Tuesday, August 26, 2014
Sunday, August 3, 2014
Friday, July 4, 2014
Saturday, May 24, 2014
မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် - ၇
မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ်
ဥပမာပြ တရားတော်
>>>အပိုင်း
(၇)<<<<
۞ ရှေးဦစွာ ဘာလုပ်ရမယ်
********************
ဒါဖြင့် ဒကာ ဒကာမတို့ သုသိမကို ပြောသဖြင့် ခင်ဗျားတို့
မှတ်စရာကော သည်အထဲမှာ ပါပြီးလား…(ပါပါပြီဘုရား)။ ရှေးဦးစွာ ဘာလုပ်ရမှာလဲ ….( ဝိပဿနာ လုပ်ရမှာပါ ဘုရား)။
နောက်ဘာတုန်း….(မဂ်ဥာဏ်လာပါတယ် ဘုရား)။ ဝိပဿနာ ဥာဏ်တုန်းက
ဖြစ်ပျက် ရှုပေါ့ဗျာ။ မဂ်ဥာဏ်ကျတော့ ဒုက္ခ ပိုင်းခြားပေါ့ဗျာ…(မှန်ပါ)။ ဒါပဲ မနေဘူးလား….(နေပါတယ်
ဘုရား)။
အဲသည့်ဥာဏ် နှစ်ဥာဏ်တည်းနဲ့ နေရတယ်…(မှန်ပါ)။ ဦးဘကြည်
ဘာစခန်းမေးတုန်း…(သမာဓိစခန်း မေးပါတယ် ဘုရား)။ သမာဓိစခန်း မေးတော့၊ ဘုရား ပွင့်လာတိုကိုက
သမာဓိဖို့ ပွင့်လာတာ မဟုတ်ဘူး…(မှန်ပါ)။
۞ ပညာအတွက် ပွင့်လာတာ
**********************
ပညာအတွက် ပွင့်လာတာ….(မှန်ပါ)။ သဘောကျပြီလား….(သဘောကျပါပြီဘုရား)
ခင်ဗျားတို့ သမာဓိနဲ့ ပညာရည်ရွယ်ချက် မသိဘဲ
မှားနေမှာ စိုးလို့ ပြောတာ …..(မှန်ပါ)။
တော်တော်ကြာ ကျတော့ အာနာပါန လုပ်ငန်းမှာ သမာဓိစခန်းလောက်နဲ့လည်း
အချိန်ကုန်ရင် ကုန်သွားကြမယ်….(မှန်ပါ)။ သာသနာတွင်း မှာ သည်သမာဓိလောက် မလိုပါဘူး….ဝိပဿနာပဲ
လုပ်ပါ…..(မှန်ပါ)။
ဘုရားပွင့်လာတာဟာ သမာဓိကို အဓိကထားပြီး ပွင့်လာတာမဟုတ်ဘူး။
နိဗ္ဗာန်ရတာကလည်း သမာဓိ၏ အကျိုး မဟုတ်သေးဘူးတဲ့။ ဝိပဿနာ အကျိုးကြောင့်သာ နိဗ္ဗာန်ရတယ်…(မှန်ပါ)။
သမာဓိက ဝိပဿနာကို အကူအညီတော့ ပြုပါတယ်။ သမထသက်သက်ကြောင့်
မရဘူး။ ဝိပဿနာကြောင့် ရတယ်…(မှန်ပါ)။ သမာဓိ၏ အကျိုးမဟုတ်ပါဘူးတဲ့။ …နိဗ္ဗာန်က ရှင်းပြီလား…(ရှင်းပါပြီဘုရား)။
۞ သမာဓိက နောက်လိုက်အကူ
************************
ရှင်းတော့ ခင်ဗျားတို့ ထင်ရှားသွားတာပေါ့။ သမာဓိက နောက်လိုက်
အကူအပံ့ မဖြစ်ဘူးလား၊ ဖြစ်မှာလား…(ဖြစ်ပါတယ်ဘုရား)။ သီလကကော…(နောက်လိုက်ပါပဲ ဘုရား)။
ဟိုနှစ်ခု လုံလောက်တဲ့အခါ သူတို့က အလိုလို ပါနေတယ်…(မှန်ပါ)။ အလိုလိုပါတော့ နိဗ္ဗာန်မြင်တယ်လို့
ဆိုမှာလား….(ဝိပဿနာနဲ့ မဂ်ကြောင့် နိဗ္ဗာန် မြင်ပါတယ် ဘုရား)။
ဝိပဿနာနဲ့ မဂ်ကြောင့် နိဗ္ဗာန် မြင်တာမို့ ဘုရားက ပယ်ချတာကော ရိပ်မိပြီလား….(ရိပ်မိပါပြီ ဘုရား) နိဗ္ဗာန်ဟာ သမာဓိအကျိုး
လည်း မဟုတ် ဘူးတံ၊ ဘယ်သူ၏ အကျိုးတုန်းဆိုတော့ ဝိပဿနာ၏ အကျိုးဆက်….(မှန်ပါ)။
۞ ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာ
*****************************
ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်နိုင်တာတဲ့၊ သမထ သက်သက်ဖြင့်…..(မရောက်နိုင်ပါဘူး
ဘုရား)။ မရောက်နိုင်တော့တဲ့ သမထနဲ့ ဘာမှ မဆက်သွယ်ဘူး။ သူသွားမေးတာက ..ဟို ရဟန္တာတွေကို
သမထသွားပြီး မေးနေတယ်….(မှန်ပါ)။
ရဟန္တာတွေက ပညာဝိမုတ္တောတဲ့၊ ပညာနဲ့ နိဗ္ဗာန်ရောက်တာတဲ့…(မှန်ပါ)။
ပညာသက်သက်နဲ့ နိဗ္ဗာန်ရောက်တာကို၊ သူက သမထနဲ့ နိဗ္ဗာန်ရောက်သလားဆိုတဲ့ အဓိပ္ပါယ်သွားမေးတော့၊
ဘယ့်နှယ်လုပ်ပြီး ဦးခင်မောင် ဖြေမှာတုန်း….(မှန်ပါ)။ ကျေနပ်ကြပြီလား….ဒကာ ဒကာမတို့…(ကျေနပ်ပါပြီဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ ဘာလုပ်သင့်သလဲ ဆိုတာ ခင်ဗျားတို့ပဲ
ကြည့်…..(ဝိပဿနာ လုပ်သင့်ပါတယ် ဘုရား)။ အဲ ….ဝိပဿနာ လုပ်ရာ၌ သည်နေရာမှာ
နှစ်မျိုးပဲရှိတယ်၊ ရှေ့ပိုင်းက ၀ိပဿနာ၊ နောက်ပိုင်းက…..(မဂ်ဥာဏ်ပါဘုရား)။
۞ သည်ကိစ္စနှစ်မျိုးနဲ့ ကိစ္စပြီးတယ်
********************
မဂ်ဥာဏ်ဆိုတော့ နှစ်မျိုးနဲ့လည်း ကိစ္စမပြီးဘူးလား…(ပြီးပါတယ်
ဘုရား)။ အဲသည်နှစ်မျိုးပြီးလို့ရှိရင်၊ သည်သမာဓိကလည်း သူကနောက်လိုက်ဖြစ်သောကြောင့်
ဦးဘကြည်တို့ အလိုလို ဝင်လာတယ်…(မှန်လှပါ ဘုရား၊ { သဘောကျပြီလား }…..(သဘောကျပါပြီဘုရား)။
မင်းတို့လာခဲ့လို့ ဆိုရသေးသလား…(မဆိုရပါဘုရား) ဒါဖြင့်
ဒါတွေကတော့ သူ့ဟာသူဝင်လာတာ ဖြစ်တာကြောင့် တမင် ဆောက်တည်တာ မဟုတ်သောကြာင့်လည်း ပျက်စရာကော
ရှိသေးရဲ့လား….(မရှိပါဘုရား)။
အရှိလို့ဒါမှပဲ ကိစ္စပြီးမယ်ဆိုတာကော ယုံကြည်ပြီလား…(ယုံကြည်ပါပြီ
ဘုရား)။
ကဲ…ယနေ့ သည်တွင် တော်ကြဦးစို့။
သာဓု…….သာဓု………..သာဓု။
>>>ဗုဒ္ဓသာသနံ စိရံ တိဌတု၊ ဗုဒ္ဓသာသနံ စိရံ တိဌတု၊ ဗုဒ္ဓသာသနံ စိရံ တိဌတု။<<<
****ကမ္ဘာတည်သရွေ့
မြန်မာပြည် မြန်မာလူမျိုးနဲ့ ဗုဒ္ဓသာသနာ တည်ပါစေသော်****
အဓိပတိ (မြန်မာ)
မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် -၆
မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ်
ဥပမာပြ တရားတော်
>>>အပိုင်း
(၆)<<<<
۞ သုသိမ ရဟန္တာဖြစ်တယ်
********************
ဒီဥာဏ်နှစ်ဥာဏ် ရသွားတယ်။ ပထမတော့ သည်ဥာဏ်ပေါ့ဗျာ။ နောက်တော့
သည်ဥာဏ်မရာဘူးလား…(ရပါတယ်ဘုရား)။ မဂ်ဥာဏ်ရသွားတော့ ရဟန္တာ ဖြစ်တယ်… (မှန်ပါ)။
သုသိမဟာ သည်ဥာဏ်နဲ့ ရဟန္တာဖြစ်သွားတော့ စိတ်က ပြောင်းသွားတယ်။
တရားခိုးယူလိုစိတ်တွေ ဘာတွေဆိုတာ ရှိသေးရဲ့လား..(မရှိပါဘုရား)။
သည်တော့မှ ဘုရားက သုသိမ၊ မင်းဟာ အခု ဘယ်နှယ့်နေသတုံးဆိုတော့
“ ခိဏာသန္ဓေ ဝုသိတံ ဗြဟ္မစရိယံ ” ဆိုတာတွေ အဖြေရလာပြီပေါ့။
ပဋိသန္ဓေ နေမှုလည်း ကုန်ပါပြီ။ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်ဆိုတာလည်း
လုပ်စရာမရှိတော့ပါဘူး။ သည်တော့… ဘုရား သူ့ပြန်မေးတယ်။ အခု ကောင်းကင် ပျံနိုင်ရဲ့လားလို့မေးတာပဲ…ဘုရားက…(မှန်ပါ)။
မေးစရာပဲနော် ….(မှန်ပါ)။
သုသိမ ရဟန္တာဖြစ်တယ်
********************
ကဲကွာ ….မင်းကောင်းကင်ပျံနိုင်ရဲ့လား။
မြေလျှိုးနိုင်ရဲ့လား၊ ဒိဗ္ဓစက္ကု၊ ဒိဗ္ဗသောတ ကောရရဲ့လား။ သည်ပြင် တန်ခိုး ဏ္ဍဒ္ဓိပါဒါတွေကော
ဖန်ဆင်းနိုင်ရဲ့လား စသည်တွေ မေးတာပေါ့…(မှန်ပါ)။
မလုပ်နိုင်ဘူး ဖြေတာပဲ။ မလုပ်နိုင်တာ မင်းသိပြီလား ဆိုတော့…သိပါပြီဘုရားလို့
ဖြေတယ်။ ရှေ့က ဝိပဿနာဥာဏ် အားထုတ်တယ်။ နောက် မဂ်ဥာဏ်နဲ့ တပည့်တော် ကူးခဲ့တယ်။ ဒါကြောင့်
ကိစ္စပြီးသွားတယ်။
ပြီးတော့ ဆက်ပြီးမေးတယ်၊ ဇရာ မရဏဆိုတာ ဘယ်သူ့ ကြောင့်ဖြစ်တာတုန်း…စသည်နဲ့
ပဋိစ္စသမုပ္ပါဒ် နောက်ဆုတ်မေးတယ်…(မှန်ပါ)။
သင်္ခါရ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ အဝိဇ္ဇာကြောင့် ဖြစ်ပါတယ်။
အဝိဇ္ဇာ ဘယ်သူ့ကြောင့် ဖြစ်သတုန်း…စသည်နဲ့ မေးတော့၊ ပဋိစ္စသုမပ္ပါဒ် အကြောင်း အကျိုးသဘောကို
သူနားမလည်ဘူးလား….(နားလည်ပါပြီဘုရား)။
ကောင်းကောင်း နားလည်သွားတော့ သုသိမသည်ကားလို့ ဆိုရင်…သင်လို့တတ်တာလား၊
သည်ဥာဏ်တွေ ဝင်လာလို့ တတ်တာလား…(သည်ဥာဏ် တွေ ဝင်လာလို့ တတ်တာပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ရဟန္တာဟာ
ကိုယ်သိတဲ့ ဥစ္စာတော့ သိသွားပြီ။ သို့သော် စာမသင်ယူသေးရင် အခြား ဗဟုသုတတွေ မတတ်သေးဘူးလို့
မှတ်ထားရမယ်…..(မှန်လှပါဘုရား)။
ကိုယ်ဖြစ်တဲ့ လမ်းကတော့ ကိုယ်သိတယ်၊ သဘောကျပြီလား….(သဘောကျပါပြီဘုရား)
။
*****************************************************************
ရဟန္တာဖြစ်သွားလို့၊ ပိဋကတ် သုံးပုံဆောင်တော့ ဖြစ်လိမ့်မယ်လို့
အောင့်မေ့မနေနဲ့၊ အဲဒါက တခြား၊ သူ့ပါရမီနဲ့သူ ..{ ကိုထွန်းဦး } လာတာနော်..(မှန်ပါ)။
*******************************************************************
စင်စစ်ကတော့ဖြင့် သူတက်လာခဲ့တဲ့ လမ်းပဲ သူအကုန်သိတယ်…(မှန်ပါ)။
သို့သော် အာသဝေါကုန်တဲ့ နည်းလမ်းတွေ သူတို့မှာ အသိဥာဏ်ရှိတယ်။ မရှိပေဘူးလား….(ရှိပါတယ်ဘုရား)။
>>>>>>အပိုင်း(၇)
ဆက်ပါမည်<<<<<<
သတ္တဝါမှန်သရွေ့
တရားတွေ့ ချမ်းမြေ့ကြပါစေ…
အဓိပတိ (မြန်မာ)
Subscribe to:
Posts (Atom)






