သိမ်းသွင်းစည်းရုံး ပါသည်။ ထိုအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ကောင်းဂိုင် ( Kaungai ) ( မျက်မှောက်ခေတ် ယူနန်ပြည်နယ် တက်ဟုန် တိုင်း) ကိုလည်း သိမ်းသွင်းခဲ့ပါသည်။
ပုဂံ၏ စတင်တိုက်ခိုက်မှုနှင့် ငဆောင်ချမ်းတိုက်ပွဲ
လက်ဆောင်ပဏ္ဍာဆက်သစေရန် စေလွှတ်လိုက်သောသံတမန်များအား မချေမငံဆက်ဆံမှုကို ကူဗလေခန် ဘုရင်က ချက်ခြင်းတုန့်ပြန်မှု မပြုခဲ့သဖြင့် နရသီဟပတေ့မင်းသည် မိမိကိုယ်ကိုပိုမိုစိတ်ချယုံကြည်လာသည်။ မွန်ဂိုလ်တို့ထံ မကြာသေးမီကမှ သစ္စာတော်ခံလိုက်သည့် ရှမ်းနယ် ကောင်းဂိုင် ( Kaungai ) ကို ၁၂၇၇ ခုနှစ်တွင် တိုက်ဆင် ၁၂၀ ပါဝင်သည့် တပ်စေလွှတ်ကာတိုက်ခိုက်လေတော့သည်။ ထိုအခါ ကူဗလေခန်က မြန်မာတို့၏ရန် ကို ကာကွယ်ရန် ဒေသခံတပ်များကို အမိန့်ပေးလိုက်ပါသည်။
မြန်မာတပ်တွင် ပါဝင်သော တိုက်ဆင်များကို အထိတ်တလန့်ဖြစ်ကြသည့် မွန်ဂိုးလ် မြင်းစီး-လေးစစ်သည် တို့သည် အစပိုင်းတွင် ကစဥ့်ကလျားဖြင့် ထိမ်းမနိုင်သိမ်းမရဖြစ်ခဲ့သော်လည်း၊ ယွမ်စစ်သူကြီး ခုတူ ( Qutuq ) က တည်ငြိမ်စွာဖြင့် သူ၏စစ်သည်များကို မြင်းပေါ်မှဆင်းကာ အနီးပတ်ဝန်းကျင်ရှိ သစ်တောများအတွင်း လံထား စေကာ လေးမြှားဖြင့်သာ တိုက်ခိုက်ရန်အမိန့်ပေးလေသည်။ မွန်ဂိုးလ်စစ်သည်တို့၏ လေးချက်ကြောင့် ပြင်းထန် စွာထိခိုက်နာကျင်သော မြန်မာတိုက်ဆင်တို့သည် ရုန်းရင်းဆန်ခတ်ပြေးလွှားကြလျက် ကိုယ့်တပ်ကိုပြန်နင်း လေ တော့သည်။ ဤအခြေအနေကို ချက်ခြင်းအခွင့်ကောင်းယူကာ မွန်ဂိုးလ်စစ်သည်တို့သည် မြန်မာစစ် သည်များကို ဝင်ရောက်တိုက်ခိုက်လေရာ မြန်မာတပ်ပျက်လေသည်။ ထိုတိုက်ပွဲမှာ ငဆောင်ချမ်း ( မျက်မှောက်ခေတ် ယူနန် ပြည်နယ် ရင်ကျန်း ဒေသ ) တိုက်ပွဲဖြစ်သည်။
မြန်မာတပ်သည် တိုက်ပွဲတွင် ရှုံးနိမ့်သွားလေရာ မွန်ဂိုးလ်တပ်တို့က ပုဂံအင်ပိုင်ယာအတွင်းရှိ ဗန်းမော် တောင်ကြားးကို ကာကွယ်ထားသည့် ကောင်းစင်ဒေသအထိ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လေတော့သည်။ စစ်ပွဲတွင် မွန်ဂိုးလ်တို့ အနိုင်ရသော်လည်း စစ်သူကြီးး ခုတူ ဒဏ်ရာရသွားသဖြင့် ၁၂၇၈ ခုနှစ်တွင် ယူနန်နယ်သို့ ပြန်လည် ဆုတ်ခွာသွားပါသည်။ ၁၂၇၈ ခုနှစ်ကုန်ပိုင်းတွင် မွန်ဂိုးလ်တို့သည် ကောင်းစင်နှင့် ငဆောင်ချမ်းတို့တွင် ခံတပ်များလာရောက်တည်ဆောက်ခဲ့ကြပါသည်။ (Than Tun 1964: 136–137)
မွန်ဂိုးလ်တို့ကျူးကျော်တိုက်ခိုက်ခြင်း (1283–85 )
၁၂၈၁ ခုနှစ်တွင် မွန်ဂိုးလ် ဧကရာဇ်က နရသီဟပတေ့အား လက်ဆောင်ပဏ္ဍာဆက်သရန် ထပ်မံတောင်းဆို ပြန်လေသည်။ နရသီဟပတေ့က ငြင်းဆန်လိုက်ပြန်သည့်အတွက် ၁၂၈၃ ခုနှစ် စက်တင်္ဘာလတွင် မြန်မာနိုင်ငံ မြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ရန် အမိန့်ပေးလိုက်လေသည်။ ငဆောင်ချမ်းအရပ်ရှိ မြန်မာခံတပ်မှာ ၁၂၈၃ ခုနှစ် ဒီဇင်္ဘာလ ၃ ရက်နေ့တွင်၎င်း၊ ကောင်းစင်ခံတပ်မှာ ဒီဇင်္ဘာလ ၉ ရက်နေ့တွင်၎င်း မွန်ဂိုးလ်တို့ လက်သို့ကျ ရောက်သွားလေသည်။ ၁၂၈၄ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် တကောင်းကိုသိမ်းပိုက်လိုက်ကြသည်။ သို့သော်လည်း မြန်မာပြည်၏ အပူဒဏ်ကိုမခံနှိုင်သဖြင့် တကောင်းမှ ပြန်လည်ဆုတ်ခွာသွားကြရာ မေလ ၁၀ ရက်နေ့တွင် မြန်မာတို့က တကောင်းကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ သို့သော်လည်း ၁၂၈၄-၈၅ ခြောက်သွေ့ရာသီ တွင် မွန်ဂိုးလ်တို့က ထပ်မံတိုက်ခိုက်လာပြန်ရာ ၁၂၈၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဟန်လင်းအထိ ရောက်ရှိခဲ့ကြ သည်။ မွန်ဂိုးလ်တို့သည် ပုဂံကိုချီတက် တိုက်ခိုက်ရန် အမိန့်မရခဲ့သော်လည်း နရသီဟပတေ့မင်းမှာ ကြောက်လန့် သဖြင့် ပုဂံကို ခုခံကာကွယ်ခြင်း မပြုဘဲ အောက်မြန်မာပြည်သို့ ထွက်ပြေးလေသည်။
အောက်မြန်မာနိုင်ငံ‌ရောက် ပြည်ပြေး နရသီဟပတေ့
နရသီဟပတေ့သည် ပြည်မြို့၏ အနောက်ဖက် လှည်းကျား တွင် ယာယီနန်းစိုက်လေသည်။ သူက ၎င်း၏ သားသုံးယောက်ကို ပုသိမ်၊ ဒလနှင့် ပြည် တို့ကို အုပ်ချုပ်ခွင့်ပေးထားသော်လည်း ၎င်းတို့၏ ထောက်ခံမှုကို မရခဲ့ချေ။ သူကလည်း ၎င်းတို့ကိုမယုံကြည်ပေ။ သူ့နှင့် သူ၏အင်အားသေးငယ်လှသော စစ်တပ်ကိုလည်း မည်သူ ကမျှ အထင်မကြီးကြချေ။ ထို့ကြောင့် မကြာမီ ပဲခူးက ပုန်ကန်ထကြွပြီး ဘုရင့်တပ်မတော်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ထုတ်ပစ်လိုက်သည်။ မုတ္တမကလည်း ပုန်ကန်ထကြွလေသည်။ ပဲခူးက ခွဲထွက်ပုန်ကန်ခြင်းမှာ အောက်မြန် မာနိုင်ငံ အရှေ့ခြမ်းတခုလုံး ပုန်ကန်ခြားနားသည့်သဘောဖြစ်လေသည်။ သူ၏ သားသုံးယောက်က အောက်မြန် မာနိုင်ငံ အနောက်ခြမ်းတခုလုံးကို ထိန်းချုပ်ထားဆဲဖြစ်သည်ဆိုသော်လည်း နရသီဟပတေ့က သားသုံးယောက် ၏ ထောက်ခံမှုကို မယုံရဲချေ။
မွန်ဂိုးလ်၏ အခြွေအရံ နိုင်ငံအဖြစ် သစ္စာခံခြင်း ( ၁၂၈၇ )
၁၂၈၅ ခုနှစ် ဒီဇင်္ဘာလတွင် နရသီဟပတေ့က ဝန်ကြီးချုပ်နှင့် စစ်သူကြီး အနန္တ ပစ္စည်း နှင့် စစ်သူကြီး မဟာ ဘို တို့ကို စစ်ပြေငြိမ်းချမ်းရေးပြုလုပ်ရန် မွန်ဂိုးလ် စစ်သူကြီးများရှိနေသည့် ဟန်လင်းသို့စေလွှတ်လေသည်။ ၎င်းတို့သိမ်းပိုက်ထားသည့် မြောက်ပိုင်းမြန်မာနိုင်ငံကို ကျန်းမြန် ( 征緬 ) ဟုအမည်ပေးလျက် အစောင့်ရှောက်ခံ နိုင်ငံ တခုအဖြစ် တည်ထောင်နေသည့် မွန်ဂိုးလ်စစ်သူကြီးသည် စစ်ပြေငြိမ်းရန် သဘောတူသော်လည်း၊ လုံးဝ ဉဿုံလက်နက်ချ အညံ့ခံရန် တောင်းဆိုလေသည်။ ထို့ပြင် ၁၂၈၁ ခုနှစ်ကတောင်းဆိုခဲ့သည့်အတိုင်း မွန်ဂိုးလ် ဧကရာဇ်ထံ တရားဝင်သံအဖွဲ့စေလွှတ်ရန်ထပ်မံတောင်းဆိုလေသည်။ သို့ဖြင့် ၁၂၈၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် နှစ်ဘက်ယာယီ သဘောတူညီချက် ရရှိခဲ့လေသည်။ သို့ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းကို မြန်ကျုံး (緬中;) အဖြစ် သတ်မှတ်ကာ မြန်မာဘုရင်အနေဖြင့် မွန်ဂိုးလ် ဧကရာဇ်ထံ တရားဝင်သံအဖွဲ့စေလွှတ်ရမည်ဖြစ်လေသည်။ (Wade 2009: 45)
အချိန်အတော်ကြာ ချင့်ချိန်စဉ်းစားပြီးနောက် ၁၂၈၆ ခုနှစ် ဂျွန်လတွင် မွန်ဂိုးလ်တို့၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီး ရှင်ဒိသာပါမောက် ခေါင်းဆောင်သော သံကိုယ်စားလှယ်အဖွဲ့ကို ဧကရာဇ်နန်းတော်သို့ စေလွှတ် လိုက်လေသည်။ (Yazawin Thit Vol. 1 2012: 148, footnote 10)
၁၂၈၇ ခုနှစ်တွင် သံအဖွဲ့သည် ဘေဂျင်းသို့ ရောက်ရှိလာရာ ဧကရာဇ်က လက်ခံတွေ့ဆုံသည်။ မြန်မာသံအဖွဲ့ သည် မြန်မာနိုင်ငံကို မွန်ဂိုးလ်အင်ပိုင်ယာ၏ လက်အောက်ခံနိုင်ငံတခုဖြစ်ကြောင်း တရားဝင် လက်ခံအသိ အမှတ်ပြုပြီး၊ နိုင်ငံတွင်း စိုက်ပျိုးထွက်ကုန်ပမာဏအပေါ်မူတည်ကာ ဘဏ္ဍာတော်ဆက်ကြေး ပေးဆောင်ရန် သဘောတူညီလေသည်။ အထက်မြန်မာနိုင်ငံကို ကျန်းမြန် (( 征緬 ) ဟုဖွဲ့စည်းပြီး အလယ်ပိုင်းမြန်မာနိုင်ငံကို မြန် ကျုံး (緬中;) အဖြစ် စည်းရုံး ဖွဲ့စည်းရန် သဘောတူသည်။ အပြန်အလှန်အားဖြင့် ဧကရာဇ်က ၎င်း၏တပ်များကို ရုတ်သိမ်းပေးရန် သဘောတူညီသည်။ မြန်မာသံအဖွဲ့သည် လှည်းကျားသို့ ၁၂၈၇ ခုနှစ် မေလတွင် ပြန်လည် ရောက်ရှိပြီး သဘောတူညီချက်ကို နရသီဟပတော့ထံ လျှောက်ထားတင်ပြသည်။ (Yazawin Thit Vol. 1 2012: 148, footnote 10)
နောက်တလခန့် အကြာတွင် ဘုရင်နှင့် သူ၏နောက်လိုက်နောက်ပါ အဖွဲ့ငယ်လေးသည် ပုဂံသို့ထွက်ခွာလာ ခဲ့ကြလေသည်။ လမ်းတွင် သူ၏သားတော်တပါးဖြစ်သည့် ပြည်မြို့စား သီဟသူ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၂၈၇ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့တွင် အဆိပ်သောက် သတ်သေရန် အတင်းအဓမ္မ စေခိုင်းခြင်းခံရလေသည်။ ငြင်းဆန် ပါက ဒါးဖြင့် ကွက်မျက်ခြင်းကိုခံရမည်ဖြစ်သဖြင့် “ နောင်ဘဝဆက်တိုင်း သားယောက်ကျားကလေး မရလို ကြောင်း” ဆုတောင်းကာ အဆိပ်ကိုမျိုချလိုက်ပြီးကိုယ့်ကိုကိုယ် အဆုံးစီရင်လေသည်။
နရသီဟပတေ့ ကွယ်လွန်သည်နှင့် နှစ်ပေါင်း ၂၅၀ ကြာတည်တံ့ခိုင်မြဲခဲ့သော ဧရာဝတီမြစ်ဝှမ်းဒေသနှင့် အဖျားအနားဒေသအပေါ် ပုဂံ ၏ အုပ်ချုပ်မှုသည်လည်း ပြိုကွဲလေတော့သည်။ အောက်မြန်မာပြည်တွင် ၁၂၈၇ ခုနှစ်တွင် မွန်တို့၏ ဟံသာဝတီ ပေါ်ထွက်လာပြီး၊ အနောက်ဖက်တွင် ရခိုင်တို့ ကိုယ့်ထီးကိုယ့်နန်းနှင့် အုပ်ချုပ်လာ ကြသည်။ မြောက်ဘက်အရပ်တွင် မွန်ဂိုးလ် တို့နှင့်အတူ လိုက်လာပါလာသော ရှမ်းတို့က ကချင်တောင်တန်း ဒေသနှင့် ရှမ်းတောင်တန်ဒေသများ၊ အနောက်ဖက် မြောက်ဒေသ များသို့ ဝင်ရောက်လွှမ်းမိုးလာကြသည်။
မွန်ဂိုလ်းတို့သည် ၁၂၈၇ ခုနှစ်တွင် နောက်ထပ်တကြီမ်ကျူးကျော်တိုက်ခိုက်ပြန်လေသည်။ မကြာသေးမီက ပြုလုပ်သည့် သုတေသနရလဒ်များအရ ၎င်းတို့သည် ပုဂံအထိမရောက်နှိုင်ဟု ညွှန်ပြနေသည်။ တိုက်ခိုက်ဖျက်ဆီး မှုများပြုလုပ်ခဲ့သော်လည်း အနည်းအကျဉ်းမျှသာ ဖြစ်ပုံရပါသည်။ နရသီဟပတေ့ မင်းကွယ်လွန်ပြီးနောက်တွင် ပုဂံ၏ လက်အောက်ခံနယ်ပယ်များသည် ပုန်ကန်ထကြွကြကာ ကိုယ့်လမ်းကိုယ်လျှောက်ကြလေသည်။ ၁၂၈၅ ခုနှစ်တွင် တောင်ဘက်အရပ်ရှိ မုတ္တမမြို့စား ဝါရီရူက အောက်မြန်မာနိုင်ငံရှိ မွန်တို့နေထိုင်ရာဒေသ ရာမညဒေသ (မွန်တို့ဌာနေ) ကို ၁၂၈၇ ခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့တွင် လွတ်လပ်ရေးကြေငြာသည်။ အနောက်ဖက်ဒေသတွင် ရခိုင်ဒေသက လက်ဆောင်ပဏ္ဍာဆက်သခြင်းကို ရပ်စဲလိုက်လေသည်။ (Harvey 1925: 68) မှန်နန်းရာဇဝင်၏ မှတ်တမ်းများအရ သံလွင်အရှေ့ဖက်ခြမ်း ပြည်နယ်များဖြစ်သည့် ကျိုင်းဟုန်း၊ ကျိုင်းတုန်နှင့် ချင်းမိုင် တို့အပါ အဝင် အရှေ့ဖက်ပိုင်း နယ်မြေဒေသများသည် လက်ဆောင်ပဏ္ဍာ ဆက်ကြေးပေးခြင်းကို ရပ်စဲလိုက်ကြသည်ဟု ဆိုလေသည်။ (Hmannan Vol. 1 2003: 360) ဤသို့ဖြင့် နှစ်ပေါင်း၂၅၀ မျှတည်တံ့ခိုင်မြဲခဲ့သော ပုဂံ အင်ပိုင်ယာသည် ပြိုလဲပျက်စီးသွားလေတော့သည်။
သမိုင်းမှာချန်ထားရစ်တဲ့ မှတ်တမ်း
နရသီဟပတေ့မင်းသည် မွန်ဂိုးလ်တို့ကို ပုဂံမှ ခုခံတိုက်ခိုက်မှုမပြုဘဲ တောင်ဘက်အရပ်သို့ ထွက်ပြေးခဲ့သည့် အတွက် မြန်မာ့သမိုင်းတွင် “ တရုတ်ပြေးမင်း” ဟု ရှက်ဖွယ် ကင်ပွန်းတပ်ခံရလေသည်။ မှန်နန်းရာဇဝင်တွင် သူ့ကို “ အစားကျူးသူ” “ ဒေါသခက်ထန်သူ” “မောက်မာပြီး မလိုမစ္ဆိရိယများသူ” “လောဘရမက်ငမ်းငမ်းတက် အလိုရမက်ကြီးသူ” စသဖြင့် မညှာမတာ ပုံဖေါ်‌ရေးသားခဲ့သည်။ နရသီဟပတေ့မင်းသည် တနပ်စာ စားတော် ခေါ်ရာတွင် ဟင်းခွက်ပေါင်း သုံးရာ ပြည့်မှ ကျေနပ်ကြောင်း မှတ်တမ်းများတွင်ရေးသားထားကြသည့်အတွက် ထိုအကျင့်ဆိုးက ပုဂံကို အုပ်စိုးခဲ့သည့် မင်းများအကြားတွင် နာမည်ဆိုးဖြင့် တွင်ကျန်ရစ်လေသည်။
သမိုင်းသုတေသီများ၏ အမြင်အရမူ နရသီဟပတေ့မင်းသည် နိုင်ငံကို စီမံအုပ်ချုပ်ရာတွင် ညံ့ဖျင်းသူ ဖြစ်သည် မှန်သော်လည်း ပုဂံအင်ပိုင်ယာ ကျဆုံးခြင်းအတွက် သူ့တယောက်တည်းအပေါ် အပစ်ပုံချခြင်းမှာ မျှတမှု မရှိဟု ဆိုပါသည်။ ပုဂံ အင်ပိုင်ယာ၏ ချို့ယွင်းအားနည်းချက်များမှာ သူ့အရင်မင်းများ လက်ထက် ကတည်းက ရှည်ကြာခိုင်မာစွာ ဖြစ်တည်လာခဲ့ပြီးဖြစ်ပေသည်။


 သူတို့မှတ်ရိုး … စစ်မက်ထိုးသော်

အားကြိုးတင်းတင်း … လူလူချင်းကို ဘယ်မင်းဖက်ပြိုင် … ဘယ်တပ်ဆိုင်အံ့ " သူ့နိုင်ငံသား … သံမှုန့်စားမှ " သူ့နိုင်ငံသား … သံမှုန့်စားမှ တို့ ဓါးတုံးမည် … မှတ်တော်တည်လော့ " လက်ဝဲသုန္ဓြရ ( ၁၀၈၅ - ၁၁၆၁ )