Pages

Saturday, May 24, 2014

မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် -၅

မိုးကုတ်ဆရာတော် ဘုရားကြိး၏ သုသိမ ပရဗိုဇ် ဥပမာပြ တရားတော် 
>>>အပိုင်း (၅)<<<<

۞ဝိပဿနာ အလုပ်စဉ်
*****************
ဘုရားက ဒါကိုပြောလိုက်တာပဲ….(မှန်ပါ)။ ဒကာ ဒကာမတွေ ခင်ဗျားတို့ အလုပ်စဉ် သဘောကျပြီလား.. (သဘောကျပါပြီဘုရား)။

ရှေ့က ဘာရင့်ကျက်အောင် လုပ်ရမလဲ..(ဝိပဿနာဥာဏ် ရင့်ကျက်အောင် လုပ်ရမှာပါဘုရား) ဝိပဿဥာဏ် ရင့်ကျပ်ရင် ဘာဖြစ်မယ်ထင်သတုန်း…(မဂ်ဖြစ်ပါတယ် ဘုရား)။

အဲဒါ…ပါဠိတော်က ပုဗ္ဗေခေါ သုသိမ ဓမ္မဌိတိဥာဏံ၊ ပစ္ဆာ နိဗ္ဗာန်ရလိုတဲ့ ပုဂ္ဂိုလ်မှာ၊ ရှေးဦးစွာ ဝိပဿနာဥာဏ်ရှေ့ထားကွ၊ နောက်ကျတော့ နိဗ္ဗာန်သိတဲ့ မဂ်ဥာဏ်လာတဲပဲ…(မှန်လှပါဘုရား)။

ကောင်းပြီ၊ ရှေ့ပိုင်းက ဘာဥာဏ်…..(ဝိပဿနာ ဥာဏ်ပါဘုရား)၊ နောက်ပိုင်းက…(မဂ်ဥာဏ်ပါ) ဒါပဲရှိတယ်ဆိုတော့ သူနားမလည်ဘူး။ တရားခိုးမယ့် ပုဂ္ဂိုလ်ကိုယ်တိုင် နားမလည်အောင် ဖြစ်နေတယ်…(မှန်ပါ)။

သည်လိုဖြစ်ပြီး အင်မတန် အကျပ်အတည်းတွေ့နေတော့၊သူတော်တော် ခက်နေတာပေါ့…(မှန်ပါ)။ သည်ပုဂ္ဂိုလ်ကလည်း တတ္ထိတွေထဲမှာ ဥာဏ်အကောင်းဆုံးပဲ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ သူ့ထက်ဥာဏ်ကောင်းတာ မရှိတော့ဘူး….(မှန်လှပါ ဘုရား)။

ကဲ …မင်းနားလည်ချင်လည်း လည်ကွာ…မလည်ချင်လည်းနေ၊ အဓိပ္ပါယ်တစ်မျိုးနဲ့ ဘုရားကလည်း အမိန့်ရှိတာပဲ…..(မှန်ပါ)။ ရှေးဦးစွာ ဝိပဿနာ အားထုတ်ရတယ်ကွ။ ဝိပဿနာဥာဏ် ရင့်ကျပ်လာရင် မဂ်ဥာဏ်ဖြစ်တာပဲ။ ဒါပဲ ရှိတယ်ဆိုပြီးပြောလိုက်တော့ သူ…ဒါမှတ်သားထားရတာ၊ { ဦးခင်မောင်ရဲ့ } ကျေနပ်တယ် မဟုတ်ဘူး…(မှန်ပါ)။

۞သုသိမ ခန္ဓာ ငါးပါးရှိတယ်
********************

ဒါနဲ့ သုသိမကို သည်လိုပြောလို့တော့ မရဘူးဆိုပြီး သူ့ကို ဝိပဿနာ အရှုခိုင်းမှပဲ တော်တော့မယ်ဆိုပြီး၊ သုသိမ..ခန္ဓာ ငါးပါးရှိတယ်ကွ၊ ခန္ဓာငါးပါးဆိုတာကတော့ ဘုရားဆီက ကြားလို့ သူသိနေပြီ …. (မှန်ပါ)။

ဘုရားက ရုပ်ဟာ အနိစ္စလား၊ နိစ္စလားလို့ စပြီး မေးလိုက်တယ်။ သူက ….အနိစ္စပါ ဘုရားလို့ ဖြေတယ်..(မှန်ပါ)။ အနိစ္စဖြစ်တဲ့ တရားဟာ ဒုက္ခလား၊ သုခလားလို့ မေးလိုက်တယ်…(ဒုက္ခလို ဖြေလိုက်ပါတယ် ဘုရား)။



۞အတ္တလား၊ အနတ္တလား
*******************
အနိစ္စ၊ ဒုက္ခ ဖြစ်တဲ့ တရားသည် အတ္တလား၊ အနတ္တလားလို့ မေးလိုက်ပြန်တယ်…(အနတ္တပါဘုရား)။

အဲသည်လိုဖြစ်တဲ့ အနတ္တတရားကို…ငါ့ကိုယ်၊ င့ါဥစ္စာလို့ ဆိုနိုင်ရဲ့လား လို့မေးလိုက်တယ်။ င့ါကိုယ့် ၊ ငါ့ဥစ္စာ မဆိုနိုင်ပါဘူးလို့ ဖြေတယ်။ ခန္ဓာငါးပါး လှည့်မေးလိုက်တယ်… (မှန်ပါ)။

ခန္ဓာငါးပါး လှည့်မေးရင်းနဲ့၊ သူက ခန္ဓာကို ဥာဏ်စိုက်သွားတယ်။ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်ကိုး…(မှန်ပါ)။ ခန္ဓာလည်း ဥာဏ်စိုက်၊ ဘုရားကလည်း မေး၊ သူက ခန္ဓာဥာဏ်စိုက်တော့၊ နောက်ဆုံး ပိတ် ဆယ့်နှစ်ခုလည်း ကုန်ပါရော ဆိုကြပါစို့။ သူဟာ မဂ်လေးတန် ရသွားပြီး ရဟန္တာဖြစ်တယ်… (မှန်ပါ)။

>>>>>>အပိုင်း(၆) ဆက်ပါမည်<<<<<<
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ…

အဓိပတိ (မြန်မာ)

No comments:

Post a Comment