Pages

Thursday, May 22, 2014

မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် - ၁



မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် 
>>>အပိုင်း (၁)<<<<
++++++++++++++++++++++++++++++++++++++++++++
۞            ရာဇဂြိုဟ်ပြည်မှာ သတင်းသုံးတယ်
*******************************
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည်မှာ သတင်းသုံးနေတယ်၊ ထိုသို့ သတင်း သုံးနေတဲ့ အခါကျတော့ ဘုရားမပွင့်ခင်က ဘုရားလုပ်နေတဲ့ မိစ္ဆာဒိဌိတွေ တစ်ပုံကြီးပဲဆိုတာ ခင်ဗျားတို့ သိပြီးသား…..(မှန်ပါ)။

ဘုရားရှင် ပွင့်တော်မူလာတော့၊ ဘုရားက တရာဓမ္မတွေဟော၊ ဟုတ်တိုင်းမှန်စွာဟောတယ်၊ အားလုံး ဟုတ်တိုင်းမှန်စွာ သိကြတယ်၊ သောပန်၊ သက်ဒါဂါမ်၊ အနာဂါမ် တည်ကြတယ်။ အဲသည့်ပဂ္ဂိုလ်တွေကလည်း တစ်ခါ ဆက်ပြီး သကာလ တစ်ယောက်နဲ့ တစ်ယောက် ပြောကြလို့ ဘုရားဆီမှာပဲ ကိုးကွယ် ဆည်းကပ်ကြ၊ လှူကြ၊ တန်းကြဖြစ်ပြီးသကာလ နေကြတယ်။

ခုနင်က ပြောခဲ့တဲ့ မိစ္ဆာဒိဌိ ဘုရားအမည်ခံတွေမှာ လဘ်လာဘ ယုတ်လျော့မှုကြီးဖြစ်တယ်…(မှန်ပါ)။

۞            တိတ္ထိတွေ စည်းဝေးကြတယ်
***************************
ကြုံတဲ့အခါ တိတ္ထိတွေ အစည်းအဝေးဖွင့်တယ်။ ရဟန်းကြီး ဂေါတမ ပွင့်လာကတည်းက တို့မှာ စားရမဲ့၊ သောက်ရမဲ့၊ နေရမဲ့ ဖြစ်ပြီးသကာလ လာတာဟာ၊ သူ့မှာ မျိုးရိုးကြီးလို့ ချည်းလဲမဟုတ်ဘူး။
ပင်ကိုယ်က ချမ်းသာလို့လည်း မဟုတ်ဘူး။ သူ့အကောင်းကို ဒို့ တွေးလိုက်တဲ့ အခါကျရင်၊ သူဟာ တရားအဟောအပြော ကောင်းလို့သာလျင် ကြီးပွါးတာတဲ့ … (မှန်ပါ)။
သူတို့ တွေးချင်ရာ တွေးပေါ့ဗျာ…(မှန်ပါ့) တရားဓမ္မ အပြော အဟော ကောင်းလို့သာ သူ ကြီးပွါးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒို့အထဲကလည်း ဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တရားခိုးယူဖို့ သူလျှိုအဖြစ်နဲ့ လွှတ်ရအောင် ရှင် ဂေါတမ ဆီကိုတဲ့….(မှန်ပါ့)။


۞         သုသိမပရဗိုဇ်
****************
အဲဒီ့ သူလျှိုအဖြစ်နဲ့ လွှတ်တဲ့ ပုဂ္ဂိုလ်က ဟိုကတရားတွေ ရလာမယ်။ ရလာလို့ရှိရင် ဒို့ကို ပြန်ပြီးသင်၊ ဒို့ ဟောနေကျ တရားနဲ့ ရှင်ဂေါတမဆီက တရားနဲ့တွဲစပ်ပြီး ဟောမယ်တဲ့။

အကြံအစည်ကတော့ သေးတဲ့ အကြံမဟုတ်ဘူး…(မှန်ပါ)။ အဲသည်ကဲ့သို့ ကြံစည်ပြီးသကာလ၊ သုသိမဆိုတဲ့ ပရဗိုဇ်ရဟန်းကို ..( ဦးဘကြည် ) ..လွှတ်လိုက်တယ်။

အစည်းအဝေးဖွင့်ပြီးတော့ သုသိမ…တိတ္ထိတွေ အားလုံးပဲ လဘ်လာဘ နည်းပါးပြီး ငတ်ပွဲနဲ့ ကြုံနေရပြီ၊ ဒို့အထဲမှာလည်း မင်းဥာဏ်အကောင်းဆုံးပဲ။ အဲသည့်တော့ ဂေါတမဘုရားဆီသွားပြီး ဟောနည်း ပြောနည်းတွေ သင်ယူခဲ့ပါ မင်းပြန်လာတော့ ဒို့ကို တစ်ဆင့်သင်ပေးပါ။ ဒီတော့ ဒို့က ဒို့တရားလည်း ထည့်၊ ဂေါတမ ဘုရားထံကရလာတဲ့ တရားလည်း ထည့်ပြီး၊ ပြီးတော့မှ တရားချင်း ဘာထူးသေးလဲဆိုပြီး ဒို့ဟောလို့ရှိရင်၊ တရားတွင်ကျယ်လာပြီး လဘ်သပ္ပကာ ပေါဖို့ရာ အကြောင်းဖြစ်နိုင်မယ်။

သုသိမ.. သူကလည်း မိစ္ဆာဒိဌိကိုး၊ အားလုံး ဆင်းရဲဒုက္ခရောက်နေတယ် ဆိုရင်ဖြင့် အားလုံးသဘောတူပါက သွားပြီး သင်ယူမယ်ဆိုကြီးသကာလ စိတ်ကူးပေါ်လာတယ်။

အဲသည်တော့ သွားသင်မလို့ ဆုံးဖြတ်လိုက်တာနဲ့၊ သွားဖို့ သူ စိတ်ကူးတော့ ဘုရားဆီတော့ တိုက်ရိုက်ဝင်လို့မရဘူး၊ ပရိသတ်တွေ သိပ်ပေါနေတယ်။

>>>>>>အပိုင်း(၂) ဆက်ပါမည်<<<<<<
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ...
အဓိပတိ (မြန်မာ)

No comments:

Post a Comment