ကျောသား၊ ရင်သား ဆိုသည်ဝယ်
+++++++++++++++++++++++
မင်းတုန်းမင်းလက်ထက်က သတိုးမင်းကြီးမဟာဘေဗြတ်ဇဘွဲခံ သူရဲဝန်ဦးရွှေလုံးဆိုတာရှိတယ် ၊ ကျောက်ဆည်နယ် မှာ သူခိုးဓားပြတွေ သောင်းကျန်းတော့ မင်းတုန်းမင်းတရားကြီးက ဦးလုံးကိုတာဝန်ပေးတယ် ၊ ဦးလုံးက မင်းတုန်းမင်းငယ်စဉ်က ရေနစ်တုန်းက ကယ်ခဲ့သူလဲဖြစ်သလို ၊ မြင်းကွန်းမြင်းခုန်တိုင် အရေးခင်းတုန်းကလဲ မားမားမတ်မတ် ရပ်တည်ခဲ့သူလဲ ဖြစ်တယ် ၊ သူရဲဝန်ဆိုတာ သေနတ်ကိုင်အစုကို ကွပ်ကဲရသူဖြစ်တယ် ဒီခေတ်လိုဆို အထူးတပ်ဖွဲ့တွေရဲ့ အကြီးအကဲဗိုလ်ချုပ်ကြီး ရာထူးမျိုးပဲ ...
ဦးလုံးဟာကျောက်ဆည်ကို ကွပ်ကဲဖို့ သွားရာမှာ ညနေပိုင်းရောက်သွားတယ် ၊ ရောက်ရောက်ခြင်းပဲ ခရမ်းသီးခိုးတဲ့ အမှုလာတိုင်တယ် ၊ ခိုးတဲ့သူကို ချက်ခြင်းဖော်ထုတ်ပြီး သေဒါဏ်ပေးလိုက်တယ် ၊ ဓါးပြတွေမိတယ် သတ်ပြီး ကားစင်တင်ပြထားတယ် ၊ တစ်လအတွင်း ကျောက်ဆည်တစ်နယ်လုံးငြိမ်သက်သွားပြီး ခြံစည်ရိုး တံခါးမလိုဘူး ဖြစ်သွားတယ် ၊ ဒါပေမဲ့ တိုင်စာတွေ တစ်ထပ်ကြီး မင်းတုန်းမင်းဆီရောက်နေပြီ ၊ မင်းတုန်းမင်းဆီအခစားဝင်တော့ မောင်လုံးမင်းကို ငြိမ်ဝပ်အောင် ခိုင်းတာ မင်းက အကုန်သတ်လာတယ် ဆိုတော့ ၊ မင်းကြီး သူခိုးဓါးပြအဆင့်ကပင် ငြိမ်ဝပ်ပိပြားအောင် ကွပ်ညှပ်နိုင်မှ ၊ မကွပ်ညှပ်နိုင်လျှင် သူပုန်သူကန်အဆင့်ထိတက်လာပြီး အရှင်မင်းကြီး၏ ရာဇပလ္လင်ပင် လုယူနိုင်ကြောင်းပါလို့လျှောက်တော့ ဘုရင်လဲ ငြိမ်သွားတယ် ...
တစ်ချိန်တည်းမှာ ယနေ့ အမြင့်မြို့စား မင်းကြီးသူမဟာမင်းခေါင် သမိန်ဘရမ်းခေါ် မင်းလက်ဝါး ဆိုတာရှိတယ် ၊ မင်းလက်ဝါးက သူရဲဝန်ဦးရွှေလုံးယောက်ဖအရင်းကြီး ၊ ဦးရွှေလုံးဆီ မိန်းမနဲ့ယောက္ခမကနှိမ်လို့ ပုသိမ်ကနေ ဦးရွှေလုံးဆီကို လာနေတာ ၊ သူ့အမရင်း ခင်ခင်ကြီးကို ဦးရွှေလုံးက ယူထားတာ ...
မင်းလက်ဝါးက ဦးရွှေလုံးလက်ထွက်ပီပီ အလုပ်လုပ်တာလဲပြတ်သားတယ် ၊ လူတစ်ယောက်ကို လက်ဝါးနဲ့တစ်ချက်တည်းနဲ့ စန့်စန့်ကြီးသေအောင်ရိုက်နိုင်တဲ့အတွက် မင်းလက်ဝါးလို့ အမည်တွင်တယ် ၊ အမြင့်ငါးမြို့စားရတယ် ၊ မင်းတုန်းမင်းရဲ့သားတော် ပန်းထိန်မင်းသားပုန်ကန်တော့ မင်းလက်ဝါးကိုတာဝန်ပေးတယ် ၊ မန်းလေးမြို့အထက် ဧရာဝတီမြစ်ရဲ့ ဘေးဝဲယာမြို့တွေနဲ့ အောက်မြစ်စဉ်၇ခရိုင်ကိုပါ နှိမ်နင်းဖို့ ဗိုလ်ချုပ်ရာထူးခန့်ပြီး နှိမ်နင်းခိုင်းတယ် ...
ပန်းထိမ်မင်းသားဘက်တော်သားထဲမှာ သူ့သားအရင်းကိုမိတယ် ၊ သူကိုယ်တိုင် ခုတ်သတ်ပစ်တယ် ၊ ဦးရွှေလုံးနဲ့ ယောက်ဖမင်းလက်ဝါးကြီးတို့ နှိပ်ကွပ်လိုက်တာ အကုန်ငြိမ်သွားတယ် ၊ ဦးရွှေလုံးနဲ့ မင်းလက်ဝါးကြီးတို့သာ ရွှေပြည်အေးတရားပတ်ဟောကြည့်ပါလား ဟိုကဖျင်တောင် ချသွားဦးမယ် 😂😂😂...
သီပေါမင်းလက်ထက်ရောက်တော့ မင်းလက်ဝါးနဲ့ သူ့ဦးလေး လှေသင်းအတွင်းဝန်ဦးရွှေမောင်တို့က မင်းလှခံတပ်ကနေ ခံချတယ် ၊ ဆုတ်ခွာပြီးပြန်စုတယ် ၊ ရွှေပြည်အေးတရားဟောတဲ့ ဘုန်းကြီးလူထွက်သီပေါဘုရင်က လက်နက်ချခိုင်းလို့ လက်နက်ချလိုက်ရတယ် ၊ အင်္ဂလိပ်လက်ထက်မှာ မန်းလေးမှာပဲ မင်းလက်ဝါးက သားမြေးမြစ်တွေနဲ့ နေတယ် ၊ အင်္ဂလိပ်က ရာထူး ငွေကြေးနဲ့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး ၊ နောက်တော့ သူအပိုင်စားဖူးတဲ့ အမြင့်မှာသ့ားနေရင်းသေတယ် ...
ရှင်ဘုရင်ထက် ပြတ်သားပြီး တိုင်းရေးပြည်ရေး ရှေ့ရေးကို မျှော်တွေးတတ်တဲ့ စစ်သူကြီးတွေ ဝန်ကြီးတွေရှိခဲ့တယ်ဆိုတာကိုပါ ...
မြန်မာတွေကမညံ့ခဲ့ပါဘူး ၊ ရှင်ဘုရင်နဲ့ မိဘုရားညံ့လို့သာကျွန်ဖြစ်ခဲ့တာ ...
သူပုန်သူကန်ကို ဦးရွှေလုံးလိုဦးနှိမ်ထားမှ တော်ကာကျတယ် ၊ မင်းတုန်းမင်းလို သာသနာပြုမှာလိုလို မိန်းမပဲထပ်ယူမှာလိုလို လုပ်နေရင် တိုင်းပြည်ပျက်မှာပေါ့ ၊ ဟို့နေက အမတ်ကြီးဗညားကျန်းတောလို လူတွေရှိလို့ ကောင်းမှုတော်ဘုရားကြီး အေးဆေးတည်နိုင်သလို ၊မင်းတုန်းမင်းလဲ ဦးရွှေလုံးလို လူတွေရှိလို့ ကုသိုလ်တော်လို ဘုရားကြီးတည်ပြီး ကျောက်စာတွေထိုးနိုင်ခဲ့တာ ...
Nay Saw Shwe

No comments:
Post a Comment