Pages

Tuesday, December 12, 2023

ဆီဇာ

++++ 

ရောမစစ်သူကြီး ဂျူးလီးယက်ဆီဇာကို ခင်ဗျားတို့ ကြားဖူးကြတယ်မဟုတ်လား။ ဂျူးလီးယက် ဆီဇာဟာ သူ့ရဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုကို ကြီးထွားစေဖို့ရယ်၊ ရောမ အင်ပာယာ သည့်ထက် ခိုင်ခံတည်မြဲစေဖို့အတွက် ဂေါ့သ် တွေရှိတဲ့ နယ်မြေကို အပြီးတိုင်သိမ်းဖို့ တပ်မ လေးခုနဲ့ စစ်ဆင်ရေးထွက်ခဲ့တာ၊ (၈) နှစ်ကြာခဲ့တယ်။ အဲ့သည့် စစ်ဆင်ရေးကို Gallic War လို့ သမိုင်းပညာရှင်တွေ မှတ်တမ်းတင်ထားကြတယ်။ စစ်ပွဲကို နိုင်အောင်တိုက်ပြီး၊ နယ်မြေတွေကို သိမ်းယူနှိုင်ခဲ့တဲ့အပြင်၊ ဂေါ့သ် လူမျိုးစုအကြီးအကဲကို အပြီးသတ်လက်နက်ချလာအောင် အညွန့်ချိုးနှိုင်ခဲ့တဲ့အတွက်၊ ရောမမြို့တော်နဲ့ ရောမသားတွေအကြားမှာ သိပ်ကို ဘုန်းကံကြီးမားသွားတယ်။သည်အခါ ရောမ ဧကရာဇ်ဖြစ်တဲ့ ပွန်ပီနဲ့ လွှတ်တော်အမတ် သူကောင်းမျိုးနွယ် နိုင်ငံရေးသြဇာကြီးမားသူတွေဟာ၊ စစ်ဘုရင်တစ်ပါးအဖြစ်နဲ့သာမက၊ ရောမ နိုင်ငံရေး သြဇာထိန်းချုပ်မှုအပေါ်မှာပါ သက်ရောက်လာမယ့် အင်အားကို တွက်ဆပြီး၊ ဂျူးလီးယက်ဆီဇာ အရှိန်အဝါလျော့ပါးသွားစေရေးအတွက် နိုင်ငံရေးအရ နည်းပေါင်းစုံ သုံးကြတော့တယ်။ ခင်ဗျားတို့ တိုင်းပြည်က လောက်ကိုင် အရေးအခင်းက ဖေ့ဘုတ်စ်တခွင်မှာ ပြဲပြဲစင်ခဲ့တဲ့ နေဝန်းနီ ပရိုဖိုင်းတွေနဲ့ ကာလကို အမှတ်ရတယ်ဆိုရင်၊ အဲ့သည့်အချိန်ကတည်းက၊ မြန်မာ့တပ်မတော်ရဲ့ သြဇာသက်ရောက်မှု ကြီးမားမှုကို ဖြိုချမှရမယ်ဆိုတဲ့ တွက်ကိန်းတစ်ခု တစ်ဘက်ရန်သူအတွက် ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်ဆိုတာကို ကြုံတုန်းပြန်အမှတ်ရနှိုင်ဖို့ ရေးလိုက်တယ်။ သည်လိုနဲ့. တပ်မ (၁၁) ခုလောက်အထိ အင်အားကြီးမားနေပြီ ဖြစ်တဲ့ ဆီဇာဟာလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ပွန်ပေရဲ့ ညွှန်ကြားချက်တွေအရဆိုရင်၊ တပ်တွေကို အနားပေးပြီး၊ သာမာန်ဘဝပေးနဲ့ ထိုင်နေရမယ့် အရေးသာဖြစ်တယ်ဆိုတာ တွေးမိတဲ့အတွက်၊ ရည်ရွယ်ချက်ကြီးမားပြီး၊ တိုင်းပြည်ရဲ့ ယန္တရားကို ပြောင်းလဲခြင်းတစ်ခုနဲ့ ဖေါ်ဆောင်မယ့် အရွေ့ကို အားထည့်ထားတဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းနှလုံးသားရှိတဲ့သူ ဖြစ်တဲ့အတွက်၊ တပ်တွေရှိမှ သည်တိုင်းပြည်ကို ပြောင်းလဲလို့ရမယ်လို့ ခံယူချက်ထားခဲ့တယ်။ စစ်ပွဲတွေလည်း ပြီး၊ ရန်သူကိုလည်း အောင်နိုင်၊ တိုင်းပြည်ကိုလည်း ငြိမ်းချမ်းသာယာစေခဲ့တဲ့ စစ်ခေါင်းဆောင် တစ်ဦးအနေနဲ့ သူ့တပ်တွေ တိုက်လိုခိုက်လိုစိတ် ကျဆင်းပြီး၊ တပ်ဖျက်လိုက်ရမှာကို မလိုလားခဲ့တဲ့အတွက်၊ နိုင်ငံရေးသမားတွေရဲ့ အကောက်ကြံမှုကို သိပေမယ့်၊ ချက်ခြင်းမတုန့်ပြန်ပဲ တပ်ကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ပြီး ရောမမြို့တော်သို့ ဦးမတည်ပဲ၊ စစ်သည်တွေရဲ့ တိုက်လိုခိုက်လိုစိတ်အရှိန်တက်လာမယ့် နေ့ကို စောင့်နေခဲ့တယ်။ သည်လိုနဲ့ တပ်မ (၁၁) ခုလောက်နဲ့ သြဇာကြီးမားလာတဲ့ ဆီဇာရဲ့ အရှိန်ကို လန့်ပြီး၊ လွှတ်တော်အမတ်တွေက တိုင်းပြည်သစ္စာဖေါက်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့ရာကနေ၊ ရေမြေခြားမှာ အသက်နဲ့ ခန္ဒာကို စတေးပြီးသည်လောက် စွန့်လွှတ်ထားပါရဲ့သားနဲ့၊ ကျည်လွတ်မြေမှာ အခွင့်ထူးခံစားပြီး၊ သြဇာတည်ဆောက်နေကြတဲ့ နိုင်ငံရေးသမားတွေကို သုတ်သင်ဖို့ရာမှ တပါ်းအခြားမရှိဆိုတဲ့ အချက်ကို ချပြပြီး၊ သူ့စစ်သည်တော်တွေရဲ့ အောင်စိတ်နိုးထလာတဲ့ တစ်ချိန်တည်းမှာပဲ အင်ပါယာကို ချဲ့ထွင်ပြီး၊ ပြောင်းလဲမှုကို စတင်ခဲ့တာ၊ ခင်ဗျားတို့ ယခုသိနေကြတဲ့၊ ဇူလိုင်လ ဆိုတာ၊ ဂျူးလီးယက်ဇီဇာ.သူ့ကိုယ်တိုင်ကို ဂုဏ်ပြုအမှတ်ရစေဖို့.ရောမလွှတ်တော်မှာ ပြန်တမ်းထုတ်ပြီး သတ်မှတ်ခဲ့တဲ့ နေ့ပါဆိုတာလေးကို အသိပေးရင်၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်းနဲ့ ပေါ်လာတဲ့ အောက်နိုင်လိုတဲ့ စိတ်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး တိုင်းပြည်ကောင်းစားရေးဆောင်ရွက်ခဲ့လေသော တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အကြောင်း ပြန်လည်မျှဝေရေးသားရင်း နိဂုံးချုပ်လိုက်တယ်။

No comments:

Post a Comment