မြက်ပင်ရိုင်းတို့ မလန်းစေချင်
xxxxxxxxxxxxxxxxxxxxxxxx
ဝှီး....ဝုန်း..ဝုန်း ဂျိန်း……
ကောင်းကင်တခွင်လုံး..တဟီးဟီး...တဟဲဟဲ..လေပြင်းတိုက်ခိုက်သံ..မိုးထစ်ချုန်းသံများ မြည်ဟီးပြီး..အုံ့ဆိုင်း မဲမှောင်နေသော မိုးသားတိမ်လိပ်များနဲ့အတူ...တဖျောက်ဖျောက်ရွာသွန်းနေသော..မိုးရေစက်တို့အောက်...ဝယ် အပူချိန် ၄၀ ဒီဂရီ ဖါရင်ဟိုက်မျှ မြင့်မားလှသော..မဟာပထဝီမြေကြီးသည်..ချက်ခြင်းကြီးဆိုသလို..စိုစွတ်ချမ်းမြပြီး.မိုးကိုမျှော်လင့်သော သစ်ပင်ပန်းပင်များ၏ တောင်းဆုကို ပြည့်ဝစေသည့်နှယ်..လောကတခွင်ကို စည်းချက်ညီစွာဖြင့် အလှဆင်လေသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း..အင်အားအလွန့်အလွန် ကောင်းလေခဲ့သော..မိုခါမုန်တိုင်း ၏ အရှိန်ဖြင့်..တရိပ်ရိပ်တက်လာသော..မိုးသားတိမ်လိပ်များ၏ အညှိုးဖြင့်..ရွာသွန်းဖြိုးနေသည့်မိုးမှာ..သုံးရက်မျှရှိပြီဖြစ်သည်။ ကိုရင်တို့ ဒေသလည်း အပူချိန်လျော့ကျပြီး..အအေးဓါတ်ဖြင့်..ငြိမ်းချမ်းစပြုပြီဖြစ်ပေမယ့်..မုန်တိုင်းဒါဏ် တိုက်ရိုက်ခံစားခဲ့ရလေသော..သွေးချင်းတို့ဌာနေ ရခိုင်ကမ်းမြောင်ဒေသအချေမှာ အပျက်အစီး ဆုံးရှုံးမှုများသည် အတော်ကြီး ထောက်ပံ့ကူညီ စောင့်ရှောက်မှု ပြုနှိုင်မှသာနလံ ထနှိုင်မည့် အနေအထားကို နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများက အချိန်နှင့် တစ်ပြေးညီ ရိုက်ကူးထုတ်လွှင့်နေသည်ကို..ကြားမြင်သိရှိနေရသည်များကလည်း စိတ်မချမ်းမြေ့ဖွယ်ရာ အနေအထားမို့…သဘာဝဘေး ပြေးမလွတ်နှိုင်ခဲ့လေသော..ကံအကြောင်းတရားများပါလို့ အတွေးဝင်ခဲ့မိလေတယ်။ ဒါတောင်..တိုင်းပြည်အုပ်ချုပ်သူ အကြီးအကဲများရဲ့ မုန်တိုင်းဝင်ရောက်နှိုင်ချေရှိကြောင်း…ပြည်တွင်းနှင့် ကမ္ဘာတလွှားမှ ပညာရှင်များ ၏ သတင်းစကားကို သိရှိရသည့်အချိန်မှစ၍ ၊ တိုက်ရိုက် စောင့်ကြပ်ကြည့်ရှု ကိုင်တွယ် ထိန်းသိမ်းညွှန်ကြားချက်ပြီး၊ အရေးပေါ် စီမံချက်များချမှတ်ကာ..သဘာဝဘေးအန္တရာယ်ကြုံတွေ့လာနှိုင်သည့်ဒေသမှ ပြည်သူများကို မဖြစ်မနေ ကြိုတင်ပြောင်းရွှေ့ စေနှိုင်ခဲ့ခြင်းသည်သာ နိုင်ငံအတွက် အဖိုးထိုက်တန်လှသော လူ့အသက်ပေါင်းများစွာအတွက်..အဖိတ်အစင်ဖြစ်စေခြင်းမှ အရှုံးထဲမှ ရုန်းထွက်စေနှိုင်ခဲ့လေသော မဟာကုသိုလ်တရားအဖြစ်..စေတနာကံရောင်ပြန်ဟပ်ခြင်း အကျိုးတရားပါလားလို့လည်း..တစ်ဘက်ကတွေးကာ ဖြေသိမ့်နှိုင်ခဲ့လေတယ်။
မကြုံစဖူး ထူးကဲလာတဲ့ နေ့အပူချိန် မြင့်တက်မှုနဲ့အတူ..ကိုရင်တို့အပါအဝင်..အများပြည်သူအားလုံး ခံစားနေကြရတဲ့..အပူချိန်ပြောင်းလဲခြင်း..လက္ခဏာများဖြစ်တဲ့ အပူဖုပေါက်ခြင်း..မိတ်ထွက်ခြင်း..စသည့် အပူနာ ရောဂါဝေဒနာများဟာ….မိရိုးဖလာရှေးရိုးရာစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ သက်ကြီးစကား သက်ငယ်ကြားဆိုသကဲ့သို့..ရွာတဲ့မိုးကို အဝချိုးပြီး..အပူကင်းစင်တဲ့..ခန္ဓာကိုယ်အဖြစ် ပြုပြင်ယူကြဖို့ အကြံရမိတာနဲ့…
”သမီးရေ..သမီး….မိုးရွာတာလည်း သုံးရက်ရှိပြီ…သမီး….မိုးရေလေးထွက်ချိုးလိုက်..ဖေဖေလည်း..မိုးရေချိုးရင်း....မြက်လေးဘာလေး..နည်းနည်းပါးပါး နှုတ်လိုက်အုံးမယ်... " ဆိုတော့..မိုးရွာထဲ ထွက်ချင်နေတဲ့ သမီးဖြစ်သူလည်း.
" ဟုတ်ကဲ့..ဖေဖေ....သမီး သည်အဝတ်အစားနဲ့ပဲ..မိုးရေချိုးမယ်..ပြီးမှ ရေချိုးခန်းထဲဝင်ပြီး..မိုးရေချိုးမယ် ...ဖေဖေ. " ဆို..သားအဖ နှစ်ယောက်သား..မိုးရေထဲ ထွက်ခဲ့ကြလေတယ်။
သည်လိုနဲ့ ကိုရင်လည်း..ခြံထဲ စိုက်ထားတဲ့ ကန်စွန်းပင်တွေကြားထဲ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ပေါင်းမြက်တွေ ရှင်းနေရင်း... အတွေးစိတ်ကူး တစ်ခု ပေါ်လာတာနဲ့..
“သမီးရေ....ပြောစရာရှိတယ်....ဖေဖေနဲ့အတူတူ..မြက်တွေ ကူနှုပ်ပါ" …ဆိုတော့...
သမီးဖြစ်သူလည်း..အနားရောက်လာပြီး...."သမီး မနှုပ်ချင်ဘူး..ဖေဖေ..ကျောင်းမှာလည်း..မြက်တွေ နှုပ်ရတာ..သမီးလက်ကို ဆူးတွေ စူးတယ်" ဆိုတာနဲ့..."သမီး မနှုပ်ချုင်တာ..ဖေဖေ သိတယ်..ဒါပေမယ့် ပြောစရာရှိလို့ ခေါ်တာ သမီး....အများကြီး နှုပ်စရာမလိုဘူး...တစ်ပင် နှစ်ပင်လောက်ပဲ နှုပ်..ပြီးရင် ..ခြံထဲ မှာ ဆက်ပြီး မိုးရေချိုးရင်း...သမီးခွေးလေးနဲ့ ဆက်ဆော့ပေ့ါ ".ဆိုတော့...အနားရောက်လာတယ်။
ဒါနဲ့.. " သမီး..ခု ဖေဖေ စိုက်ထားတဲ့ ကန်စွန်းပင်တွေ ကြားထဲမှာ..မြက်ပင်တွေ များနေတာ တွေ့ပြီ မဟုတ်လား" ဆိုတော့. ".ဟုတ်တယ် ဖေဖေ..မြက်တွေ သိပ်များနေတယ်...မုန်းဖို့ကောင်းတယ်..ခဏခဏ ဖေဖေ နှုပ်နေရတာ တွေ့တယ်" တဲ့...
..သည်တော့မှ ကိုရင်လည်း..."ဟုတ်တာပေ့ါ သမီး...တကယ်လို့ ဖေဖေသာ သည်မြက်တွေကို မနှုပ်ဘဲ ထားခဲ့ရင်..ဖေဖေ မျိုးစေ့ချ စိုက်ပျိုးခဲ့တဲ့...ကန်စွန်းပင်တွေ အကုန်လုံး ဟာ..မြက်ပင်တွေကြားထဲမှာ..ပျောက်ကွယ်သွားပြီး...ဘာမှ သုံးစားမရတဲ့..မြက်ခင်းကြီး လုံးလုံးဖြစ်သွားမှာပဲ..သမီး.....ဒါက ဘာကို ပြသလဲဆိုတော့...ဖေဖေတို့ လူဖြစ်လာရတဲ့ လူ့ဘဝ...လူဆိုတာ မိမိစိတ်ကို မိမိ အမြဲ ကောင်းတဲ့ဘက်ရောက်အောင် ပြုပြပင်နေဖို့လိုသလို..၊ နိုင်ငံတစ်ခုမှာ ဆိုရင်လည်း...မကောင်းတဲ့ အကျင့် အကြံဆိုးတွေ..အယူမှားအတွေးမှား..လုပ်ရပ်အမှား..တွေ ခေါင်းထောင်ပြီး ပြန့်ပွါးလာမှာကို တားဆီးနေဖို့လိုအပ်တယ်။ သတိမထားဘူး..မပြုပြင်ဘူး..လစ်လျူရှုထားမယ်ဆိုရင်...အခု ဖေဖေတို့ ကန်စွန်းခင်းကို မြက်တွေ ဖုန်းလွှမ်းဝါးမြိုထားသလို..လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှု၊ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းမွန်ရိုးဖြောင့်စွာ အကျိုးရှိရှိ ရှင်သန်နေမှုကို...ဖုံးလွှမ်းဖျက်ဆီးမှု ခံရနှိုင်တယ် သမီးရေ".ဆိုတော့... ဖေဖေ ပြောတာ သိပ်နားမလည်းဘူး" ဆိုလာတယ်။
သည်လိုနဲ့ပဲ..ကိုရင်လည်း..ကလေးနားလည်အောင်..ဆက်ရှင်းပြဖို့ တာဝန်ရှိလာတာနဲ့..."သည်လို သမီးရေ...သမီးကို ဖေဖေ ထမင်းအိုးတည်ခိုင်းတယ်...အိမ်အလုပ်တွေ ဝိုင်းကူခိုင်းတယ်..စာတွေ ဖတ်ခိုင်းတယ်..သင်တန်းတွေ တက်ခိုင်းတယ်။ အဲ့သည်လိုတွေ လုပ်ခိုင်းတော့ သမီး မပင်ပမ်းဘူးလား" ဆိုတော့ "ပင်ပမ်းတာ ပေ့ါ" တဲ့...။
"ဒါဆို..ဟုတ်ပြီ သမီး...တကယ်လို့..ဖေဖေက ..သမီးကို ဟိုး ငယ်ငယ်လေးတုန်းကလို..ပန်းခြံတွေ ကစားကွင်းတွေချည်း လိုက်ပို့မယ်။ ဘာစာမှ မလုပ်ခိုင်းဘဲ တီဗွီပဲ ကြည့်နေခိုင်းမယ်...မီးဖိုချောင်ကိစ္စ ဘာမှ မကူခိုင်းပဲ..ထမင်းပန်းကန်တောင် မဆေးခိုင်းဘဲ ငယ်ငယ်တုန်းကလို..သမီး စားချင်သမျှ တွေချည်းပဲ ချက်ကြွေးပြီး..ဆော့ပြီး ..စား..စားပြီး ဆော့ဆိုရင်..သမီး ပေါ့ပေ့ါပါးပါးနဲ့..သဘောကျမှာ မဟုတ်ဘူးလား" ဆိုတော့.."ဟုတ်တာပေ့ါ..သမီးက အဲ့သည်လိုမျိုးနေချင်တာ..အဲ့သည်လိုမျိုး အရမ်းကြိုက်တာ"ဆိုပဲ။
သည်တော့မှ ကိုရင်လည်း..." ဖေဖေ သမီးကို သိစေချင်တဲ့ အဓိက အချက်ဟာ အဲ့ဒါပဲ သမီး။ တကယ်တော့..ဖေဖေတို့ လူ့ဘဝဆိုတာ..ခု ဖေဖေစိုက်ထားတဲ့..မြေကွက်လပ်ထဲက အပင်တွေလိုပဲ။ စားလို့သောက်လို့ရတဲ့ အပင်ဖြစ်ဖို့..အကျိုးရှိပြီး..တန်ဘိုးရှိတဲ့ စားပင်လေးတွေ အဖြစ် ရှင်သန်ဖြစ်ထွန်းဖို့ဆိုရင်...ခုလို..သတိလက်လွတ် ပေါက်ချင်သလိုပေါက်..ဖြစ်ချင်သလိုဖြစ်ပါစေ ဆိုပြီး..သက်သက်သာသာ ပစ်ထားလို့ရပါ့မလား" ဆိုတော့ " ဘယ်ရပါ့မလဲ ဖေဖေ..မြက်တွေလည်း နှုပ်ရမယ်..ရေလည်း လောင်းရမယ်...မြေသြဇာလည်း ထည့်ရမယ်" တဲ့.....
ဒါနဲ့ ကိုရင်လည်း.."ဟုတ်တာပေ့ါ.တန်ဘိုးရှိတဲ့ အပင်လေးတစ်ပင်ဖြစ်လာဖို့....အဲ့သည့်လို ဂရုတစိုက် ပြုစု ပျိုးထောင်..စောင့်ရှောက် ထိန်းသိမ်းရတဲ့ အလုပ်က...ပေါက်ချင်သလိုပေါက်နေတဲ့ တန်ဘိုးမဲ့တဲ့ အလေ့ကျ အပင်ထက်ပိုပင်ပမ်းနှိုင်သလို..ပိုပြီးလည်း ခက်ခဲနှိုင်တယ်ဆိုတာ သမီးသိရင် ကျေနပ်ပြီ သမီး " ဆိုတော့....."ဖေဖေ ..ရှင်းပြတာ..နားလည်ပါပြီ "တဲ့.......
ဒါနဲ့ ကိုရင်လည်း..."ဒါဆို သမီး မိုးရေထဲ သွားဆော့လို့ရပြီ " ဆိုပြီး...ခွင့်ပြုလိုက်ရင်း ကလေးကို ရှင်းမပြလိုက်သေးတဲ့..အတွေးတစ်စကို ခပ်ရေးရေး ဆက်တွေးမိနေတာက.....
အဖွဲ့အစည်းတစ်ခု...နိုင်ငံတစ်ခု....ကုန်ကုန်ရေးရလျင် နောက်ဆုံး လူ့အသိုင်းအဝိုင်း တစ်ခုမှာ.......မိမိရှင်သာရာ အသိုက်အမြုံ..လူ့အသိုက်အဝန်း..အဖွဲ့အစည်းအတွင်း......တစ်ပင်စ..နှစ်ပင်စမှသည်..အမြဲအားကောင်းမောင်းသန် ဝါးမြိုလာချေနှိုင်သော...ပေါင်းပင်နှင့်တူသော...မြက်ရိုင်း...ဆူးရိုင်း...အဆိပ်ရိုင်းတို့ကို...အမြဲ နှိပ်ကွပ်....ရှင်းလင်း လက်ဦးမှုရယူ...သုတ်သင်..ခြင်းသည်သာလျှင်...တည်ငြိမ်သော၊ တရားမျှတသော...အေးငြိမ်းချမ်းသာသော.. လူ့အသိုက်အမြုံ...တစ်ခုအဖြစ်ရပ်တည်နှိုင်စေမည့်...ပဓာနကျလှသော လောကနိယာမ ပါလားဆိုတဲ့.....မိုးရေစက်တို့ တဖျောက်ဖျောက် အောက်မှ အတွေးတစ်ပေါက်အဖြစ်...
ဘဒ္ဒမြေလွှာ...ဤကမ္ဘာမှာ....
ရောင်ခြည်မိုးသောက်...အလင်းရောက်ဖို့....
ပင်ဆိုး..ပင်အောက်..ကြားမပေါက်ဖို့....
အစဉ်ရှုထောက်...သုတ်သင်ကောက်.....ကြပါစို့...ဆိုတာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်...
ကိုရင်ထွန်း (Nay Tun)
Literature Thoughts of Nay Tun
၂၉- ၅- ၂၀၂၃
++++++++++++++++++++++++++++++++++++++
Zawgyi
++++++++++++++++++++++++++++++++++++++
ျမက္ပင္ရိုင္းတို႕ မလန္းေစခ်င္
xxxxxxxxxxxxxxxxxxxxxxxx
ဝွီး....ဝုန္း..ဝုန္း ဂ်ိန္း……
ေကာင္းကင္တခြင္လုံး..တဟီးဟီး...တဟဲဟဲ..ေလျပင္းတိုက္ခိုက္သံ..မိုးထစ္ခ်ဳန္းသံမ်ား
ျမည္ဟီးၿပီး..အုံ႔ဆိုင္း မဲေမွာင္ေနေသာ
မိုးသားတိမ္လိပ္မ်ားနဲ႔အတူ...တေဖ်ာက္ေဖ်ာက္႐ြာသြန္းေနေသာ..မိုးေရစက္တို႔ေအာက္...ဝယ္
အပူခ်ိန္ ၄၀ ဒီဂရီ ဖါရင္ဟိုက္မွ် ျမင့္မားလွေသာ..မဟာပထဝီေျမႀကီးသည္..ခ်က္ျခင္းႀကီးဆိုသလို..စိုစြတ္ခ်မ္းျမၿပီး.မိုးကိုေမွ်ာ္လင့္ေသာ
သစ္ပင္ပန္းပင္မ်ား၏ ေတာင္းဆုကို ျပည့္ဝေစသည့္ႏွယ္..ေလာကတခြင္ကို စညး္ခ်က္ညီစြာျဖင့္ အလွဆင္ေလသည္။
ဘဂၤလားပင္လယ္ေအာ္အတြင္း..အင္အားအလြန္႕အလြန္ ေကာင္းေလခဲ့ေသာ..မိုခါမုန္တိုင္း ၏ အရွိန္ျဖင့္..တရိပ္ရိပ္တက္လာေသာ..မိုးသားတိမ္လိပ္မ်ား၏
အညွိုးျဖင့္..ရြာသြန္းျဖိုးေနသည့္မိုးမွာ..သံုးရက္မွ်ရွိျပီျဖစ္သည္။ ကိုရင္တို႕ ေဒသလည္း
အပူခ်ိန္ေလ်ာ့က်ျပီး..အေအးဓါတ္ျဖင့္..ျငိမ္းခ်မ္းစျပုျပီျဖစ္ေပမယ့္..မုန္တိုင္းဒါဏ္
တိုက္ရိုက္ခံစားခဲ့ရေလေသာ..ေသြးခ်င္းတို႕ဌာေန ရခိုင္ကမ္းေျမာင္ေဒသအေခ်မွာ အပ်က္အစီး
ဆံုးရႈံးမွုမ်ားသည္ အေတာ္ျကီး ေထာက္ပံ့ကူညီ ေစာင့္ေရွာက္မွု ျပဳနွိုင္မွသာနလံ ထနွိုင္မည့္
အေနအထားကို နိုင္ငံပိုင္ ရုပ္ျမင္သံျကား သတင္းဌာနမ်ားက အခ်ိန္နွင့္ တစ္ေျပးညီ ရိုက္ကူးထုတ္လႊင့္ေနသည္ကို..ျကားျမင္သိရွိေနရသည္မ်ားကလည္း
စိတ္မခ်မ္းေျမ့ဖြယ္ရာ အေနအထားမို႕…သဘာဝေဘး ေျပးမလြတ္ႏွိုင္ခဲ့ေလေသာ..ကံအေျကာင္းတရားမ်ားပါလို႕
အေတြးဝင္ခဲ့မိေလတယ္။ ဒါေတာင္..တိုင္းျပည္အုပ္ခ်ုပ္သူ
အျကီးအကဲမ်ားရဲ႕ မုန္တိုင္းဝင္ေရာက္နွိုင္ေခ်ရွိေျကာင္း…ျပည္တြင္းနွင့္ ကမၻာတလႊားမွ
ပညာရွင္မ်ား ၏ သတင္းစကားကို သိရွိရသည့္အခ်ိန္မွစ၍ ၊ တိုက္ရိုက္ ေစာင့္ျကပ္ျကည့္ရႈ ကိုင္တြယ္
ထိန္းသိမ္းညႊန္ျကားခ်က္ျပီး၊ အေရးေပၚ စီမံခ်က္မ်ားခ်မွတ္ကာ..သဘာဝေဘးအႏၱရာယ္ျကံဳေတြ႕လာနွိုင္သည့္ေဒသမွ
ျပည္သူမ်ားကို မျဖစ္မေန ျကိဳတင္ေျပာင္းေရႊ႕ ေစနွိုင္ခဲ့ျခင္းသည္သာ နိုင္ငံအတြက္ အဖိုးထိုက္တန္လွေသာ
လူ႕အသက္ေပါင္းမ်ားစြာအတြက္..အဖိတ္အစင္ျဖစ္ေစျခင္းမွ အရွဳံးထဲမွ ရုန္းထြက္ေစနွိုင္ခဲ့ေလေသာ
မဟာကုသိုလ္တရားအျဖစ္..ေစတနာကံေရာင္ျပန္ဟပ္ျခင္း အက်ိုးတရားပါလားလို႕လည္း..တစ္ဘက္ကေတြးကာ
ေျဖသိမ့္နွိုင္ခဲ့ေလတယ္။
မျကံဳစဖူး ထူးကဲလာတဲ့ ေန႕အပူခ်ိန္ ျမင့္တက္မွုနဲ႕အတူ..ကိုရင္တို႕အပါအဝင္..အမ်ားျပည္သူအားလံုး ခံစားေနျကရတဲ့..အပူခ်ိန္ေျပာင္းလဲျခင္း..လကၡဏာမ်ားျဖစ္တဲ့ အပူဖုေပါက္ျခင္း..မိတ္ထြက္ျခင္း..စသည့္ အပူနာ ေရာဂါေဝဒနာမ်ားဟာ….မိရိုးဖလာေရွးရိုးရာစဥ္ဆက္ လက္ဆင့္ကမ္းလာတဲ့ သက္ျကီးစကား သက္ငယ္ျကားဆိုသကဲ့သို႕..ရြာတဲ့မိုးကို အဝခ်ိုးျပီး..အပူကင္းစင္တဲ့..ခႏၶာကိုယ္အျဖစ္ ျပုျပင္ယူျကဖို႕ အျကံရမိတာနဲ႕…
”သမီးေရ..သမီး….မိုး႐ြာတာလည္း သုံးရက္ရွိၿပီ…သမီး….မိုးေရေလးထြက္ခ်ိဳးလိုက္..ေဖေဖလည္း..မိုးေရခ်ိဳးရင္း....ျမက္ေလးဘာေလး..နည္းနည္းပါးပါး ႏႈတ္လိုက္အုံးမယ္... " ဆိုေတာ့..မိုး႐ြာထဲ ထြက္ခ်င္ေနတဲ့ သမီးျဖစ္သူလည္း.
" ဟုတ္ကဲ့..ေဖေဖ....သမီး သည္အဝတ္အစားနဲ႔ပဲ..မိုးေရခ်ိဳးမယ္..ၿပီးမွ ေရခ်ိဳးခန္းထဲဝင္ၿပီး..မိုးေရခ်ိဳးမယ္ ...ေဖေဖ. " ဆို..သားအဖ ႏွစ္ေယာက္သား..မိုးေရထဲ ထြက္ခဲ့ၾကေလတယ္။
သည္လိုနဲ႔ ကိုရင္လည္း..ၿခံထဲ စိုက္ထားတဲ့ ကန္စြန္းပင္ေတြၾကားထဲ ထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ ေပါင္းျမက္ေတြ ရွင္းေနရင္း... အေတြးစိတ္ကူး တစ္ခု ေပၚလာတာနဲ႔..
“သမီးေရ....ေျပာစရာရွိတယ္....ေဖေဖနဲ႔အတူတူ..ျမက္ေတြ ကူႏႈပ္ပါ" …ဆိုေတာ့...
သမီးျဖစ္သူလည္း..အနားေရာက္လာၿပီး...."သမီး မႏႈပ္ခ်င္ဘူး..ေဖေဖ..ေက်ာင္းမွာလည္း..ျမက္ေတြ ႏႈပ္ရတာ..သမီးလက္ကို ဆူးေတြ စူးတယ္" ဆိုတာနဲ႔..."သမီး မႏႈပ္ခ်ဳင္တာ..ေဖေဖ သိတယ္..ဒါေပမယ့္ ေျပာစရာရွိလို႔ ေခၚတာ သမီး....အမ်ားႀကီး ႏႈပ္စရာမလိုဘူး...တစ္ပင္ ႏွစ္ပင္ေလာက္ပဲ ႏႈပ္..ၿပီးရင္ ..ၿခံထဲ မွာ ဆက္ၿပီး မိုးေရခ်ိဳးရင္း...သမီးေခြးေလးနဲ႔ ဆက္ေဆာ့ေပ့ါ ".ဆိုေတာ့...အနားေရာက္လာတယ္။
ဒါနဲ႔.. " သမီး..ခု ေဖေဖ စိုက္ထားတဲ့ ကန္စြန္းပင္ေတြ ၾကားထဲမွာ..ျမက္ပင္ေတြ မ်ားေနတာ ေတြ႕ၿပီ မဟုတ္လား" ဆိုေတာ့. ".ဟုတ္တယ္ ေဖေဖ..ျမက္ေတြ သိပ္မ်ားေနတယ္...မုန္းဖို႔ေကာင္းတယ္..ခဏခဏ ေဖေဖ ႏႈပ္ေနရတာ ေတြ႕တယ္" တဲ့...
..သည္ေတာ့မွ ကိုရင္လည္း..."ဟုတ္တာေပ့ါ သမီး...တကယ္လို႔ ေဖေဖသာ သည္ျမက္ေတြကို မႏႈပ္ဘဲ ထားခဲ့ရင္..ေဖေဖ မ်ိဳးေစ့ခ် စိုက္ပ်ိဳးခဲ့တဲ့...ကန္စြန္းပင္ေတြ အကုန္လုံး ဟာ..ျမက္ပင္ေတြၾကားထဲမွာ..ေပ်ာက္ကြယ္သြားၿပီး...ဘာမွ သုံးစားမရတဲ့..ျမက္ခင္းႀကီး လုံးလုံးျဖစ္သြားမွာပဲ..သမီး.....ဒါက ဘာကို ျပသလဲဆိုေတာ့...ေဖေဖတို႔ လူျဖစ္လာရတဲ့ လူ႔ဘဝ...လူဆိုတာ မိမိစိတ္ကို မိမိ အၿမဲ ေကာင္းတဲ့ဘက္ေရာက္ေအာင္ ျပဳျပပင္ေနဖို႔လိုသလို..၊ ႏိုင္ငံတစ္ခုမွာ ဆိုရင္လည္း...မေကာင္းတဲ့ အက်င့္ အႀကံဆိုးေတြ..အယူမွားအေတြးမွား..လုပ္ရပ္အမွား..ေတြ ေခါင္းေထာင္ၿပီး ျပန႔္ပြါးလာမွာကို တားဆီးေနဖို႔လိုအပ္တယ္။ သတိမထားဘူး..မျပဳျပင္ဘူး..လစ္လ်ဴရႈထားမယ္ဆိုရင္...အခု ေဖေဖတို႔ ကန္စြန္းခင္းကို ျမက္ေတြ ဖုန္းလႊမ္းဝါးၿမိဳထားသလို..လူတစ္ေယာက္ရဲ႕ ဘဝရပ္တည္မႈ၊ ႏိုင္ငံတစ္ခု၊ အဖြဲ႕အစည္းတစ္ခုရဲ႕ ေကာင္းမြန္႐ိုးေျဖာင့္စြာ အက်ိဳးရွိရွိ ရွင္သန္ေနမႈကို...ဖုံးလႊမ္းဖ်က္ဆီးမႈ ခံရႏႈိင္တယ္ သမီးေရ".ဆိုေတာ့... ေဖေဖ ေျပာတာ သိပ္နားမလည္းဘူး" ဆိုလာတယ္။
သည္လိုနဲ႔ပဲ..ကိုရင္လည္း..ကေလးနားလည္ေအာင္..ဆက္ရွင္းျပဖို႔ တာဝန္ရွိလာတာနဲ႔..."သည္လို သမီးေရ...သမီးကို ေဖေဖ ထမင္းအိုးတည္ခိုင္းတယ္...အိမ္အလုပ္ေတြ ဝိုင္းကူခိုင္းတယ္..စာေတြ ဖတ္ခိုင္းတယ္..သင္တန္းေတြ တက္ခိုင္းတယ္။ အဲ့သည္လိုေတြ လုပ္ခိုင္းေတာ့ သမီး မပင္ပမ္းဘူးလား" ဆိုေတာ့ "ပင္ပမ္းတာ ေပ့ါ" တဲ့...။
"ဒါဆို..ဟုတ္ၿပီ သမီး...တကယ္လို႔..ေဖေဖက ..သမီးကို ဟိုး ငယ္ငယ္ေလးတုန္းကလို..ပန္းၿခံေတြ ကစားကြင္းေတြခ်ည္း လိုက္ပို႔မယ္။ ဘာစာမွ မလုပ္ခိုင္းဘဲ တီဗြီပဲ ၾကည့္ေနခိုင္းမယ္...မီးဖိုေခ်ာင္ကိစၥ ဘာမွ မကူခိုင္းပဲ..ထမင္းပန္းကန္ေတာင္ မေဆးခိုင္းဘဲ ငယ္ငယ္တုန္းကလို..သမီး စားခ်င္သမွ် ေတြခ်ည္းပဲ ခ်က္ေႂကြးၿပီး..ေဆာ့ၿပီး ..စား..စားၿပီး ေဆာ့ဆိုရင္..သမီး ေပါ့ေပ့ါပါးပါးနဲ႔..သေဘာက်မွာ မဟုတ္ဘူးလား" ဆိုေတာ့.."ဟုတ္တာေပ့ါ..သမီးက အဲ့သည္လိုမ်ိဳးေနခ်င္တာ..အဲ့သည္လိုမ်ိဳး အရမ္းႀကိဳက္တာ"ဆိုပဲ။
သည္ေတာ့မွ ကိုရင္လည္း..." ေဖေဖ သမီးကို သိေစခ်င္တဲ့ အဓိက အခ်က္ဟာ အဲ့ဒါပဲ သမီး။ တကယ္ေတာ့..ေဖေဖတို႔ လူ႔ဘဝဆိုတာ..ခု ေဖေဖစိုက္ထားတဲ့..ေျမကြက္လပ္ထဲက အပင္ေတြလိုပဲ။ စားလို႔ေသာက္လို႔ရတဲ့ အပင္ျဖစ္ဖို႔..အက်ိဳးရွိၿပီး..တန္ဘိုးရွိတဲ့ စားပင္ေလးေတြ အျဖစ္ ရွင္သန္ျဖစ္ထြန္းဖို႔ဆိုရင္...ခုလို..သတိလက္လြတ္ ေပါက္ခ်င္သလိုေပါက္..ျဖစ္ခ်င္သလိုျဖစ္ပါေစ ဆိုၿပီး..သက္သက္သာသာ ပစ္ထားလို႔ရပါ့မလား" ဆိုေတာ့ " ဘယ္ရပါ့မလဲ ေဖေဖ..ျမက္ေတြလည္း ႏႈပ္ရမယ္..ေရလည္း ေလာင္းရမယ္...ေျမၾသဇာလည္း ထည့္ရမယ္" တဲ့.....
ဒါနဲ႔ ကိုရင္လည္း.."ဟုတ္တာေပ့ါ.တန္ဘိုးရွိတဲ့ အပင္ေလးတစ္ပင္ျဖစ္လာဖို႔....အဲ့သည့္လို ဂ႐ုတစိုက္ ျပဳစု ပ်ိဳးေထာင္..ေစာင့္ေရွာက္ ထိန္းသိမ္းရတဲ့ အလုပ္က...ေပါက္ခ်င္သလိုေပါက္ေနတဲ့ တန္ဘိုးမဲ့တဲ့ အေလ့က် အပင္ထက္ပိုပင္ပမ္းႏႈိင္သလို..ပိုၿပီးလည္း ခက္ခဲႏႈိင္တယ္ဆိုတာ သမီးသိရင္ ေက်နပ္ၿပီ သမီး " ဆိုေတာ့....."ေဖေဖ ..ရွင္းျပတာ..နားလည္ပါၿပီ "တဲ့.......
ဒါနဲ႔ ကိုရင္လည္း..."ဒါဆို သမီး မိုးေရထဲ သြားေဆာ့လို႔ရၿပီ " ဆိုၿပီး...ခြင့္ျပဳလိုက္ရင္း ကေလးကို ရွင္းမျပလိုက္ေသးတဲ့..အေတြးတစ္စကို ခပ္ေရးေရး ဆက္ေတြးမိေနတာက.....
အဖြဲ႕အစည္းတစ္ခု...ႏိုင္ငံတစ္ခု....ကုန္ကုန္ေရးရလ်င္ ေနာက္ဆုံး လူ႔အသိုင္းအဝိုင္း တစ္ခုမွာ.......မိမိရွင္သာရာ အသိုက္အၿမဳံ..လူ႔အသိုက္အဝန္း..အဖြဲ႕အစည္းအတြင္း......တစ္ပင္စ..ႏွစ္ပင္စမွသည္..အၿမဲအားေကာင္းေမာင္းသန္ ဝါးၿမိဳလာေခ်ႏႈိင္ေသာ...ေပါင္းပင္ႏွင့္တူေသာ...ျမက္႐ိုင္း...ဆူး႐ိုင္း...အဆိပ္႐ိုင္းတို႔ကို...အၿမဲ ႏွိပ္ကြပ္....ရွင္းလင္း လက္ဦးမႈရယူ...သုတ္သင္..ျခင္းသည္သာလွ်င္...တည္ၿငိမ္ေသာ၊ တရားမွ်တေသာ...ေအးၿငိမ္းခ်မ္းသာေသာ.. လူ႔အသိုက္အၿမဳံ...တစ္ခုအျဖစ္ရပ္တည္ႏႈိင္ေစမည့္...ပဓာနက်လွေသာ ေလာကနိယာမ ပါလားဆိုတဲ့.....မိုးေရစက္တို႔ တေဖ်ာက္ေဖ်ာက္ ေအာက္မွ အေတြးတစ္ေပါက္အျဖစ္...
ဘဒၵေျမလႊာ...ဤကမာၻမွာ....
ေရာင္ျခည္မိုးေသာက္...အလင္းေရာက္ဖို႔....
ပင္ဆိုး..ပင္ေအာက္..ၾကားမေပါက္ဖို႔....
အစဥ္ရႈေထာက္...သုတ္သင္ေကာက္.....ၾကပါစို႔...ဆိုတာေလးနဲ႔ နိဂုံးခ်ဳပ္လိုက္ပါတယ္...
ကိုရင္ထြန္း (Nay Tun)
Literature Thoughts of Nay Tun
၂၉- ၅- ၂၀၂၃
+++++++++++++++++++++++++++++++++++++++++++++
No comments:
Post a Comment