မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ်
ဥပမာပြ တရားတော်
>>>အပိုင်း
(၂)<<<<
۞အရှင် အာနန္ဒာဆီဝင်တယ်
********************
ဒီတော့ အရှင်သာရိပုတ္တရာဆီကို
အရင်ကပ်ရမှာလား၊ ရှင်မောဂ္ဂလန်ဆီကို အရင်ကပ်ရမှာလား၊ အမျိုးမျိုး စိတ်ကူးတော့ ဒါတွေ
မဟုတ်သေးပါဘူး၊ အရှင်အာနန္ဒာက ဘုရားနဲ့ အနီးကပ်ဆုံး၊ သူ့ဆီ ဝင်လိုက်ရရင် နေရာကျမယ် ဆိုပြီးသကာလ
သူ့ဆီဝင်ပြီး ရှင်အာနန္ဒာ.. အရှင်ဘုရားတို့ သာသနာ ကြည်ညိုလွန်းလို့ တပည့်တော် သင်္ကန်းဝတ်ပါရစေတဲ့…(မှန်ပါ)။
ဒီတော့ အာနန္ဒာလည်း
ဏ္ဍန္ဒြိယပရောပရိယတ္တိဥာဏ်ကလဲ မရ၊ အာသယာနုသယဥာဏ်ကလည်း မရတော့၊ အင်း..သူက နဂို က တတ္တိဂိုဏ်းမှာ
ခေါင်းဆောင်။ ဒို့ သာသနာတော်ကို ကြိုညိုလို့
သင်္ကန်းဝတ်ပါရစေ လာပြောတော့၊ ငါကလည်း သူ့အကြောင်း ကောင်းကောင်းသိတာ မဟုတ်ဘူး၊ ဒီတော့
သူ့ကို သည်လိုထားလို့တော့မရဘူး၊ ဘုရားဆီ ခေါ်သွားမှပဲ။
۞ဘုရားထံ ခေါ်သွားတယ်
********************
ဘုရားက ဝတ်ပေးလိုက်ပါဆိုရင်
သင်္ကန်းဝတ်ပေးမယ်၊ မဝတ်နဲ့ဆိုရင် မဝတ်ပေးဘူး ဆိုပြီး အရှင်အာနန္ဒာက <ဒကာ ဒကာမတို့
> သုသိမ ကို ဘုရားဆီ ခေါ်သွားတယ်… (မှန်ပါ)။
ဘုရားဆီ ရောက်သွားတော့
ဘုရားက ဥာဏ်တော်နဲ့ ဆင်ခြင်ကြည့်လိုက်တယ်။
ကြည့်လိုက်တဲ့အခါကျတော့ ဘုရားကို ကြည်ညိုတာလည်း မဟုတ်ဘူး၊ ဘုရား၏ တပည့် သာဝကတွေကို
ကြည်ညိုတာလားဆိုတော့လည်း…ဒါလည်း မဟုတ်ဘူး။
ဆက်ကြည့်ပြန်တော့၊
သြော်..သူတို့ အစည်းအဝေး ဖွင့်ပြီးသကာလ တရားခိုးမလို့
လာတာပါလား…(မှန်ပါ့)။ ပဉ္စမံ တပ်သားပေါ့ဗျာ။
အဲပဉ္စမံ တပ်သားလိုပေါ့။ တရားခိုးမလို့ လာတယ်ဆိုတာကို မြတ်စွာဘုရားက မြင်ရော …(မှန်ပါ)။
۞တရားခိုးရင်း ရဟန္တာဖြစ်လိမ့်မယ်
************************
ပြီးတော့
ဆက်တွေးပြန်တယ်၊ တရားတော့ ခိုးမှာပဲ။ တရားခိုးရင်း မတ္တနဲ့ ရဟန္တာဖြစ်လိမ့်မယ်။ ဒီလို
ဆက်တွေးလိုက်တော့ နောက်ဆုံးဘိတ် သုသိမ အကျိုးရှိမှာကို မြင်တောမူတယ်…(မှန်ပါ)။
ဒါနဲ့ ရှင်အာနန္ဒာ
သုသိမကို သင်္ကန်းဝတ်ပေးလိုက်လို့ ခွင့်ပြုလိုက်တယ်။ သုသိမကတော့ သူ့စိတ်ကူးနဲ့ သူ ကျေနပ်နေတာပေါ့။
ငါတော့နေရာကျပြီ တရားခိုးယူရတော့မှာပဲတဲ့….(မှန်လှပါဘုရား)။
۞ရှင်အာနန္ဒာသင်္ကန်းဝတ်ပေးလိုက်တယ်
*****************************
ဒါနဲ့ သူ့ကို
ရှင်အာနန္ဒာက သင်္ကန်းဝတ်ပေးလိုက်တယ်။ ဘုရားဆီမှာ ရောက်တဲ့ အချိန်ကစပြီး စုံစမ်းရေးပဲ
လုပ်နေတာပဲ။ ဒါပဲ သူ့အလုပ်ကတော့၊ သည့်ပြင် ဘာမှမရှိဘူး …( မှန်ပါ )။
ဒါနဲ့ တစ်နေ့သ၌ကျတော့၊
တောထဲမှာ သီတင်းသုံးတဲ့ ရဟန်းတွေက ဘုရားဆီလာကြတယ်။ သည်ပုဂ္ဂိုလ်တွေကတော့ တောကပြန်လာတဲ့
ပုဂ္ဂိုလ်တွေပဲ၊ စကားထူးတော့ လျှောက်ထားမှာပဲ။ အဲသည်တော့ သူတို့ လျှောက်ထားတဲ့ စကားထူးတော့
ငါချောင်းပြီး နားထောင်မှပဲဆိုပြီး သည်ကိုယ်တော်တွေနောက်ကနေ လိုက်သွားတာပဲ။
ကိုယ်တော်တွေကတော့
တောထဲသွားပြီး တရားအားထုတ်ရာက ပြန်လာတော့၊ ဘုရားကို လျှောက်ကြတယ်။
“ ခိဏာဇာတိဝုသိတံ ဗြဟ္မစရိယံ၊ ကတံကရဏီယံ နာပရံ ဏ္ဍတ္တတ္ထာ
ယာတိ ပဇာနာထိ “ …. လို့ လျှောက်ကြတယ်။
တပည့်တော်တို့
ဘုရား… ပဋိသန္ဓေကုန်ပါပြီ၊ နောက်ပဋိသန္ဓေ မရှိတော့ပါဘူး၊ ရဟန္တာဖြစ်ပြီလို့ ပြောလိုရင်းပေါ့…(မှန်ပါ့)။
ဝုသိတံဗြဟ္မ
စရိယံ ….. မဂ်ကိစ္စ တစ်ဆယ့် ခြောက်ချက်လည်း… တပည့်တော်တို့ နောက်ထပ် ကျင့်ဖို့ရာ မရှိတော့ပါဘူး ဘုရားတဲ့…
(မှန်ပါ့)။
နာပရံ ဏ္ဍတ္တတ္ထာယာတိ
ပဇာနာတိ- နောက်ထပ် ကမ္မဌာန်း ကျင့်စရာ မရှိတော့ဘူး ဆိုတော့ သုသိမက ကြားတယ်။
“ ခိဏာဇာတိဝုသိတံ ဗြဟ္မစရိယံ၊ ကတံကရဏီယံ “ ဆိုတဲ့
ဥစ္စာကို
ဘုရားက သည်ကိုယ်တော်တွေကျတော့၊ သာဓု…သာဓု လို့ခေါ်တယ်။
۞တရားခိုးဖို့ စောင့်နေတာ
********************
အင်း …အတော်အရေးကြီးတဲ့
တရားပဲ၊ ဒါဟာ သူတို့ လက်ဆုပ်ပဲ။ လက်ကိုင်ပဲ။ အိပ်ဆောင်ပဲ။ ဒါကို မှတ်မှပဲလို့ စိတ်ကူးတယ်။
သူက တရားခိုးဖို့ စောင့်နေတာကိုးဗျ… (မှန်ပါ့)။
တရားခိုးဖို့
စောင့်နေတော့ ခိဏာဇာတိ စသည်နဲ့ ရဟန်းတွေက လျှောက်ကြတော့ ဒါဟာ ဂေါတမဘုရား၏ လက်ဆုပ်လက်ကိုင်
အစစ်ပဲ၊ ဒါအကောင်းဆုံး၊ သို့သော်လည်း သူ့ အဓိပ္ပါယ်ကို မသိဘူး…(မှန်ပါ)။
အဓိပ္ပါယ်ကို
တိုက်ရိုက်မေးရမှာကလည်း ခက်တော့၊ ကိုယ်တော်တွေက ဘုရားဆီက ပြန်ပြီး ကိုယ့်နေရာကိုယ်
သွားကြတယ်ပေါ့ဗျာ။ ဇေတဝန်ကျောင်းမှာ နားကြသေးတာပေါ့….(မှန်လှပါ ဘုရား)။
အဲသည်မှာပဲ
ကိုယ်တော်တွေနောက်က သူကလိုက်သွားတယ်။ အရှင်ဘုရားတို့… ခိဏာ ဇာတိဝုသိတံ ဗြဟ္မစရိယံဆိုတာ
ရဟန္တာ ဖြစ်ပြီလို့ ပြောတာ မဟုတ်လား။ အေး….ဟုတ်တယ်လို့၊ ဟိုက ဖြေလိုက်တာပေါ့လေ…..(မှန်ပါ)။
>>>>>>အပိုင်း(၃)
ဆက်ပါမည်<<<<<<
သတ္တဝါမှန်သရွေ့
တရားတွေ့ ချမ်းမြေ့ကြပါစေ…
အဓိပတိ (မြန်မာ)

No comments:
Post a Comment