Pages

Tuesday, June 4, 2024

တိုင်းပြည်အနာဂါတ်အပေါ် အဆုံးစွန်ထိယုတ်ကန်းကြသူများ

++++++++++++++++++++++++++++++++++++++++

လက်နက်ကိုင် ဘူဇွာတွေ၊ စီးပွါးရေး ဘူဇွာတွေကတော့...မြန်မာပြည်ကြီး အဖတ်ဆည်မရအောင် အစွမ်းဆုံးအထိ ယုတ်ကန်းကြမယ့် အနေအထားပဲ။ တစ်ခါက ရေးခဲ့သလို၊ တိုင်းရင်းသား ခေါင်းဆောင်အမည် ခံတဲ့ လက်နက်ကိုင်တွေ ဟာ သူတို့ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း လက်တစ်ဆုပ်စာလူနည်းစုလောက်ကို၊ အနောက် နိုင်ငံက ကျောင်းတွေဖြစ်တဲ့ ဟားဗတ်စ်တို့ အောက်စ်ဖို့ဒ် တို့ကိုလွှတ်ပြီး ပညာသင်ကြားစေပေမယ့်၊ ဒေသခံ ကျောမွဲ တိုင်းရင်းသား လူတန်းစားတွေရဲ့ သားသမီးတွေကိုတော့ မြန်မာနိုင်ငံအတွင်းမှာ ပညာကောင်းကောင်း မသင်ကြားစေဘဲ၊ အရွယ်ရောက်တာနဲ့ သနတ်လွယ်ခိုင်းပြီး၊ ဆတ်ကြေးကောက်ခိုင်းတယ်၊ လူမျိုးရေး မုန်းတီးမှုရိုက်သွင်းပြီး  အရွယ်နဲ့ မှမျှတဲ့ အကြမ်းဖက်မှုတွေနဲ့ ယဉ်ပါးစေခဲ့တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ ရှင်းလို့မရနှိုင်လောက်တဲ့ အနေအထားထိ စွဲမြဲ အမြစ်တွယ်ခဲ့ပြီး၊ တိုင်းပြည်တိုးတက်မှု ဆုတ်ယုတ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းဖြစ်ခဲ့ရတယ်။ ယခုလက်ရှိလည်း၊ ၎င်းတို့ရဲ့ သသားသမီး လက်တစ်ဆုပ်စာ အနည်းငယ်ကိုသာ အနောက်တိုင်းမှာ ပို့လွှတ်ပညာသင်ကြားစေထားတဲ့ နိုင်ငံရေး အစွန်းရောက်တွေရဲ့ တော်လှန်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်တွင်းက မျိုးဆက်သစ် လူငယ်အများစုကို ပညာမသင်ကြားကြစေဖို့ ၊ ပြည်တွင်းနှိုက်လည်း၊ လူနည်းစုဖြစ်တဲ့ ဘူစွာ လူတန်းစားတွေသာ  တက်နှိုင်တဲ့ တန်ဘိုးကြီး ကိုယ်ပိုင်ကျောင်းတွေနဲ့ ပါတ်သက်၍၊ တစွန်းတစတောင် အထိအခိုက်မခံ၊ ရှုံချ ပစ်တင်မှုမခံကြရပေမယ့်၊ နိုင်ငံတော်က ဖွင့်တဲ့ အခမဲ့ ပညာရေးကျောင်းတွေကို မတက်ရောက်စေဖို့ ဖေါက်ခွဲ ဖျက်ဆီးရေးတွေ လုပ်နေတဲ့ အနေအထားဟာ၊ အဆင်ခြင်ဉာဏ်မဲ့ ထုံထိုင်း ရိုင်းစိုင်းတဲ့ အသုံးချခံ လူတန်းစားတစ်ရပ် နိင်ငံအနှံ မျိုးဆက်တစ်ခုအနေနဲ ပေါ်ထွက်လာရေး ရည်ရွယ်ချက်ထားတဲ့ အယုတ်ညံ့ဆုံး လုပ်ရပ်တစ်ခု ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရပြီး ကြွေလွင့်ခဲ့ရတဲ့ လူငယ်များရဲ့ ဆုံးရှုံးမှုအတွက်   မှတ်တမ်းပြုရေးသားထားလိုက်ပါတယ်။


အမိမြန်မာပြည် ငြိမ်းချမ်းပါစေ။ သူပုန်ဟူသမျှ ချုပ်ငြိမ်းပြီး၊ အမြောင်အမြင်ရှိသော၊ ရဲဝံ့ထက်မြက်သော အနာဂါတ်မျိုးဆက်သစ်များဖြင့် တရားမျှတလွတ်လပ်ခြင်းအပြည့်နဲ့ ရွှေခေတ်သို့ လှမ်းချီတက်နှိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။

အဓိပတိ သစၥာ

A Record from Terrorist Attack
++++++++++++++++++
The armed bourgeoisie, As for the economic bourgeoisie... It is a position where they will be best try to destroy the country endless. As I once wrote, The armed men, who claim to be ethnic leaders, only a handful of their families, relatives, and communities. Although he was sent to western schools such as Harvest and Oxford to study, The children of the local backward ethnic groups are not given a good education in Myanmar. As soon as he reached adulthood, they push and ask try to get black money, It instilled racial hatred and tamed it with age-appropriate violence. Therefore, ethnic armed conflicts within Myanmar have been rooted to the point where they cannot be resolved. It was the main reason why the country's progress declined. Similary, Political Extremist who they sent their children to study in the Western Education, under the pretext of the revolution of the political extremists, Buy they prevent that most of the young generation in this country would not be educated. Domestically, Regarding expensive private schools attended only by the minority. Not even the slightest touch, Although they were not condemned, This situation is to prevent the whole educated population and that they are destroying the free education schools opened by the state to , So that they will get big achivement for their basely political version. It is one of the most depraved actions aimed at the emergence of a nation-wide generation of an ignorant, lethargic, and exploited class. A record has been written about the loss of the young people who were displaced by violence.
May Myanmar have peace. All the rebels should be put to an end in this country. Visionary, I wish that the brave and talented future generations march forward into a golden age full of justice and freedom.

A Record from Terroist Attack

No comments:

Post a Comment