💒 ဒို့မြေဌာနီ၊
ရှေးခါဆီဝယ်...
မထေရ်အပေါင်း
စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ၊
မိန့်အာဏာကို၊
ရပ်ရွာလူများ၊
လွန်လေးစားခဲ့။
💒 ခုများသို့နှယ်၊
မဟုတ်ကွယ်၍၊
နယ်ပယ်ပွားစီး၊
သားသမီးတို့ ၊
ဘုန်းကြီးကျောင်းတွင်၊
စာမသင်တော့၊၊
💒 ထို့ ပြင်တထွေ
ကလေးတွေက
ဒို့ မေဘာသာ၊
ဒို့ မေစာကို၊
သင်ရကောင်းမျှ
မထင်ကြဘဲ၊
ပြင်ကလာပေး၊
စာပထွေးကို၊
အလေးဂရု၊အရေးပြု၏၊၊
💒 ယခုလိုသာ
နှစ်ပေါင်းကြာလျှင်
မြန်မာပြည်ဖွား
တိုင်းရင်းသားတို့ ၊
ဘုရားကိုစွန့်၊
တရားစွန့် ၍၊
စွန့်လိမ့်မှန်စွာ၊
မြတ်သံဃာတည်း။
💒 ထိုခါလူများ၊
ကိုယ့်ကျင့်အားဖြင့်၊
တရားမပါ၊
အမှားစာကြောင့်၊
များစွာခုထက်၊
တိုး၍ပျက်လိမ့်၊၊
💒 သို့ တွက်များပြား
ဘုန်းဘုရားတို့ 
တရားကိုကျင့်၊
လုံအောင်ကျင့်၍
မလင့်စေရ
ကိုယ့်ဒေသ၌၊
သိပ္ပဝိဇ္ဇာ၊
ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင်၊
ပြသနိုင်မှ၊
ဘုန်းလှိုင်ဟောပြ ဩဝါဒကို
စိတ်ကကြည်ဖြူ ၊
လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း စိတ်လည်းကောင်းလိမ့်...
☸ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ☸
မဟုတ်ကွယ်၍၊
နယ်ပယ်ပွားစီး၊
သားသမီးတို့ ၊
ဘုန်းကြီးကျောင်းတွင်၊
စာမသင်တော့၊၊
💒 ထို့ ပြင်တထွေ
ကလေးတွေက
ဒို့ မေဘာသာ၊
ဒို့ မေစာကို၊
သင်ရကောင်းမျှ
မထင်ကြဘဲ၊
ပြင်ကလာပေး၊
စာပထွေးကို၊
အလေးဂရု၊အရေးပြု၏၊၊
💒 ယခုလိုသာ
နှစ်ပေါင်းကြာလျှင်
မြန်မာပြည်ဖွား
တိုင်းရင်းသားတို့ ၊
ဘုရားကိုစွန့်၊
တရားစွန့် ၍၊
စွန့်လိမ့်မှန်စွာ၊
မြတ်သံဃာတည်း။
💒 ထိုခါလူများ၊
ကိုယ့်ကျင့်အားဖြင့်၊
တရားမပါ၊
အမှားစာကြောင့်၊
များစွာခုထက်၊
တိုး၍ပျက်လိမ့်၊၊
💒 သို့ တွက်များပြား
ဘုန်းဘုရားတို့ 
တရားကိုကျင့်၊
လုံအောင်ကျင့်၍
မလင့်စေရ
ကိုယ့်ဒေသ၌၊
သိပ္ပဝိဇ္ဇာ၊
ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင်၊
ပြသနိုင်မှ၊
ဘုန်းလှိုင်ဟောပြ ဩဝါဒကို
စိတ်ကကြည်ဖြူ ၊
လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း စိတ်လည်းကောင်းလိမ့်...
☸ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ☸

No comments:
Post a Comment